ထိုနောက်ကာရာ၏သားယောဟနန်နှင့်လက် နက်မချခဲ့သည့်စစ်သူရဲတို့၏ခေါင်းဆောင် များသည် ဂေဒလိရှိရာမိဇပါမြို့သို့လာ၍၊-
သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့သည် မိမိတို့ကွဲလွင့်လျက်ရှိရာအရပ် တကာမှယုဒပြည်သို့ပြန်လာကြ၏။ သူ တို့သည်ဂေဒလိရှိရာမိဇပါမြို့သို့လာ ရောက်ကြပြီးလျှင် စပျစ်ရည်နှင့်သစ်သီး အမြောက်အမြားကိုသိမ်းယူကြလေသည်။
ဂေဒလိအား``အမ္မုန်ဘုရင်ဗာလိတ်သည်အရှင့် အားလုပ်ကြံရန်အတွက် နာသနိ၏သားဣရှ မေလကိုစေလွှတ်လိုက်ကြောင်းကိုအရှင်မ သိပါသလော'' ဟုမေး၏။ သို့ရာတွင်ဂေ ဒလိသည်ထိုစကားကိုမယုံကြည်ချေ။-
သို့ဖြစ်၍နာသနိ၏သားဣရှမေလ၊ ကာရာ ၏သားယောဟနန်နှင့်ယောနသန်၊ တာနုမက်၏ သားစရာယ၊ နေတောဖတ်မြို့သားဧဖဲ၏သား များ၊ မာခသိမြို့သားယေဇနိတို့သည် မိမိ တို့လူများနှင့်အတူဂေဒလိရှိရာမိဇပါ မြို့သို့လာရောက်ကြ၏။-
သတ္တမလ၌ဘုရင်ခံမင်း၏အရာရှိကြီး တစ်ဦးဖြစ်သူဧလိရှမာ၏မြေး၊ နာသနိ ၏သား၊ မင်းမျိုးမင်းနွယ်တစ်ဦးဖြစ်သူ ဣရှမေလသည်လူဆယ်ယောက်နှင့်အတူ ဂေဒလိအားတွေ့ဆုံရန် မိဇပါမြို့သို့လာ ၏။ သူတို့သည်အတူတကွမိဇပါမြို့တွင် စားသောက်လျက်နေကြစဉ်၊-
ထိုနောက်ကာရာ၏သားယောဟနန်နှင့် ဟောရှဲ၏သားအာဇရိတို့အပါအဝင် တပ်မှူးအပေါင်းတို့သည် အတန်းအစား အမျိုးမျိုးပါဝင်သည့်လူတို့နှင့်အတူ လာရောက်ကြပြီးလျှင်၊-