ယေရမိ 40:11Common Language Bibleဤအတောအတွင်း၌ဗာဗုလုန်ဘုရင်သည် ဣသရေလအမျိုးသားအချို့ကို ယုဒပြည် တွင်နေထိုင်ခွင့်ပြု၍ရှာဖန်၏မြေး၊ အဟိကံ ၏သားဂေဒလိကိုဘုရင်ခံအဖြစ်ခန့်ထား တော်မူကြောင်းမောဘပြည်၊ အမ္မုန်ပြည်၊ ဧဒုံ ပြည်နှင့်အခြားတိုင်းပြည်များရှိဟေဗြဲ အမျိုးသားအပေါင်းတို့ကြားသိကြလေ သည်။- အခန်းကိုကြည့်ပါ။ |
ထိုပြည်သူနှစ်ရပ်တို့သည်ပူးပေါင်း၍ အနောက်ဘက်ရှိဖိလိတ္တိအမျိုးသားတို့ အားတိုက်ခိုက်၍ အရှေ့ပြည်တွင်နေထိုင် ကြသူတို့၏ဥစ္စာပစ္စည်းများကိုလုယူကြ လိမ့်မည်။ သူတို့သည်ဧဒုံအမျိုးသားများ နှင့်မောဘအမျိုးသားတို့ကိုအနိုင်ရ၍ အမ္မုန်အမျိုးသားတို့အားလည်းမိမိတို့ ၏သြဇာခံဖြစ်စေကြလိမ့်မည်။-
သင်တို့၏ပြည်တွင်နေခွင့်ပြုကြပါ။ ငါတို့ ကိုသုတ်သင်ဖျက်ဆီးလိုသူတို့၏ဘေးမှ ကာကွယ်စောင့်ရှောက်ကြပါ'' ဟုမောဘ ပြည်သူတို့ပြောကြားကြ၏။ (ဖိနှိပ်ချုပ်ချယ်မှုနှင့်သုတ်သင်ဖျက်ဆီးမှု တို့သည်ပပျောက်၍သွားလိမ့်မည်။ တိုင်းပြည် ကိုပျက်ပြုန်းစေသောသူတို့သည်လည်းရှိ ကြတော့မည်မဟုတ်။-
ငါသည်ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ထိတ် လန့်တုန်လှုပ်သွားလောက်အောင် ဆိုးရွားသည့် ဘေးအန္တရာယ်ကိုသူတို့အပေါ်သို့သက် ရောက်စေမည်။ သူတို့အားလူတို့သည်ပြက် ရယ်ပြုကြလိမ့်မည်။ သူတို့၏အကြောင်း ကိုပြက်လုံးထုတ်လျက်သရော်ပြောဆို ကြလိမ့်မည်။ သူတို့အားငါကွဲလွင့်စေ သည့်အရပ်မှန်သမျှတို့၌လည်း သူတို့ ၏အမည်နာမကိုကျိန်ဆဲရာတွင် အသုံးပြုကြလိမ့်မည်။-
ထိုနောက်ဣရှမေလသည် ဂေဒလိ၏စောင့် ရှောက်မှုကိုခံယူစေရန် တပ်မှူးနေဗုဇာရဒန် အပ်နှံထားသည့်ဘုရင့်သမီးတော်များနှင့် မိဇပါမြို့တွင်ကျန်ရှိနေသေးသူအပေါင်း တို့အားဖမ်းဆီးချုပ်နှောင်ပြီးလျှင် သုံ့ပန်း များအဖြစ်ဖြင့်အမ္မုန်ပြည်ရှိရာသို့ခေါ် ဆောင်သွားလေသည်။
သင်တို့အနက်သုံးပုံတစ်ပုံသောလူတို့ မြို့တွင်း၌အနာရောဂါဘေး၊ ငတ်မွတ်ခြင်း ဘေးတို့ဖြင့်သေကြလိမ့်မည်။ အခြားသုံး ပုံတစ်ပုံမှာမြို့ပြင်၌ဋ္ဌားဘေးသင့်၍သေ ကြလိမ့်မည်။ ကျန်သုံးပုံတစ်ပုံကိုမူလေ တွင်လွင့်စင်သွားစေလျက်ငါသည်ဋ္ဌားဖြင့် လိုက်လံတိုက်ခိုက်မည်။
နောက်တစ်လခန့်ကြာသောအခါ အမ္မုန်ဘုရင် နာဟတ်သည်စစ်သည်အလုံးအရင်းနှင့်ဂိလဒ် ပြည်ယာဗက်မြို့သို့ချီတက်လာ၏။ သူတို့သည် မြို့ကိုဝိုင်းရံထားသဖြင့် ယာဗက်မြို့သားတို့ ကနာဟတ်အား``အကျွန်ုပ်တို့နှင့်မဟာမိတ် စာချုပ်ချုပ်ဆိုပါက အကျွန်ုပ်တို့သည်အရှင် ၏သစ္စာတော်ကိုခံယူပါမည်'' ဟုလျှောက် ထားကြ၏။