ယေရမိ 4:4Common Language Bibleသင်တို့၏ထာဝရဘုရားတည်းဟူသောငါ နှင့်သင်တို့ပြုသည့်ပဋိညာဉ်ကိုစောင့်ကြလော့။ အချင်းယုဒပြည်သားများနှင့်ယေရုရှလင် မြို့သားတို့၊ ငါ့အားသင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသို့မပြုပါမူသင်တို့ကူးလွန်ခဲ့ သည့်ဒုစရိုက်များကြောင့် ငါ၏အမျက်တော် သည်မီးကဲ့သို့တောက်လောင်လိမ့်မည်။ ယင်းကို ငြိမ်းသတ်မည့်သူလည်းတစ်စုံတစ်ယောက် မျှရှိလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ရှေးမဆွကပင်အာရှုရိဘုရင်ကိုမီးသင်္ဂြိုဟ် ရန် လောင်တိုက်ကိုပြင်ဆင်၍ထားခဲ့၏။ ထိုလောင် တိုက်သည်အစောက်နက်၍ကျယ်ဝန်း၏။ ထို အရပ်တွင်မြင့်မားသောထင်းပုံကြီးတစ် ခုလည်းရှိ၏။ ထာဝရဘုရားသည်ခံတွင်း တော်မှမီးလျှံကိုမှုတ်ထုတ်တော်မူ၍ ထို ထင်းပုံကိုမီးစွဲလောင်စေတော်မူလိမ့်မည်။
ယခုအခါ၌ပင်လျှင်သင်တို့၏ပြည်သည် ယိုယွင်းပျက်စီးကာလူသူဆိတ်ညံလျက် ရှိ၏။ ထာဝရဘုရားသည်သင်တို့၏ယုတ် မာဆိုးညစ်သည့်အကျင့်များကိုသည်းခံ တော်မမူနိုင်သဖြင့် ထိုပြည်သည်လူတို့ ရှေ့၌စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍နေလေပြီ။ လူတို့သည်လည်းထိုပြည်၏အမည်နာမ ကိုကျိန်စာအဖြစ်အသုံးပြုကြလေပြီ။-
ထာဝရဘုရားက``အီဂျစ်ပြည်သားများ၊ ယုဒ ပြည်သားများ၊ ဧဒုံပြည်သားများ၊ အမ္မုန်ပြည် သားများ၊ မောဘပြည်သားများနှင့်သဲကန္တာရ တွင်နေထိုင်ကာ ဆံပင်တိုထားသောလူမျိုး အားငါအပြစ်ဒဏ်ခတ်မည့်နေ့ရက်ကာလ ကျရောက်လာတော့မည်။ ထိုသူအပေါင်းတို့ သည်ပဋိညာဉ်သေတ္တာတော်၏သင်္ကေတဖြစ် သည့်အရေဖျားလှီးမင်္ဂလာကိုခံသော်လည်း ငါ၏ပဋိညာဉ်တော်ကိုမစောင့်ထိန်းကြ။ ထို သူအပေါင်းနှင့်ဣသရေလပြည်သားတို့ သည်ငါ၏ပဋိညာဉ်ကိုမစောင့်ထိန်းကြ'' ဟုမိန့်တော်မူ၏။
ဆီဥနှင့်သွေးကိုငါ့အားပူဇော်ချိန်၌သူ တို့သည်အရေဖျားလှီးမင်္ဂလာမခံသူ လူမျိုးခြားများ၊ ငါ၏စကားကိုနားမ ထောင်သူများအားဗိမာန်တော်ထဲသို့ဝင် ခွင့်ပြုလျက်ငါ၏ဗိမာန်တော်ကိုညစ်ညမ်း စေကြ၏။ သို့ဖြစ်၍ငါ၏လူမျိုးတော် သည်မိမိတို့၏စက်ဆုပ်ဖွယ်ရာအကျင့် များအားဖြင့်ငါ၏ပဋိညာဉ်တော်ကို ချိုးဖောက်ကြလေပြီ။-
သူတို့သည်သစ်ခက်ကိုနှာခေါင်းတွင်ကပ်လျက် ငါ့အားစော်ကားကြပုံကိုကြည့်လော့။ ငါ၏အမျက်ဒဏ်ကိုသူတို့သည်အပြည့်အဝခံရကြလိမ့်မည်။ ငါသည်သူတို့အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မဟုတ်။ သူတို့သည်ငါ့ထံသို့အစွမ်းကုန်အော်ဟစ်၍ဆုတောင်းပတ္ထနာပြုကြမည်ဖြစ်သော်လည်း ငါသည်နားညောင်းလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။