Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 4:13

Common Language Bible

ကြည့်​ရှု​ကြ​လော့။ ရန်​သူ​သည်​မိုး​တိမ်​သ​ဖွယ် လာ​လိမ့်​မည်။ သူ​၏​စစ်​ရ​ထား​များ​သည်​လေ​ပွေ နှင့်​တူ​၍ သူ​၏​မြင်း​တို့​သည်​လင်း​ယုန်​ငှက်​များ ထက်​လျင်​မြန်​ကြ​၏။ ငါ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ လေ​ပြီ။ ငါ​တို့​သည်​အ​မ​င်္ဂ​လာ​ရှိ​ပါ​သည် တ​ကား။-

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

``အံ့​သြ​နှစ်​သက်​ဖွယ်​ကောင်း​သော​ရှော​လု​နှင့် ယော​န​သန်​တို့​သည်​ရှင်​အ​တူ​သေ​မ​ကွဲ လင်း​ယုန်​ငှက်​ထက်​လျင်​မြန်​၍​ခြင်္သေ့​ထက် ခွန်​အား​ကြီး​ကြ​ပါ​သည်​တ​ကား။

သူ​တို့​သည်​ကမ္ဘာ​အ​စွန်​အ​ဖျား​ရှိ​ရပ်​ဝေး နိုင်​ငံ​များ​မှ လာ​ရောက်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် လက်​နက်​ဖြင့် နိုင်​ငံ​တစ်​ခု​လုံး​ကို​သုတ်​သင် ဖျက်​ဆီး​ပစ်​ရန်​ကြွ​လာ​တော်​မူ​ပေ​အံ့။

ဤ​ဗျာ​ဒိတ်​တော်​သည်​အီ​ဂျစ်​ပြည်​နှင့် သက် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​ကို​စီး​၍ အီ​ဂျစ် ပြည်​သို့​လျင်​မြန်​စွာ​ကြွ​လာ​တော်​မူ​လေ​ပြီ။ အီ​ဂျစ်​ပြည်​ရှိ​ရုပ်​တု​ဆင်း​တု​များ​သည် ကိုယ် တော်​၏​ရှေ့​တော်​၌​ကြောက်​လန့်​တုန်​လှုပ်​ကြ ကုန်​၏။ အီ​ဂျစ်​ပြည်​သူ​တို့​သည်​လည်း​သူ​ရဲ ဘော​ကြောင်​၍​သွား​ကုန်​၏။-

ယေ​ရု​ရှ​လင်​မြို့​သည်​အ​မင်္ဂ​လာ​ရှိ​ပါ​သည် တ​ကား။ ယု​ဒ​ပြည်​လည်း​ပြို​ပျက်​လျက်​နေ လေ​ပြီ။ သူ​တို့​ပြု​သ​မျှ​သော​အ​မှု​များ​နှင့် ပြော​သ​မျှ​သော​စ​ကား​များ​သည် ထာ​ဝ​ရ ဘု​ရား​နှင့်​ဆန့်​ကျင်​ဘက်​သာ​လျှင်​ဖြစ်​၍ နေ​၏။ သူ​တို့​သည်​ဘု​ရား​သ​ခင်​ကိုယ်​တော် တိုင်​ကို​လူ​သိ​ရှင်​ကြား​စော်​ကား​ကြ​၏။-

သူ​တို့​၏​မြား​များ​သည်​ထက်​လျက်၊ လေး​တို့ သည်​လည်း​တင်​ရန်​အ​သင့်​ရှိ​ကြ​၏။ သူ​တို့ ၏​မြင်း​ခွာ​များ​သည်​မီး​ခတ်​ကျောက်​ကဲ့​သို့ မာ​၍​ရ​ထား​ဘီး​များ​သည်​လည်း​လေ​ဗွေ ကဲ့​သို့​လျင်​မြန်​စွာ​လည်​ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​မီး​လျှံ​ကို​စီး​၍​ကြွ လာ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ အ​မျက်​ထွက်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ် ရန်​လေ​ဗွေ​ရ​ထား​ကို​စီး​၍​ကြွ​လာ​တော် မူ​လိမ့်​မည်။-

ယေ​ရု​ရှ​လင်​မြို့​သား​တို့​က``ငါ​တို့​သည် ပြင်း​ပြ​စွာ ဝေ​ဒ​နာ​ခံ​ရ​ကြ​ပါ​ပြီ။ ငါ​တို့​၏​အ​နာ​များ​သည်​ပျောက်​လိမ့်​မည် မ​ဟုတ်​ပါ။ သို့​ရာ​တွင်​ဝေ​ဒ​နာ​ကို​ခံ​နိုင်​လိမ့်​မည်​ဟု ငါ​တို့​ထင်​မှတ်​ခဲ့​ကြ​ပါ​သည်​တ​ကား။

ထာ​ဝ​ရ​ဘု​ရား​၏​အမိန့်​တော်​အ​ရ​တိုက်​ခတ် သည့်​လေ​သည် ထို​ထက်​များ​စွာ​ပို​မို​ပြင်း​ထန် ပေ​လိမ့်​မည်။ ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ပေါ် သို့ ယ​ခု​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​သည့်​အ​ရှင် ကား ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင်​ဖြစ် သ​တည်း။

သား​ဖွား​ဝေ​ဒ​နာ​ခံ​ရ​သော​အ​မျိုး​သ​မီး ၏​အ​သံ၊ သား​ဦး​ကို​ဖွား​မြင်​သည့်​အ​မျိုး​သ​မီး​ဟစ် အော်​သံ​နှင့် တူ​သည့်​အ​သံ​တစ်​ခု​ကို​ငါ​ကြား​၏။ ထို​အ​သံ​မှာ​မော​ဟိုက်​၍​လက်​တုန်​နေ​သော ယေ​ရု​ရှ​လင်​မြို့​၏​အ​သံ​ပင်​ဖြစ်​ပေ​သည်။ သူ​က``ငါ​သည်​အ​မင်္ဂ​လာ​ရှိ​၏။ သူ​တို့​သည် ငါ့​အား​သတ်​ရန်​လာ​ကြ​လေ​ပြီ​ဆို​၏။''

အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရင်​ဖြစ်​တော်​မူ​၏။ ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ပေ​တည်း။ တာ​ဗော်​တောင်​ထိပ်​သည်​တောင်​တ​ကာ​တို့ ထက် မြင့်​သ​ကဲ့​သို့​လည်း​ကောင်း၊ က​ရ​မေ​လ​တောင်​ထိပ်​သည်​လည်း၊ပင်​လယ် အ​နီး​တွင် မြင့်​မား​စွာ​တည်​ရှိ​သကဲ့​သို့​လည်း​ကောင်း၊ သင်​တို့​တိုက်​ခိုက်​မည့်​သူ​သည်​ခွန်​အား ကြီး​မား ပေ​လိမ့်​မည်။

တောင်​ပံ​များ​ကို​ဖြန့်​၍​ထား​သည့်​လင်း​ယုန် ငှက်​ကဲ့​သို့​ရန်​သူ​သည်​မော​ဘ​ပြည်​ပေါ်​သို့ ထိုး​ဆင်း​လိမ့်​မည်​ဖြစ်​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​ကြား​ခဲ့​လေ​ပြီ။-

ကောင်း​ကင်​မှ​အ​တောင်​ကို​ဖြန့်​လျက်​ထိုး​ဆင်း လာ​သည့်​လင်း​ယုန်​ငှက်​ကဲ့​သို့ ရန်​သူ​သည် ဗော​ဇ​ရ​မြို့​ကို​တိုက်​ခိုက်​လိမ့်​မည်။ ထို​အ​ခါ ဧ​ဒုံ​စစ်​သည်​တပ်​သား​တို့​သည်​သား​ဖွား ဝေ​ဒ​နာ​ခံ​ရ​သည့်​အ​မျိုး​သ​မီး​ကဲ့​သို့ ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

သူ​တို့​သည်​လေး​များ၊ လှံ​များ​ကို​စွဲ​ကိုင်​ကြ လေ​ပြီ။ သူ​တို့​သည်​ရက်​စက်​ကြမ်း​ကြုတ်​၍ သ​နား​က​ရု​ဏာ​ကင်း​မဲ့​သူ​များ​ဖြစ်​ကြ​၏။ မြင်း​များ​ကို​စီး​၍​လာ​ချိန်​၌​သူ​တို့​၏​အ​သံ သည်​ပင်​လယ်​မြည်​ဟည်း​သံ​နှင့်​တူ​၏။ သူ​တို့ သည်​ဇိ​အုန်​မြို့​ကို​တိုက်​ခိုက်​ရန်​အ​သင့်​ရှိ လေ​ပြီ။''

``ငါ​တို့​သည်​ဆုံး​ပါး​ပျက်​စီး​လျက်၊လုံး​ဝ အ​သ​ရေ​ပျက် ရ​ကြ​လေ​ပြီ​တ​ကား။ ငါ​တို့​၏​အိမ်​ရာ​များ​သည်​ပြို​ပျက်​သွား​ပြီ​ဖြစ်​၍ ငါ​တို့​သည်​မိ​မိ​တို့​ပြည်​ကို​စွန့်​ခွာ​ရ​ကြ​ပေ​တော့​မည်'' ဟူ​၍​ဇိ​အုန်​မြို့​သား​တို့​ငို​ကြွေး​မြည်​တမ်း​သံ​ကို နား​ထောင်​ကြ​လော့​ဟု​ဆို​ကြ​၏။

သူ​တို့​သည်​မိုး​ကောင်း​ကင်​မှ​ထိုး​ဆင်း​လာ​သည့် လင်း​ယုန်​ငှက်​များ​ကဲ့​သို့​ငါ​တို့​ကို​လိုက်​လံ ဖမ်း​ဆီး​ကြ​ပါ​၏။ တောင်​ကုန်း​များ​တွင်​ငါ​တို့​ကို​လိုက်​၍​ရှာ​ဖွေ ကြ​ပါ​၏။ သဲ​ကန္တာ​ရ​တွင်​အ​မှတ်​မ​ထင်​ဖမ်း​ဆီး​ကြ​ပါ​၏။

သူ​တို့​၏​မြင်း​များ​ကြောင့်​လွင့်​တက်​လာ​သော မြေ​မှုန့်​တို့​သည်​သင့်​အား​ဖုံး​လွှမ်း​လိမ့်​မည်။ မြို့​တွင်း​သို့​လူ​များ​ဝင်​သ​ကဲ့​သို့​ပျက်​စီး နေ​သော​မြို့​၏​တံ​ခါး​များ​ကို​ဖြတ်​၍ မြင်း များ​လှည်း​ဆွဲ​သံ၊ စစ်​မြင်း​ရ​ထား​ဆွဲ​သံ တို့​သည်​သင်​၏​မြို့​ရိုး​များ​ကို​တုန်​လှုပ် စေ​လိမ့်​မည်။-

သူ​နှင့်​စစ်​သည်​ဗိုလ်​ခြေ​တို့​သည်​လည်း​ကောင်း၊ သူ​နှင့်​အ​တူ​လိုက်​ပါ​လာ​သည့်​လူ​မျိုး​တ​ကာ တို့​သည်​လည်း​ကောင်း၊ ထို​ပြည်​ကို​မုန်​တိုင်း သ​ဖွယ်​တိုက်​ခိုက်​ကာ​မိုး​တိမ်​သ​ဖွယ်​လွှမ်း​မိုး ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

``ဆီး​ရီး​ယား​ဘု​ရင်​၏​နန်း​သက်​ကုန်​ဆုံး ချိန်​နီး​သော​အ​ခါ အီ​ဂျစ်​ဘု​ရင်​သည်​ထို မင်း​ကို​စစ်​ချီ​တိုက်​ခိုက်​လိမ့်​မည်။ ဆီး​ရီး ယား​ဘု​ရင်​က​လည်း​မြင်း​စီး​သူ​ရဲ​များ နှင့် သင်္ဘော​အ​မြောက်​အ​မြား​ကို​အ​သုံး ပြု​ကာ​အ​စွမ်း​ကုန်​ပြန်​လည်​တိုက်​ခိုက် လိမ့်​မည်။ သူ​သည်​မြစ်​လျှံ​ရေ​သ​ဖွယ်​နိုင်​ငံ များ​စွာ​ကို​ချဉ်း​နင်း​ဝင်​ရောက်​လိမ့်​မည်။-

ပ​ထ​မ​သား​ရဲ​သည်​ခြင်္သေ့​နှင့်​တူ​၍​လင်း​ယုန်​ကဲ့​သို့​အ​တောင်​များ​ရှိ​၏။ ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ထို​သား​ရဲ​သည်​အ​တောင်​များ​ပြုတ်​၍​သွား​ပြီး​လျှင် မြေ​ပေါ်​သို့​မြောက်​တက်​ကာ​လူ​ကဲ့​သို့​မတ်​တတ်​ရပ်​လျက်​နေ​၏။ ထို​နောက်​သူ​သည်​လူ့​စိတ်​ကို​ရ​လေ​သည်။

ထာ​ဝ​ရ​ဘု​ရား​က``တံ​ပိုး​ခ​ရာ​မှုတ်​၍ သ​တိ​ပေး​လော့၊ ရန်​သူ​များ​သည်​သိမ်း​ငှက် သ​ဖွယ် ငါ​၏​နိုင်​ငံ​တော်​ကို​ထိုး​သုတ်​လျက် ရှိ​ကြ​ပြီ။ ငါ​၏​လူ​မျိုး​တော်​သည်​ငါ​နှင့် ပြု​လုပ်​သော​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​၍ ငါ​၏​လူ​မျိုး​တော်​သည်​ငါ​နှင့်​ပညတ်​ကို ပစ်​ပယ်​ကြ​ပြီ။-

ထို​အ​ချိန်​ကာ​လ​ရောက်​ရှိ​လာ​သော​အ​ခါ လူ​များ​တို့​က သင်​တို့​ဘေး​ဒုက္ခ​ရောက်​ရ​ပုံ ကို​အ​ကြောင်း​ပြု​၍ ပြော​စ​မှတ်​ပြု​ကြ လိမ့်​မည်။ သင်​တို့​၏​ဘ​ဝ​အ​တွေ့​အ​ကြုံ ကို​လည်း​ဤ​သို့​ဝမ်း​နည်း​ကြေ​ကွဲ​ဖွယ် တေး​ဖွဲ့​သီ​ဆို​ကြ​လိမ့်​မည်။ ငါ​တို့​သည်​လုံး​ဝ​အ​ကျိုး​နည်း​ပျက်​စီး ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ပြည်​ကို​ငါ​တို့ လက်​မှ ရုပ်​သိမ်း​၍​ရန်​သူ့​လက်​သို့​အပ်​သ​ဖြင့် ငါ​တို့​သည်​လည်း​တစ်​ပါး​ကျွန်​ဖြစ်​ရ​ချေ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွယ်​တ​ကူ အ​မျက်​ထွက်​တော်​မ​မူ​တတ်။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​တန်​ခိုး​ကြီး တော်​မူ​၍၊ အ​ပြစ်​ရှိ​သူ​တို့​ကို​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ အ​ဘယ်​အ​ခါ​၌​မျှ​ထား​တော်​မ​မူ​ပါ။ ကိုယ်​တော်​လျှောက်​သွား​ရာ​အ​ရပ်​တို့​၌ လေ​မုန်​တိုင်း​များ​ကျ​ရောက်​တတ်​၏။ မိုး​တိမ်​များ​ကား​ကိုယ်​တော်​၏​ရွှေ​စက်​တော် အောက်​မှ ထ​သည့်​မြေ​မှုန့်​များ​ပင်​တည်း။

``သူ​တို့​၏​မြင်း​များ​သည်​ကျား​သစ်​ထက်​လျင်​မြန်​၍ အ​စာ​ဆာ​လောင်​နေ​သော​ဝံ​ပု​လွေ​ထက်​ပင်​ကြောက်​မက်​ဖွယ်​ကောင်း​၏။ မြင်း​စီး​သူ​ရဲ​တို့​သည်​မြင်း​များ​ကို ရပ်​ဝေး​မှ​အ​ပြင်း​နှင်​၍​လာ​ကြ​၏။ သူ​တို့​၏​မြင်း​များ​သည်​မြေ​ကို​ခွာ​ဖြင့်​ရှပ်​ကြ​၏။ သူ​တို့​သည်​အ​စာ​ကို​ချီ​သုတ်​မည့်​လင်း​ယုန်​ငှက်​ကဲ့​သို့​တစ်​ရှိန်​ထိုး​မောင်း​နှင်​လာ​လေ​သည်။

အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​ကို​ငါ​မြင်​ရ ပြန်​၏။ ဤ​အ​ကြိမ်​၌​ငါ​သည်​ကြေး​ဝါ​တောင် နှစ်​ခု​ကြား​မှ​ထွက်​လာ​သော​စစ်​မြင်း​ရ​ထား လေး​စီး​ကို​မြင်​ရ​လေ​သည်။-

ထို​အ​ခါ​လူ​သား​ကြွ​လာ​တော်​မူ​မည့်​နိ​မိတ် လက္ခ​ဏာ​သည်​မိုး​ကောင်း​ကင်​တွင်​ပေါ်​ထွန်း​လာ လိမ့်​မည်။ မိုး​တိမ်​ကို​စီး​လျက်​ကြီး​စွာ​သော​ဘုန်း တန်​ခိုး​တော်​ဖြင့်​လူ​သား​ကြွ​လာ​တော်​မူ​သည်​ကို ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​မြင်​ကြ​သော အ​ခါ​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​တိုက်​ခိုက် စေ​ရန် သင်​တို့​နှင့်​ဘာ​သာ​စ​ကား​ချင်း​မ​တူ သော​ကမ္ဘာ​တစ်​စွန်း​မှ လူ​မျိုး​တစ်​မျိုး​ကို​ခေါ် ဆောင်​ခဲ့​တော်​မူ​လိမ့်​မည်။ ထို​သူ​တို့​သည် လင်း​ယုန်​ထိုး​သုတ်​သ​ကဲ့​သို့ သင်​တို့​ကို တိုက်​ခိုက်​လိမ့်​မည်။-

ကြည့်​ရှု​လော့။ ကိုယ်​တော်​သည်​မိုး​တိမ်​စီး​၍​ကြွ လာ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​အား​လှံ​ဖြင့် ထိုး​ဖောက်​ခဲ့​သူ​များ​ပါ​မ​ကျန် လူ​အ​ပေါင်း တို့​သည်​ကိုယ်​တော်​ကို​ဖူး​မြင်​ကြ​ရ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​ရှိ​သ​မျှ​တို့​သည်​ဝမ်း နည်း​ကြေ​ကွဲ​ကြ​လိမ့်​မည်။ ထို​အ​တိုင်း ဖြစ်​ပါ​စေ​သော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ