ယေရမိ 4:11Common Language Bibleသဲကန္တာရမှလေပူကြီးသည် တိုက်ခတ်လာ လိမ့်မည်ဖြစ်ကြောင်းယေရုရှလင်မြို့သား တို့ကြားသိရမည့်နေ့ရက်ကာလသည်ကျ ရောက်လာလိမ့်မည်။ ထိုလေသည်သူတို့အား ဂျုံစပါးလှေ့ရန်တိုက်ခတ်လာခြင်းမဟုတ်။- အခန်းကိုကြည့်ပါ။ |
ယင်းတို့ကိုသင်တို့သည်လှေ့ကြလျက် လေများကတိုက်ခတ်ဆောင်ယူပြီးလျှင် မုန်တိုင်းများကလွင့်စင်သွားစေလိမ့်မည်။ သို့ရာတွင်ငါသည်သင်တို့၏ဘုရားဖြစ် တော်မူရကား၊ သင်တို့သည်ဝမ်းမြောက်ရွှင်လန်းရကြလိမ့် မည်။ သင်တို့သည်လည်းဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင် တည်း ဟူသောငါ့အားထောမနာပြုကြလိမ့်မည်။
ငါ၏ကြေကွဲမှုကိုပြည်သူတို့အားဤသို့ ပြောပြရန်ငါ့အားထာဝရဘုရားအမိန့် ပေးတော်မူ၏။ ``ငါ၏မျက်စိများသည်နေ့ညဥ့်မပြတ် မျက်ရည်ထွက်လျက်နေပါစေသော။ ငါ့အမျိုးသားတို့သည်ပြင်းစွာ ဒဏ်ရာရလျက် များစွာနာကျင်လျက်ရှိသဖြင့်၊ငါသည်အဘယ် အခါ၌မျှအငိုမတိတ်နိုင်ဘဲရှိပါစေသော။
နားထောင်ကြလော့။ အလွန်ဝေးသော တစ်တိုင်းတစ်ပြည်တွင်ငါ၏အမျိုးသား များ ဟစ်အော်နေသံကိုငါကြားရ၏။ ``ထာဝရဘုရားသည်ဇိအုန်မြို့တွင် ရှိတော်မမူတော့ပြီလော။ ဇိအုန်မြို့၏ဘုရင်သည်ထိုမြို့တွင်မရှိတော့ ပြီလော'' သူတို့၏ဘုရင်ထာဝရဘုရားက``သင်တို့သည် အဘယ်ကြောင့်ရုပ်တုများနှင့်၊ ငါ၏အမျက်တော်ကိုလှုံ့ဆော်ပေးကြသနည်း'' ဟုမိန့်တော်မူ၏။
ငါ၏မျက်စိများသည်ငိုရလွန်းသဖြင့် နွမ်းနယ်လျက်နေပါ၏။ ငါ၏စိတ်ဝိညာဉ်သည်လည်းပူဆွေးလျက်ရှိပါ၏။ ငါသည်မိမိအမျိုးသားတို့ဆုံးပါးပျက်စီး ကြသည့်အတွက်ဝမ်းနည်းကြေကွဲမှုဖြင့် အားအင်ကုန်ခန်းလျက်နေပေသည်။ သူငယ်နှင့်နို့စို့ကလေးတို့သည်မြို့တွင်းရှိ လမ်းများပေါ်တွင်မေ့မြော၍နေကြ၏။
သို့ဖြစ်၍ဤသူတို့သည်နံနက်ခင်းတွင် ကျတတ်သောနှင်းကဲ့သို့လည်းကောင်း၊ နံနက် စောစောအချိန်တွင်ကွယ်ပျောက်တတ်သော နှင်းပေါက်ကဲ့သို့လည်းကောင်းပျောက်ကွယ် ရကြလိမ့်မည်။ သူတို့သည်ကောက်နယ်တ လင်းမှလေတိုက်၍လွင့်လာသောဖွဲကဲ့သို့ လည်းကောင်း၊ ခေါင်းတိုင်မှထွက်သောမီးခိုး ကဲ့သို့လည်းကောင်းလွင့်ပျောက်ရကြလိမ့်မည်။