သို့ရာတွင်သင့်အားငါထာဝရဘုရား ကွယ်ကာစောင့်ထိန်းတော်မူမည်ဖြစ်၍ သင် သည်မိမိကြောက်လန့်သည့်လူတို့၏လက် တွင်းသို့ကျရောက်ရလိမ့်မည်မဟုတ်။-
ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။
ဒါဝိဒ်က``ငါသည်အလွန်ဆိုးရွားသည့် အခြေအနေနှင့်ကြုံတွေ့ရပါသည်တ ကား။ လူ့လက်ဖြင့်ဒဏ်မခံရပါစေနှင့်။ ထာဝရဘုရားပင်ဒဏ်ပေးတော်မူပါ စေ။ ကိုယ်တော်သည်ကရုဏာထားတော် မူတတ်သောအရှင်ဖြစ်ပါ၏'' ဟုဂဒ် အားဆို၏။-
ဧလိယက``ငါသည်ယနေ့မင်းကြီး၏ရှေ့တော် သို့ဝင်မည်ဖြစ်ကြောင်း ငါကိုးကွယ်သောအနန္တ တန်ခိုးရှင်ထာဝရဘုရားကိုတိုင်တည်၍ ကတိပြုပါ၏'' ဟုဆို၏။
ထို့ကြောင့်သြဗဒိသည် အာဟပ်မင်းထံသို့သွား၍ လျှောက်ထားရာ အာဟပ်သည်ဧလိယနှင့်တွေ့ဆုံ ရန်ကြွလာတော်မူ၏။-
ဧလိရှဲက``မစိုးရိမ်နှင့်။ ငါတို့ဘက်၌ရှိနေ သူတို့သည် သူတို့ဘက်၌ရှိနေသူတို့ထက် ပိုမိုများပြား၏'' ဟုဆို၏။-
ဒုက္ခရောက်ချိန်၌ငါ့အားပတ္ထနာပြုကြလော့။ ငါသည်သင်တို့အားကယ်မည်။ သင်တို့သည်လည်းငါ့အားထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
မဿန်၏သားရှေဖတိ၊ ပါရှုရ၏သားဂေဒလိ၊ ရှေလမိ၏သားယေဟုကလ၊ မာလခိ၏သား ပါရှုရတို့သည်ပြည်သူတို့အားငါပြောဆို လျက်နေသောစကားများကိုကြားကြ၏။-
``အရှင်မင်းကြီး၊ ဤသူတို့ပြုခဲ့ကြသည့် အမှုများသည်မှားပါ၏။ သူတို့သည်ယေရမိ အားရေတွင်းထဲသို့ချခဲ့ကြပါပြီ။ သူသည် ဧကန်မုချအစာငတ်၍သေရပါလိမ့်မည်။ မြို့တွင်း၌လည်းအစာရေစာမရှိတော့ ပါ'' ဟုလျှောက်လေ၏။-
ထို့ကြောင့်မင်းကြီး၏အမိန့်အရဒံယေလ အားခြင်္သေ့လှောင်ရာတွင်းထဲသို့ပစ်ချလိုက် ကြ၏။ မင်းကြီးကဒံယေလအား``သင်သစ္စာ ရှိစွာကိုးကွယ်သောဘုရားသည်သင့်ကို ကယ်ဆယ်တော်မူပါစေသော'' ဟုမိန့်တော် မူ၏။-
ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန်သင် တို့အားငါဆိုသည်ကား၊ ဤငါ၏ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူတစ်စုံတစ်ယောက်အား သင်တို့ပြုစုခဲ့သမျှသည်ငါ့အားပြုစုခြင်း ပင်မည်၏' ဟုမိန့်တော်မူလိမ့်မည်။