ယေရမိ 38:7Common Language Bibleသို့ရာတွင်နန်းတော်အမှုထမ်းဆူဒန်အမျိုး သားမိန်းမစိုးဧဗဒမေလက်သည် ဤသို့ထို သူတို့ကရေတွင်းထဲသို့ချလိုက်ကြောင်းကို ကြားသိသွားလေသည်။ ထိုအချိန်၌မင်းကြီး သည်ဗင်္ယာမိန်တံခါးအနီးတွင်ညီလာခံ လျက်နေ၏။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏လူမျိုးတော်တွင်ပါဝင်လာ သူလူမျိုးခြားတစ်စုံတစ်ယောက်သည်``ငါ့အား ထာဝရဘုရားသည် မိမိလူမျိုးတော်နှင့်အတူ ဝတ်ပြုကိုးကွယ်ခွင့်ပြုလိမ့်မည်မဟုတ်'' ဟု မဆိုသင့်။ မိန်းမစိုးတစ်စုံတစ်ယောက်ကလည်း မိမိသည် သားသမီးမရနိုင်သဖြင့်၊ ဘုရားသခင်၏ လူမျိုးတော်တွင်အပါအဝင်မဖြစ်နိုင်ဟု အဘယ်အခါ၌မျှမဆိုအပ်။-
လူမည်းသည်မိမိ၏အသားအရောင်ကို ပြောင်းလဲစေနိုင်ပါသလော။ သို့တည်းမ ဟုတ်ကျားသစ်သည်မိမိ၏အကွက်များ ကိုဖယ်ရှားပစ်နိုင်ပါသလော။ အကယ်၍ ဤအမှုအရာများကိုပြုလုပ်နိုင်မည် ဆိုပါမူ ဒုစရိုက်ကိုသာလျှင်ပြုကျင့် တတ်သူသင်တို့သည်လည်း သုစရိုက်သို့ ပြောင်းလဲပြုကျင့်ကောင်းပြုကျင့်နိုင်ကြ ပေလိမ့်မည်။-
မြောက်ဘက်ရှိဂေဘမြို့မှသည် တောင်ဘက်ရှိ ရိမ္မုန်မြို့တိုင်အောင်ယေရုရှလင်မြို့ပတ်ဝန်း ကျင်မှ မြေများကိုညီညာအောင်ညှိရကြ လိမ့်မည်။ ယေရုရှလင်မြို့သည်လည်းပတ် ဝန်းကျင်မြေများ၏အထက်တွင်မိုး၍နေ လိမ့်မည်။ ဤမြို့သည်ဗင်္ယာမိန်တံခါးမှသည် တံခါးဟောင်းရှိခဲ့ဖူးသည့်မြို့ထောင့်တံခါး တိုင်အောင်လည်းကောင်း၊ ဟာနနေလရဲတိုက် မှသည်နန်းတော်စပျစ်သီးနယ်ရာကျင်း များတိုင်အောင်လည်းကောင်းတည်ရှိလိမ့်မည်။-
သူသည်ထိုမြို့များအနက်တစ်မြို့မြို့သို့ ထွက်ပြေး၍ မြို့တံခါးဝတွင်ရှိသောတရား စီရင်ရာဌာနသို့သွားပြီးလျှင် မြို့၏အကြီး အကဲတို့အားဖြစ်ပျက်ခဲ့သမျှကိုရှင်းပြ ရမည်။ ထိုနောက်အကြီးအကဲတို့က ထိုသူ အားမြို့တွင်းသို့ဝင်ခွင့်ပြု၍သူနေထိုင် ရန်နေရာချပေးရမည်။-