Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 38:26

Common Language Bible

သို့​သော်​လည်း​သင်​သည်​မိ​မိ​အ​သက်​မ​သေ ရ​လေ​အောင်​ယော​န​သန်​၏​အိမ်​သို့​ပြန်​၍​ပို့ တော်​မ​မူ​ပါ​နှင့်​ဟူ​၍​သာ​လျှင်​ငါ့​အား​ပန် ကြား​လျှောက်​ထား​ခဲ့​ကြောင်း​သူ​တို့​ကို​ပြော ကြား​ပါ​လော့'' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​အ​မျိုး​သား​များ​အား​ကွပ်​မျက်​ရန် အ​တွက် ရှု​ရှန်​မြို့​တွင်​ထုတ်​ပြန်​ထား​သည့် အ​မိန့်​ကြေ​ငြာ​ချက်​မိတ္တူ​တစ်​စောင်​ကို လည်း​ပေး​လိုက်​၏။ မော်​ဒ​ကဲ​သည်​ဟာ​တက် အား``ဤ​အ​မိန့်​ကြေ​ငြာ​ချက်​မိတ္တူ​ကို​ဧ​သ တာ​အား​ပေး​၍ ဖြစ်​ပျက်​လျက်​ရှိ​သည့် အ​ခြေ​အ​နေ​ကို​ရှင်း​ပြ​ပါ​လော့။ ထို​နောက် သူ့​အား​မင်း​ကြီး​ထံ​သို့​ဝင်​၍ မိ​မိ​၏​လူ မျိုး​အ​ပေါ်​တွင်​က​ရု​ဏာ​ထား​တော်​မူ​ရန် လျှောက်​ထား​တောင်း​ပန်​စေ​ပါ​လော့'' ဟု မှာ​ကြား​လိုက်​လေ​သည်။-

ထို​သူ​တို့​သည်​ငါ့​အား​ပြင်း​စွာ​အ​မျက်​ထွက် သ​ဖြင့်​ရိုက်​နှက်​ပြီး​လျှင် ဘု​ရင်​အ​တိုင်​ပင်​ခံ အ​ရာ​ရှိ​ယော​န​သန်​၏​အိမ်​တွင်​အ​ကျဉ်း​ချ ထား​ကြ​၏။ (ထို​အိမ်​ကို​ထောင်​အ​ဖြစ်​သို့ ပြောင်း​လဲ​၍​ထား​သ​တည်း။-)

အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​၏​စ​ကား​ကို​နား ထောင်​တော်​မူ​၍ အ​ကျွန်ုပ်​လျှောက်​ထား​သည့် အ​တိုင်း​ပြု​တော်​မူ​ရန်​အ​ကျွန်ုပ်​ပန်​ကြား ပါ​၏။ အ​ကျွန်ုပ်​အား​အ​ရှင်​၏​အ​တိုင်​ပင်​ခံ အ​မတ်​ယော​န​သန်​၏​အိမ်​သို့​ပြန်​လွှတ် တော်​မ​မူ​ပါ​နှင့်။ လွှတ်​တော်​မူ​မည်​ဆို​ပါ မူ​အ​ကျွန်ုပ်​သည်​ထို​အိမ်​တွင်​အ​မှန်​ပင် သေ​ရ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။

မှူး​မတ်​အ​ပေါင်း​တို့​သည်​ငါ့​ထံ​လာ​၍​စစ် ဆေး​မေး​မြန်း​ကြ​၏။ သို့​ရာ​တွင်​ငါ​သည် မိ​မိ​ကို​မင်း​ကြီး​သင်​ကြား​ပေး​ထား​သည့် အ​တိုင်း​သာ​လျှင် တိ​ကျ​စွာ​ပြန်​လည်​ဖြေ ကြား​လိုက်​လေ​သည်။ အ​ဘယ်​သူ​မျှ​လည်း မင်း​ကြီး​နှင့်​ငါ​ပြော​ဆို​သော​စ​ကား​များ ကို​ကြား​ခဲ့​ရ​သူ​မ​ရှိ​သ​ဖြင့်​သူ​တို့​သည် အ​ဘယ်​သို့​မျှ​မ​ပြု​နိုင်​ကြ​တော့​ချေ။

ငါ့​အား``အ​ကျွန်ုပ်​တို့​ပန်​ကြား​သည့်​အ​မှု ကို​ပြု​ပါ​လော့။ အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​အ​ကျွန်ုပ်​တို့ အ​ဖို့​ဆု​တောင်း​ပတ္ထနာ​ပြု​ပါ​လော့။ ကျန်​ရှိ နေ​သ​မျှ​သော​အ​ကျွန်ုပ်​တို့​အ​တွက်​ဆု တောင်း​ပတ္ထ​နာ​ပြု​ပါ​လော့။ အ​ခါ​တစ်​ပါး က​အ​ကျွန်ုပ်​တို့​သည်​အ​ရေ​အ​တွက်​အား ဖြင့်​များ​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌ အ​ရှင်​သိ​ရှိ​သည့်​အ​တိုင်း​အ​ကျွန်ုပ်​တို့ တွင်​လူ​အ​နည်း​ငယ်​သာ​ကျန်​ရှိ​ပါ​တော့ သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ