Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 38:2

Common Language Bible

ငါ​သည်​လူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​ပြော​ကြား​သည်​မှာ``ဤ​မြို့​တွင်​ဆက် လက်​နေ​ထိုင်​သူ​တို့​သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း ပါး​ခြင်း​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့​နှင့်​သေ​ရ ကြ​လိမ့်​မည်။ ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ထံ​သွား ၍​လက်​နက်​ချ​သူ​တို့​သည်​သေ​ရ​ကြ​လိမ့်​မည် မ​ဟုတ်။ သူ​တို့​သည်​ယုတ်​စွ​အ​ဆုံး​အ​သက် ဘေး​မှ​ချမ်း​သာ​ရာ​ရ​လျက်​ကျန်​ရှိ​ကြ​လိမ့် မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

``ငါ​သည်​မြို့​ရိုး​ကို​ဝိုင်း​ရံ​သည့်​ဗာ​ဗု​လုန် ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို​တိုက်​ခိုက်​ရန် ဇေ​ဒ​ကိ​အ​သုံး​ပြု​လျက်​ရှိ​သည့်​လက်​နက် တို့​ကို​ဆုံး​ရှုံး​စေ​မည်။ ထို​နောက်​သူ​တို့ ကို​မြို့​လယ်​တွင်​စု​ဝေး​စေ​မည်။-

``ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ၊ သူ​၏​အ​ခြွေ​အ​ရံ မှူး​မတ်​များ​နှင့် ဤ​ပြည်​တွင်​ကျန်​ရစ်​ခဲ့​သူ သို့​မ​ဟုတ်​အီ​ဂျစ်​ပြည်​သို့​ပြောင်း​ရွှေ့​သွား သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို​မူ​ကား ငါ ထာ​ဝ​ရ​ဘု​ရား​သည်​စား​၍​မ​ရ​နိုင်​လောက် အောင်​ပုပ်​နေ​သည့်​သ​င်္ဘော​သ​ဖန်း​သီး​များ ကဲ့​သို့​ရှု​မှတ်​မည်။-

သို့​သော်​အ​ကြင်​လူ​မျိုး​သည်​ဗာ​ဗု​လုန်​ဘု​ရင် ၏​ထမ်း​ပိုး​အောက်​တွင် အ​ညံ့​ခံ​၍​သူ​၏​အ​စေ ကို​ခံ​၏။ ထို​လူ​မျိုး​အား​ငါ​သည်​မိ​မိ​တို့​တိုင်း ပြည်​တွင် ထွန်​ယက်​လုပ်​ကိုင်​နေ​ထိုင်​ခွင့်​ကို​ပေး တော်​မူ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။

အ​ရှင်​နှင့်​အ​ရှင်​၏​အ​မျိုး​သား​တို့​သည် အ​ဘယ် ကြောင့်​စစ်​ပွဲ​တွင်​ကျ​ဆုံး​၍​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး၊ သို့​မ​ဟုတ်​အ​နာ​ရော​ဂါ​ဘေး​သင့်​၍ သေ​ရ​ကြ​ပါ​မည်​နည်း။ ဗာ​ဗု​လုန်​၏​အ​စေ​ကို မ​ခံ​သည့်​လူ​မျိုး​သည် ဤ​နည်း​အ​တိုင်း​ဖြစ်​ရ လိမ့်​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ​ပြီ။-

ဒါ​ဝိဒ်​၏​ရာ​ဇ​ပလ္လင်​တွင်​ထိုင်​သည့်​ဘု​ရင်​အား လည်း​ကောင်း၊ သင်​တို့​နှင့်​အ​တူ​သုံ့​ပန်း​များ အ​ဖြစ်​အ​ဖမ်း​မ​ခံ​ခဲ့​ရ​သော​သင်​တို့​၏ ဆွေ​မျိုး​ညာ​တိ​များ​ဖြစ်​သူ ဤ​မြို့​မှ​မြို့​သူ မြို့​သား​တို့​အား​လည်း​ကောင်း​ရည်​မှတ်​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။-

ငါ​သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး နှင့်​အ​နာ​ရော​ဂါ​ဘေး​တို့​ကို​သက်​ရောက်​စေ မည်။ သူ​တို့​အား​နှိပ်​စက်​မည်။ ထို့​ကြောင့်​လူ​မျိုး တ​ကာ​တို့​သည်​သူ​တို့​ကို​မြင်​၍ ကြောက်​လန့် တုန်​လှုပ်​ကြ​လိမ့်​မည်။ သူ​တို့​အား​ငါ​ပျံ့​လွင့် စေ​သည့်​အ​ရပ်​မှန်​သ​မျှ​၌ သူ​တို့​သည်​ထို​သူ တို့​တွေ့​ကြုံ​ရ​သည့်​ဘေး​ဒုက္ခ​ကို​မြင်​၍​လန့် ဖျပ်​တုန်​လှုပ်​၍​သွား​ကြ​လိမ့်​မည်။ သူ​တို့​ကို လည်း​ပြက်​ရယ်​ပြု​လျက် သူ​တို့​အ​မည်​နာ​မ ကို​ကျိန်​ဆဲ​ရာ​တွင်​အ​သုံး​ပြု​ကြ​လိမ့်​မည်။-

သို့​သော်​လည်း​သင်​တို့​သည်​ငါ​၏​စ​ကား​ကို နား​မ​ထောင်၊ မိ​မိ​တို့​ဟေ​ဗြဲ​အ​မျိုး​သား အ​ချင်း​ချင်း​တို့​အား​လည်း လွတ်​လပ်​ခွင့် မ​ပေး​ခဲ့​ကြ​ဟု​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက် ဆို​၏။ ထို့​ကြောင့်​သင်​တို့​အား​စစ်​ဘေး၊ အ​နာ ရော​ဂါ​ဘေး​နှင့်​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး တို့​ဖြင့် လွတ်​လပ်​စွာ​သေ​ရ​ခြင်း​တည်း​ဟူ သော​လွတ်​လပ်​ခွင့်​ကို​ငါ​ပေး​မည်။ ငါ​သည် သင်​တို့​အား​ပြု​သည့်​အမှု​ကြောင့် ကမ္ဘာ​ပေါ် ရှိ​လူ​မျိုး​တ​ကာ​တို့​သည်​ထိတ်​လန့်​တုန် လှုပ်​ကြ​လိမ့်​မည်။-

ငါ​သည်​သင့်​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​မည် ဖြစ်​သ​ဖြင့် သင်​သည်​အ​သတ်​ခံ​ရ​လိမ့်​မည် မ​ဟုတ်။ သင်​သည်​ငါ့​ကို​ယုံ​ကြည်​ကိုး​စား သော​ကြောင့်​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏' ဟု​မိန့်​တော်​မူ​ကြောင်း​ဆင့် ဆို​လော့'' ဟု​မှာ​ကြား​တော်​မူ​၏။

အီ​ဂျစ်​ပြည်​သို့​သွား​ရောက်​နေ​ထိုင်​ရန်​သန္နိ​ဋ္ဌာန် ချ​မှတ်​ထား​သူ​မှန်​သ​မျှ​သည်​စစ်​ဘေး၊ သို့​မ ဟုတ်​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ သို့​မ​ဟုတ် အ​နာ​ရော​ဂါ​ဘေး​သင့်​၍​သေ​ရ​ကြ​လိမ့်​မည်။ သူ​တို့​တစ်​ဦး​တစ်​ယောက်​မျှ​အ​သက်​မ​သေ ဘဲ​ကျန်​ရှိ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​တစ်​ဦး တစ်​ယောက်​မျှ​ငါ​သက်​ရောက်​စေ​မည့်​ဘေး အန္တ​ရာယ်​ဆိုး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည် မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏။

ထို့​ကြောင့်​သင်​တို့​သည်​စစ်​ဘေး၊ သို့​မ​ဟုတ် ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ သို့​မ​ဟုတ်​အ​နာ ရော​ဂါ​ဘေး​သင့်​၍​မိ​မိ​တို့​သွား​ရောက်​နေ​ထိုင် လို​သော​ပြည်​တွင်​သေ​ရ​ကြ​လိမ့်​မည်'' ဟု ပြန်​ကြား​ပြော​ဆို​၏။

ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​အား​အ​ပြစ်​ဒဏ် ခတ်​သ​ကဲ့​သို့​အီ​ဂျစ်​ပြည်​တွင်​နေ​ထိုင်​သူ တို့​ကို​လည်း​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့​ဖြင့် အ​ပြစ်​ဒဏ်​ခတ်​မည်။-

သင်​သည်​မိ​မိ​အ​တွက်​အ​ထူး​အ​ခွင့်​အ​ရေး ကို​စောင့်​မျှော်​နေ​သ​လော။ မ​စောင့်​မျှော်​နှင့်။ ငါ သည်​လူ​ခပ်​သိမ်း​တို့​အ​ပေါ်​သို့​ဘေး​အန္တ​ရာယ် ဆိုး​ကို​သက်​ရောက်​စေ​မည်။ သို့​သော်​လည်း​သင် သည်​ရောက်​လေ​ရာ​ရာ​အ​ရပ်​တွင်​အ​သက်​မ သေ​ဘဲ ထို​ဘေး​အန္တ​ရာယ်​မှ​လွတ်​မြောက်​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​လေ​သည်။

အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ငါ​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို​ဖျက် ဆီး​ပစ်​ရန်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး၊ သား​ရဲ​တိရစ္ဆာန်​တို့​၏​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​တည်း​ဟူ​သော​အ​ဆိုး ရွား​ဆုံး​သော​ဘေး​ကြီး​လေး​ပါး​ကို​ယေ​ရု ရှ​လင်​မြို့​ပေါ်​သို့​သက်​ရောက်​စေ​မည်။-

အ​ရှင်​ထာ​ဝရ​ဘု​ရား​က``သင်​တို့​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ပြု​ခဲ့​သည့်​ဆိုး​ညစ် စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​တို့​ကြောင့် လက်​နှစ်​ဘက် ကို​ရိုက်​၍​ခြေ​ကို​ဆောင့်​ကာ​ဝမ်း​နည်း​ပူ​ဆွေး လျက်​ငို​ကြွေး​ကြ​လော့။ သူ​တို့​သည်​စစ်​ပွဲ​တွင် လည်း​ကောင်း၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့​ဖြင့်​လည်း​ကောင်း သေ​ရ​ကြ​လိမ့်​မည်။-

လမ်း​များ​ပေါ်​မှာ​တိုက်​ခိုက်​မှု​များ​ရှိ​၏။ အိမ် များ​၌​အ​နာ​ရော​ဂါ​နှင့်​ငတ်​မွတ်​ခြင်း​ရှိ​၏။ ကျေး​တော​တွင်​ရှိ​နေ​သူ​တို့​သည်​ဋ္ဌား​ဘေး​ဖြင့် သေ​ဆုံး​ရ​လျက်​မြို့​တွင်း​ရှိ​နေ​သူ​တို့​မူ​ကား အ​နာ​ရော​ဂါ​ဘေး၊ ငတ်​မွတ်​ခြင်း​ဘေး​ဖြင့် သေ​ရ​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ