Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 37:8

Common Language Bible

ထို​အ​ခါ​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ပြန် လာ​ပြီး​လျှင် ဤ​မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​ကာ မီး​ရှို့​လိုက်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

``ငါ​သည်​မြို့​ရိုး​ကို​ဝိုင်း​ရံ​သည့်​ဗာ​ဗု​လုန် ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို​တိုက်​ခိုက်​ရန် ဇေ​ဒ​ကိ​အ​သုံး​ပြု​လျက်​ရှိ​သည့်​လက်​နက် တို့​ကို​ဆုံး​ရှုံး​စေ​မည်။ ထို​နောက်​သူ​တို့ ကို​မြို့​လယ်​တွင်​စု​ဝေး​စေ​မည်။-

ဤ​မြို့​ကို​တိုက်​ခိုက်​သူ​ဗာ​ဗု​လုန်​အ​မျိုး​သား တို့​သည်​လာ​၍​မီး​ရှို့​ကြ​လိမ့်​မည်။ အိမ်​ခေါင်​မိုး များ​အ​ထက်​တွင်​ဗာ​လ​ဘု​ရား​အား​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ခြင်း​အား​ဖြင့်​လည်း ကောင်း၊ အ​ခြား​ဘု​ရား​များ​အ​တွက်​စပျစ် ရည်​ပူ​ဇော်​သကာ​ကို​သွန်း​လောင်း​ခြင်း​အား ဖြင့်​လည်း​ကောင်း ငါ​၏​အ​မျက်​တော်​ကို​လူ တို့​လှုံ့​ဆော်​ရာ​အိမ်​များ​နှင့်​အ​တူ ဤ​မြို့ တစ်​မြို့​လုံး​သည်​လောင်​ကျွမ်း​၍​သွား​လိမ့် မည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​သင်​သည်​ယု​ဒ ဘု​ရင်​ဇေ​ဒ​ကိ​ထံ​သို့​သွား​၍​သူ့​အား​ဗျာ ဒိတ်​တော်​ပြန်​ကြား​ရ​မည်​မှာ``ငါ​ထာ​ဝ​ရ ဘု​ရား​သည်​ဤ​မြို့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​အား ပေး​အပ်​မည်။ သူ​သည်​ဤ​မြို့​ကို​မီး​ရှို့​လိမ့်​မည်။-

အ​ကယ်​၍​သင်​တို့​သည်​မိ​မိ​တို့​အား​တိုက်​ခိုက် လျက်​ရှိ​သည့်​ဗာ​ဗု​လုန်​တပ်​မ​တော်​တစ်​ခု​လုံး ကို​နှိမ်​နင်း​နိုင်​၍ ဒဏ်​ရာ​ရ​သူ​များ​သာ​လျှင် မိ​မိ​တို့​တဲ​ရှင်​များ​တွင်​ကျန်​ရှိ​တော့​သည်​ဟု ဆို​စေ​ကာ​မူ ထို​သူ​တို့​သည်​ထ​၍​ဤ​မြို့​ကို မီး​ရှို့​ပစ်​ကြ​လိမ့်​မည်' ဟု​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​အ​ကယ်​၍​သင်​လက်​နက်​မ​ချ ပါ​မူ ဤ​မြို့​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ ၏​လက်​တွင်း​သို့​ကျ​ရောက်​ရ​လိမ့်​မည်။ သူ​တို့ သည်​လည်း​ဤ​မြို့​ကို​မီး​ရှို့​လိုက်​ကြ​လိမ့်​မည်။ သင်​သည်​သူ​တို့​၏​ဘေး​မှ​လွတ်​မြောက်​ရ​လိမ့် မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​လျှောက် ထား​၏။

ထို​နောက်​ငါ​က``ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ သည် အ​ရှင်​၏​မိ​ဖု​ရား​များ​နှင့်​သား​သ​မီး အ​ပေါင်း​ကို​ထုတ်​ဆောင်​သွား​လိမ့်​မည်။ အ​ရှင် ကိုယ်​တိုင်​ပင်​လျှင်​သူ​တို့​၏​ဘေး​မှ​လွတ် မြောက်​လိမ့်​မည်​မ​ဟုတ်​ပါ။ ဗာ​ဗု​လုန်​ဘု​ရင် ၏​ဖမ်း​ဆီး​ခြင်း​ကို​ခံ​ရ​ပါ​လိမ့်​မည်။ ဤ မြို့​သည်​လည်း​မီး​ကျွမ်း​လောင်​၍​သွား​လိမ့် မည်'' ဟု​လျှောက်​ထား​ပြန်​၏။

ငါ​သည်​ဤ​မြို့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​၏​တပ်​မ တော်​သို့​ပေး​အပ်​မည်။ သူ​သည်​လည်း​ဤ​မြို့ ကို​သိမ်း​ယူ​လိမ့်​မည်'' ဟူ​၍​ဖြစ်​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ