Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 37:20

Common Language Bible

အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​၏​စ​ကား​ကို​နား ထောင်​တော်​မူ​၍ အ​ကျွန်ုပ်​လျှောက်​ထား​သည့် အ​တိုင်း​ပြု​တော်​မူ​ရန်​အ​ကျွန်ုပ်​ပန်​ကြား ပါ​၏။ အ​ကျွန်ုပ်​အား​အ​ရှင်​၏​အ​တိုင်​ပင်​ခံ အ​မတ်​ယော​န​သန်​၏​အိမ်​သို့​ပြန်​လွှတ် တော်​မ​မူ​ပါ​နှင့်။ လွှတ်​တော်​မူ​မည်​ဆို​ပါ မူ​အ​ကျွန်ုပ်​သည်​ထို​အိမ်​တွင်​အ​မှန်​ပင် သေ​ရ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ကွန်​တော်​မျိုး​၏ဆု​တောင်း​ပတ္ထနာ​ကို ကြား​တော်​မူ​၍ က​တိ​တော်​အ​တိုင်းကွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။

သို့​ရာ​တွင်​အ​ကယ်​၍​ငါ့​အား​သတ်​မည်​ဆို လျှင် သင်​တို့​နှင့်​ဤ​မြို့​သူ​မြို့​သား​အ​ပေါင်း တို့​သည် အ​ပြစ်​မဲ့​သူ​တစ်​ဦး​ကို​သတ်​သည့် အ​တွက်​အ​ပြစ်​သင့်​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း အ​သေ​အ​ချာ​သိ​မှတ်​ကြ​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ့​ကို​စေ​လွှတ်​၍ သင်​တို့​အား ဤ​စ​ကား​များ​ကို​ပြော​ဆို​စေ​သော​အ​ရှင် မှာ​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​သော​ကြောင့် တည်း'' ဟု​ဆို​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​လူ​တို့​အား​ထိတ် လန့်​တုန်​လှုပ်​ဖွယ်​ကောင်း​သည့်​အ​မျက်​တော် ဖြင့်​ခြိမ်း​ခြောက်​တော်​မူ​ပြီ​ဖြစ်​၍ လူ​တို့​သည် မိ​မိ​တို့​အ​ကျင့်​ဆိုး​များ​ကို​စွန့်​ပစ်​ကာ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု​တောင်း ပတ္ထနာ​ပြု​ကောင်း​ပြု​ကြ​ပေ​လိမ့်​မည်'' ဟု ညွှန်​ကြား​ပြော​ဆို​၏။-

သို့​သော်​လည်း​သင်​သည်​မိ​မိ​အ​သက်​မ​သေ ရ​လေ​အောင်​ယော​န​သန်​၏​အိမ်​သို့​ပြန်​၍​ပို့ တော်​မ​မူ​ပါ​နှင့်​ဟူ​၍​သာ​လျှင်​ငါ့​အား​ပန် ကြား​လျှောက်​ထား​ခဲ့​ကြောင်း​သူ​တို့​ကို​ပြော ကြား​ပါ​လော့'' ဟု​ဆို​၏။-

ငါ​သည်​လည်း​ရန်​သူ့​လက်​သို့​ယေ​ရု​ရှ​လင် မြို့​ကျ​ရောက်​သည့်​နေ့​တိုင်​အောင် နန်း​တော် ဝင်း​အ​တွင်း​၌​နေ​ရ​လေ​တော့​သည်။

ငါ့​အား``အ​ကျွန်ုပ်​တို့​ပန်​ကြား​သည့်​အ​မှု ကို​ပြု​ပါ​လော့။ အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​အ​ကျွန်ုပ်​တို့ အ​ဖို့​ဆု​တောင်း​ပတ္ထနာ​ပြု​ပါ​လော့။ ကျန်​ရှိ နေ​သ​မျှ​သော​အ​ကျွန်ုပ်​တို့​အ​တွက်​ဆု တောင်း​ပတ္ထ​နာ​ပြု​ပါ​လော့။ အ​ခါ​တစ်​ပါး က​အ​ကျွန်ုပ်​တို့​သည်​အ​ရေ​အ​တွက်​အား ဖြင့်​များ​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌ အ​ရှင်​သိ​ရှိ​သည့်​အ​တိုင်း​အ​ကျွန်ုပ်​တို့ တွင်​လူ​အ​နည်း​ငယ်​သာ​ကျန်​ရှိ​ပါ​တော့ သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ