ယေရမိ 37:15Common Language Bibleထိုသူတို့သည်ငါ့အားပြင်းစွာအမျက်ထွက် သဖြင့်ရိုက်နှက်ပြီးလျှင် ဘုရင်အတိုင်ပင်ခံ အရာရှိယောနသန်၏အိမ်တွင်အကျဉ်းချ ထားကြ၏။ (ထိုအိမ်ကိုထောင်အဖြစ်သို့ ပြောင်းလဲ၍ထားသတည်း။-) အခန်းကိုကြည့်ပါ။ |
သို့ရာတွင် အို ထာဝရဘုရား၊ ကျွန်တော်မျိုး အားသတ်ဖြတ်ရန် ရန်သူတို့ပြုသည့်လျှို့ဝှက် သောအကြံအစည်များကိုကိုယ်တော်ရှင် သိတော်မူပါ၏။ သူတို့၏ဆိုးညစ်မှုကို ခွင့်လွှတ်တော်မမူပါနှင့်။ သူတို့အားမိမိ တို့၏အပြစ်များမှလွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မမူပါနှင့်။ သူတို့အားအရေးရှုံး နိမ့်စေတော်မူပါ။ အမျက်တော်ထွက်ချိန်၌ သူတို့အားဆုံးမစီရင်တော်မူပါ'' ဟု လျှောက်၏။
အရှင်မင်းကြီး၊ အကျွန်ုပ်၏စကားကိုနား ထောင်တော်မူ၍ အကျွန်ုပ်လျှောက်ထားသည့် အတိုင်းပြုတော်မူရန်အကျွန်ုပ်ပန်ကြား ပါ၏။ အကျွန်ုပ်အားအရှင်၏အတိုင်ပင်ခံ အမတ်ယောနသန်၏အိမ်သို့ပြန်လွှတ် တော်မမူပါနှင့်။ လွှတ်တော်မူမည်ဆိုပါ မူအကျွန်ုပ်သည်ထိုအိမ်တွင်အမှန်ပင် သေရပါလိမ့်မည်'' ဟုလျှောက်၏။
သင်တို့အားငါဆိုသည်ကား၊ သင်တို့ထံသို့ ပရောဖက်များ၊ ပညာရှိများ၊ ကျမ်းတတ်ဆရာ များကိုငါစေလွှတ်မည်။ သင်တို့သည်ထိုသူ အချို့တို့ကိုသတ်ဖြတ်ကြ၍အချို့ကိုလက် ဝါးကပ်တိုင်တွင်တင်ကြလိမ့်မည်။ အချို့ကိုမူ တရားဇရပ်များတွင်ကြိမ်ဒဏ်ပေး၍အချို့ ကိုမူတစ်မြို့ပြီးတစ်မြို့လိုက်လံဖမ်းဆီးကြ လိမ့်မည်။-
သူက``ထိုနာမကိုအမှီပြု၍ဟောပြောသွန် သင်ခြင်းမပြုရန် သင်တို့အားငါတို့ကျပ်တည်း စွာအမိန့်ပေးခဲ့၏။ သို့ရာတွင်ယခုသင်တို့ သည်ယေရုရှလင်မြို့တစ်မြို့လုံးတွင် အနှံ့ အပြားဟောပြောသွန်သင်ကြလေပြီ။ ထို သူသေရသည်မှာငါတို့ကြောင့်ဖြစ်သည်ဟူ ၍ သင်တို့အပြစ်တင်လိုကြသည်တကား'' ဟုတမန်တော်တို့အားပြောကြားကြ ၏။