ယေရမိ 36:31Common Language Bibleသင်တို့ကူးလွန်ခဲ့ကြသည့်အပြစ်များ အတွက် ငါသည်သင်နှင့်သင်၏သားမြေးတို့ အားသင့်မှူးမတ်များနှင့်အတူအပြစ်ဒဏ် ခတ်မည်။ သင်နှင့်ယေရုရှလင်မြို့သူမြို့ သားများ၊ ယုဒပြည်သားများသည်ငါ သတိပေးခဲ့သည်ကိုပမာဏမပြုကြ။ သို့ဖြစ်၍ငါသည်မိမိခြိမ်းခြောက်ခဲ့သည့် ဘေးအန္တရာယ်ဆိုးကို သင်တို့အပေါ်သို့ သက်ရောက်စေမည်ဟုမိန့်တော်မူကြောင်း ပြန်ကြားပြောဆိုလော့'' ဟုမိန့်မှာ တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သူတို့သည်ငါ့စကားကိုနားမ ထောင်ကြ။ လိုက်နာမှုလည်းမပြုကြ။ သူတို့ အားလုံးပင်ခေါင်းမာမြဲခေါင်းမာလျက်ဆိုး ညစ်မြဲဆိုးညစ်လျက်နေကြ၏။ ငါသည်သူ တို့အားလိုက်နာရန်အမိန့်ချမှတ်ထားလျက် နှင့်သူတို့မလိုက်နာကြသော ပဋိညာဉ်တော် တွင်ဖော်ပြပါရှိသည့်ကျိန်စာများကိုသူ တို့အပေါ်သို့သက်ရောက်စေ၏'' ဟုမိန့်တော် မူ၏။
ကျွန်တော်မျိုးအားနှိပ်စက်ညှင်းဆဲသူတို့ကို အရှက်ကွဲစေတော်မူ၍ ကျွန်တော်မျိုးအား အရှက်ရမှုမှချမ်းသာပေးတော်မူပါ။ ထို သူတို့အားထိတ်လန့်တုန်လှုပ်စိတ်နှင့်ပြည့်ဝ စေတော်မူ၍ ကျွန်တော်မျိုးကိုထိတ်လန့်တုန် လှုပ်စေတော်မမူပါနှင့်။ သူတို့၏အပေါ်သို့ ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော် မူ၍သူတို့အားကျိုးပဲ့ကြေမွစေတော် မူပါ။
ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``သင်တို့ သည်ခေါင်းမာ၍ငါပြောသည့်စကားကိုနား မထောင်ကြ။ သို့ဖြစ်၍ဤမြို့နှင့်အနီးအနား ရှိမြို့အပေါင်းတို့အား ယခင်ငါဖော်ပြခဲ့ သည့်အတိုင်းပြစ်ဒဏ်စီရင်တော်မူမည်'' ဟု မိန့်တော်မူကြောင်းသူတို့အားဆင့်ဆို၏။
သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အနန္တတန်ခိုးရှင်ငါထာဝရ ဘုရားသည် မိမိကတိထားခဲ့သည့်ဘေး အန္တရာယ်ဆိုးကိုယုဒပြည်သူများနှင့်ယေရု ရှလင်မြို့သူမြို့သားများအပေါ်သို့သက် ရောက်စေမည်။ အဘယ်ကြောင့်ဆိုသော်သင် တို့သည်ငါပြောသောအခါနားမထောင်၊ ငါ ခေါ်သောအခါ၌မထူးကြသောကြောင့် ဖြစ်၏ဟုမိန့်တော်မူကြောင်းပြောကြား လော့'' ဟုမိန့်တော်မူ၏။
ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက်သင့်ကိုဒဏ်ပေးမည်။ သို့မှသာလျှင် ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ သင့်အားဒဏ်ပေးသူသည်ငါပင်ဖြစ် ကြောင်းကိုလည်းကောင်းသင်သိလိမ့်မည်'' ဟူ၍ဖြစ်၏။
``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်တော် မူသောစေတမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မကြီးသည်ကြက်ကလေးများကိုမိမိ ၏အတောင်အောက်တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင့်ကိုယုယပိုက်ထွေးနိုင်ရန်ကြိမ် ဖန်များစွာကြိုးစားခဲ့လေပြီ။ သို့ရာတွင်သင် သည်ငါ့ကိုအခွင့်မပေးခဲ့။-