Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 36:12

Common Language Bible

နန်း​တော်​အ​တွင်း​မှူး​မတ်​များ​စည်း​ဝေး​လျက် ရှိ​ရာ​ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​မတ်​၏​အ​ခန်း​သို့ သွား​လေ​သည်။ ထို​အ​ရပ်​တွင်​ဘု​ရင့်​အတိုင်​ပင်​ခံ အ​မတ်​ဧ​လိ​ရှ​မာ၊ ရှေ​မာ​ယ​၏​သား​ဒေ​လာ​သ၊ အာ​ခ​ဗော်​၏​သား​ဧ​လ​နာ​သန်၊ ရှာ​ဖန်​၏​သား ဂေ​မ​ရိ၊ ဟာ​န​နိ​၏​သား​ဇေ​ဒ​ကိ​နှင့်​အ​ခြား မှူး​မတ်​အ​ပေါင်း​တို့​ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​သည်​ဟိ​လ​ခိ၊ ရှာ​ဖန်၊ ရှာ​ဖန်​၏​သား အ​ဟိ​ကံ၊ မိက္ခာ​၏​သား​အာ​ခ​ဗော်၊ မိ​မိ​၏ အ​စေ​ခံ​အ​သ​ဟိ​တို့​ကို​ခေါ်​၍၊-

ဟိ​လ​ခိ၊ ရှာ​ဖန်၊ အ​ဟိ​ကံ၊ အာ​ခ​ဗော်​နှင့်​အ သ​ဟိ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သစ်​တွင်​နေ ထိုင်​သူ​ဟု​လ​ဒ​နာ​မည်​ရှိ အ​မျိုး​သ​မီး ပ​ရော​ဖက်​ထံ​သို့​သွား​ရောက်​၍​စုံ​စမ်း​မေး​မြန်း ကြ​ရာ (ထို​အ​မျိုး​သ​မီး​၏​ခင်​ပွန်း​မှာ​ဟ​ရ ဟတ်​၏​မြေး၊ တိ​က​ဝ​၏​သား​ရှလ္လုံ​ဖြစ်​၍​သူ သည် ဗိ​မာန်​တော်​ဆိုင်​ရာ​ဝတ်​လုံ​များ​ကို​တာ​ဝန် ယူ​ထိန်း​သိမ်း​ရ​သူ​ဖြစ်​၏။-)

ယော​ရှိ​သည်​မိ​မိ​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ်​မြောက် ၌ မေ​ရှု​လံ​၏​မြေး၊ အာ​ဇ​လိ​၏​သား၊ နန်း​တော် အ​တွင်း​ဝန်​ရှာ​ဖန်​ကို၊-

ယေ​ခေါ​နိ​သည်​အ​သက်​တစ်​ဆယ့်​ရှစ်​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​လ​မျှ​နန်း​စံ​ရ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ယေ​ရု​ရှ​လင် မြို့​သား​ဧ​လ​နာ​သန်​၏​သ​မီး​န​ဟုတ္တ​ဖြစ်​၏။-

ယု​ဒ​ခေါင်း​ဆောင်​များ​သည် ထို​အ​ဖြစ်​အ​ပျက် အ​ကြောင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ ဘု​ရင် နန်း​တော်​မှ​လာ​၍​ဗိ​မာန်​တော်​တံ​ခါး​သစ် အ​ဝင်​ဝ​၌​နေ​ရာ​ယူ​ကြ​၏။-

ယော​ယ​ကိမ်​မင်း​သည်​လည်း​ဥ​ရိ​ယ​အား ဖမ်း​ဆီး​ရန် အာ​ခ​ဗော်​၏​သား​ဧ​လ​နာ​သန် နှင့်​လူ​အ​ချို့​ကို​အီ​ဂျစ်​ပြည်​သို့​စေ​လွှတ် လိုက်​၏။-

သို့​ရာ​တွင်​ငါ​သည်​ရှာ​ဖန်​၏​သား အ​ဟိ​ကံ ၏​ထောက်​ခံ​မှု​ကို​ရ​ရှိ​သ​ဖြင့် လူ​တို့​လက် သို့​အပ်​၍​အ​သတ်​မ​ခံ​ရ​ခြင်း​ဖြစ်​၏။

ဧ​လ​နာ​သန်၊ ဒေ​လာ​ယ​နှင့်​ဂေ​မ​ရိ​တို့ သည်​မင်း​ကြီး​အား ထို​စာ​လိပ်​ကို​မီး​မ​ရှို့ ရန်​လျှောက်​ထား​တောင်း​ပန်​ကြ​သော်​လည်း မင်း​ကြီး​သည်​သူ​တို့​၏​ပန်​ကြား​ချက်​ကို နား​မ​ထောင်​ချေ။-

ထို​အ​ခါ​မှူး​မတ်​တို့​သည်​မင်း​ကြီး​အား``ဤ သူ​ကို​သုတ်​သင်​ပစ်​မှ​ဖြစ်​ပါ​မည်။ သူ​သည် ဤ​စ​ကား​များ​ကို​ပြော​ဆို​ခြင်း​အား​ဖြင့် မြို့​တွင်း​ရှိ​စစ်​သည်​သူ​ရဲ​တို့​အား​လျော့ စေ​ပါ​၏။ မြို့​ထဲ​တွင်​အ​ခြား​ကျန်​ရှိ​နေ​သေး သူ​အ​ပေါင်း​ကို​လည်း​ဤ​နည်း​အ​တိုင်း​ပင် ဖြစ်​စေ​ပါ​၏။ သူ​သည်​လူ​တို့​၏​ကောင်း​ကျိုး ကို​မ​ရှာ၊ ဆိုး​ကျိုး​ကို​သာ​လျှင်​ရှာ​ပါ​၏'' ဟု​လျှောက်​ထား​ကြ​၏။-

သတ္တ​မ​လ​၌​ဘု​ရင်​ခံ​မင်း​၏​အ​ရာ​ရှိ​ကြီး တစ်​ဦး​ဖြစ်​သူ​ဧ​လိ​ရှ​မာ​၏​မြေး၊ နာ​သ​နိ ၏​သား၊ မင်း​မျိုး​မင်း​နွယ်​တစ်​ဦး​ဖြစ်​သူ ဣ​ရှ​မေ​လ​သည်​လူ​ဆယ်​ယောက်​နှင့်​အ​တူ ဂေ​ဒ​လိ​အား​တွေ့​ဆုံ​ရန် မိ​ဇ​ပါ​မြို့​သို့​လာ ၏။ သူ​တို့​သည်​အ​တူ​တ​ကွ​မိ​ဇ​ပါ​မြို့​တွင် စား​သောက်​လျက်​နေ​ကြ​စဉ်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ