Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 35:6

Common Language Bible

သို့​ရာ​တွင်​ထို​သူ​တို့​က``ရေ​ခပ်​၏​သား၊ အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​ဖြစ်​သူ​ယော​န​ဒပ် က​အ​ကျွန်ုပ်​တို့​သည်​သား​စဉ်​မြေး​ဆက် အ ဘယ်​အ​ခါ​၌​မျှ​စ​ပျစ်​ရည်​ကို​မ​သောက် ရန်​ပ​ညတ်​ခဲ့​သည်​ဖြစ်​၍​အ​ကျွန်ုပ်​တို့ သည်​စ​ပျစ်​ရည်​မ​သောက်​ကြ​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သူ​ငယ်​တို့​သည်​လည်း​ကြီး​ပြင်း​လာ​ကြ​၏။ ဧ​သော​သည်​တော​၌​ကျက်​စား​သော​မု​ဆိုး ကောင်း​ဖြစ်​လာ​၏။ ယာ​ကုပ်​မူ​ကား​အိမ်​တွင် အေး​ချမ်း​စွာ​နေ​သော​သူ​ဖြစ်​၏။-

သူ​နှင့်​ယာ​ကုပ်​တို့​တွင်​သိုး၊ ဆိတ်​စ​သော တိ​ရစ္ဆာန်​အ​လွန်​များ​ပြား​လာ​သ​ဖြင့် စား​နပ် ရိက္ခာ​မ​လောက်​မ​င​ဖြစ်​၍​တစ်​ရပ်​တည်း​၌ အ​တူ​မ​နေ​နိုင်​ကြ​ချေ။-

ယေ​ဟု​သည်​တစ်​ဖန်​ထွက်​ခွာ​သွား​သော​အ​ခါ လမ်း​၌​ရေ​ခပ်​၏​သား​ယော​န​ဒပ်​နှင့်​တွေ့​လေ​၏။ ယေ​ဟု​သည်​သူ့​ကို​နှုတ်​ဆက်​ပြီး​လျှင်``သင်​သည် ငါ​နှင့်​စိတ်​နေ​သ​ဘော​ထား​ချင်း​တူ​ပါ​၏။ သို့ ဖြစ်​၍​ငါ့​အား​ကူ​ညီ​မည်​လော'' ဟု​မေး​၏။ ယော​န​ဒပ်​က``ကူ​ညီ​ပါ​မည်'' ဟု​ဖြေ​၏။ ယေ​ဟု​က``ယင်း​သို့​ဖြစ်​ပါ​မူ​ငါ့​အား​သင်​၏ လက်​ကို​ကမ်း​ပေး​လော့'' ဟု​ဆို​၏။ ယော​န​ဒပ် က​လက်​ကို​ကမ်း​ပေး​လိုက်​သော​အ​ခါ ယေ​ဟု သည်​လက်​ကို​ဆွဲ​၍​ယော​န​ဒဒ်​အား​ရ​ထား ပေါ်​တက်​စေ​ပြီး​သော်၊-

ထို​နောက်​မိ​မိ​ကိုယ်​တိုင်​ရေ​ခပ်​၏​သား​ယော န​ဒပ်​နှင့်​အ​တူ ဗာ​လ​ဗိ​မာန်​ထဲ​သို့​ဝင်​၍​ထို အ​ရပ်​တွင်​ရှိ​သူ​တို့​အား``ဤ​နေ​ရာ​တွင်​ရှိ သော​သူ​တို့​သည်​ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု ကိုး​ကွယ်​သူ​များ​သာ​ဖြစ်​စေ​ရ​မည်။ ထာ​ဝရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​တစ်​စုံ တစ်​ယောက်​မျှ​မ​ပါ​မ​ရှိ​စေ​ရန် သင်​တို့ အ​သေ​အ​ချာ​စစ်​ဆေး​ကြ​လော့'' ဟု ဆို​၏။-

ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည် အ​ရေ​အ​တွက်​အား​ဖြင့်​နည်း​ပါး​၍၊ ခါ​နာန်​ပြည်​တွင်​သူ​စိမ်း​တစ်​ရံ​ဆံ​များ အဖြစ်​ဖြင့် နေ​ရ​ကြ​၏။

(စာ​ချုပ်​စာ​တမ်း​များ​ရေး​မှတ်​ကူး​ယူ​သည့် အ​တတ်​တွင် အ​ထူး​ကျွမ်း​ကျင်​ကုန်​သော​တိ ရ​သိ၊ ရှိ​မ​သိ​နှင့် စု​ခ​သိ​သား​ချင်း​စု​တို့ သည်​ယာ​ဗက်​မြို့​တွင်​နေ​ထိုင်​ကြ​၏။ ထို​သူ တို့​သည်​ရေ​ခပ်​အ​မျိုး​အ​နွယ်​များ​နှင့် အ​ပြန်​အ​လှန်​လက်​ထပ်​ထိမ်း​မြား​ခဲ့​ကြ သော​ကိ​နိ​အ​မျိုး​သား​များ​ဖြစ်​သ​တည်း။)

ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည် အ​ရေ​အ​တွက်​အား​ဖြင့်​နည်း​ပါး​၍​ခါ​နာန်​ပြည်​တွင် သူ​စိမ်း​တစ်​ရံ​ဆံ​များ​ဖြစ်​ကြ​၏။

``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​မည့်​ပြည်​တွင် အ​သက်​ရှည်​စွာ​နေ​ထိုင် နိုင်​ရန်​သင်​၏​မိ​ဘ​ကို​ရို​သေ​လော့။

အ​ကျွန်ုပ်​တို့​သည်​တဲ​ရှင်​များ​တွင်​နေ​ထိုင် ကြ​ပါ​သည်။ မိ​မိ​တို့​ဘိုး​ဘေး​ယော​န​ဒပ် ၏​ပ​ညတ်​ကို အ​ကြွင်း​မဲ့​လိုက်​နာ​ခဲ့​ကြ​ပါ ပြီ။-

ယော​န​ဒပ်​၏​သား​မြေး​တို့​သည်​စ​ပျစ်​ရည် မ​သောက်​ရန်​ယော​န​ဒပ်​ပေး​အပ်​ခဲ့​သည့်​ပ​ညတ် ကို​စောင့်​ထိန်း​ခဲ့​ကြ​လေ​ပြီ။ သူ​တို့​သည်​မိ​မိ တို့​ဘိုး​ဘေး​၏​အ​မိန့်​ကို​နာ​ခံ​ကြ​သည်​ဖြစ် ၍ ယ​နေ့​တိုင်​အောင်​အ​ဘယ်​သူ​မျှ​စ​ပျစ်​ရည် ကို​မ​သောက်​ကြ။ သို့​ရာ​တွင်​သင်​တို့​သည် ငါ​အ​ဖန်​ဖန်​အ​ထပ်​ထပ်​သင်​တို့​အား​ပြော ဆို​ခဲ့​သော်​လည်း​ငါ​၏​စ​ကား​ကို​နား​မ ထောင်။-

``သင်​နှင့်​သင်​၏​သား​တို့​သည်​စ​ပျစ်​ရည် သို့ မ​ဟုတ်​သေ​ရည်​သေ​ရက်​ကို​သောက်​၍​တဲ​တော် ထဲ​သို့​မဝင်​ရ။ ထို​သို့​ပြု​လျှင်​သင်​တို့​သေ​ရ မည်။ ဤ​ပ​ညတ်​ကို​သင်​တို့​၏​အ​ဆက်​အ​နွယ် အား​လုံး​စောင့်​ထိန်း​ရ​ကြ​မည်။-

သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ကြီး မြတ်​သူ​ဖြစ်​လိမ့်​မည်။ သူ​သည်​စ​ပျစ်​ရည်​နှင့် သေ​ရည်​သေ​ရက်​ကို​သောက်​လိမ့်​မည်​မ​ဟုတ်။ မွေး​က​တည်း​က​ပင်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် နှင့်​ပြည့်​ဝ​လိမ့်​မည်။-

ချစ်​ဆွေ​တို့၊ သင်​တို့​သည်​ဤ​လော​က​တွင်​ဧည့် သည်​အာ​ဂန္တု​အ​ဖြစ်​နှင့် မိ​မိ​တို့​အား​အ​မြဲ စစ်​ပြိုင်​တိုက်​ခိုက်​လျက်​နေ​သော​ကာ​ယ​တပ် မက်​မှု​များ​ကို​အ​ရှုံး​မ​ပေး​ရန် ငါ​တိုက်​တွန်း နှိုး​ဆော်​၏။-

သူ​သည်​စ​ပျစ်​နွယ်​ပင်​မှ​ရ​ရှိ​သည့်​အ​ရာ​ဟူ သ​မျှ​ကို​မ​စား​ရ။ စ​ပျစ်​ရည်​ကို​သော်​လည်း ကောင်း၊ သေ​ရည်​သေ​ရက်​ကို​သော်​လည်း​ကောင်း မ​သောက်​ရ။ တား​မြစ်​ထား​သည့်​အ​စား​အ​စာ မှန်​သ​မျှ​ကို​ရှောင်​ရ​မည်။ သူ​သည်​ငါ​မှာ​ကြား ခဲ့​သ​မျှ​သော​အ​ရာ​တို့​ကို​ပြု​ရ​မည်'' ဟု ပြန်​ပြော​လေ​သည်။

သို့​ရာ​တွင်​ကျွန်​မ​သည်​ကိုယ်​ဝန်​ဆောင်​၍ သား​ယောကျာ်း​ကို​ဖွား​မြင်​မည်​ဖြစ်​ကြောင်း ကို​မူ ဧ​ကန်​အ​မှန်​ပင်​ကျွန်​မ​အား​သူ​ပြော ပါ​၏။ က​လေး​သူ​ငယ်​သည်​အ​သက်​ရှင်​သ မျှ​ကာ​လ​ပတ်​လုံး​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ် ဖြင့် ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​ထား​သူ ဖြစ်​မည်​ဖြစ်​၍ ကျွန်​မ​အား​စ​ပျစ်​ရည်​ကို သော်​လည်း​ကောင်း၊ သေ​ရည်​သေ​ရက်​ကို​သော် လည်း​ကောင်း​မ​သောက်​ရန်​နှင့် တား​မြစ်​ထား သည့်​အစား​အ​စာ​မှန်​သ​မျှ​ကို​ရှောင်​ကြဉ် ရန်​ပြော​ပါ​သည်'' ဟု​ဆို​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ