ယေရမိ 35:2Common Language Bible``သင်သည်ရေခပ်သားချင်းစုအပေါင်းတို့ ထံသို့သွား၍စကားစမြည်ပြောပြီးလျှင် သူတို့အားဗိမာန်တော်အခန်းတစ်ခုသို့ ခေါ်ဆောင်ကာစပျစ်ရည်ကိုတိုက်လော့'' ဟုမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
လေဝိအိမ်ထောင်စုအချို့တို့သည်ဗိမာန် တော်တွင် ဂီတသီဆိုတီးမှုတ်မှုများကို တာဝန်ယူရကြ၏။ သူတို့၏အိမ်ထောင် ဦးစီးများသည်နေ့ရောညည့်ပါလုပ်ဆောင် ရန်လိုအပ်သဖြင့် ဗိမာန်တော်အဆောက် အအုံ အချို့တို့တွင်နေထိုင်ရကြ၍ အခြားတာဝန်ဝတ္တရားများမှကင်း လွတ်ခွင့်ရရှိကြ၏။
သင်တို့သည်ဗိမာန်တော်သို့မရောက်မချင်း ထိုပစ္စည်းများကိုစောင့်ထိန်းလျက် ဗိမာန်တော် ရှိယဇ်ပုရောဟိတ်တို့၏အခန်းများတွင် ချိန်တွယ်၍ ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ လေဝိအနွယ်ဝင်ခေါင်းဆောင်များ၊ ယေရုရှလင် မြို့ရှိဣသရေလပြည်သူတို့၏ခေါင်းဆောင် များလက်သို့ပေးအပ်ကြလော့'' ဟုမှာ ထား၏။-
ဘောဇဉ်ပူဇော်သကာများ၊ နံ့သာပေါင်း၊ ဗိမာန်တော်အသုံးအဆောင်များမှစ၍ ယဇ်ပုရောဟိတ်များအတွက်လှူရသော အလှူများနှင့်လေဝိအနွယ်ဝင်များ၊ ဗိမာန်တော်ဂီတပညာသည်များ၊ ဗိမာန် တော်အစောင့်တပ်သားများအတွက် ဆယ် ဖို့တစ်ဖို့ပေးလှူသောဆန်စပါး၊ စပျစ် ရည်နှင့်သံလွင်ဆီကိုသိုလှောင်ရန်အတွက် သာလျှင် အသုံးပြုသောအခန်းကြီးကို တောဘိအားအသုံးပြုခွင့်ပေးထားလေ သည်။-