Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 35:17

Common Language Bible

သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​က​တိ​ထား​ခဲ့​သည့်​ဘေး အန္တ​ရာယ်​ဆိုး​ကို​ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​များ​အ​ပေါ်​သို့​သက် ရောက်​စေ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင် တို့​သည်​ငါ​ပြော​သော​အ​ခါ​နား​မ​ထောင်၊ ငါ ခေါ်​သော​အ​ခါ​၌​မ​ထူး​ကြ​သော​ကြောင့် ဖြစ်​၏​ဟု​မိန့်​တော်​မူ​ကြောင်း​ပြော​ကြား လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

သက်​ရှိ​သတ္တ​ဝါ​ရှိ​သ​မျှ​တို့​ကို​သေ​ကြေ​ပျက် စီး​စေ​ရန် ကမ္ဘာ​မြေ​ကြီး​ပေါ်​မှာ​ရေ​လွှမ်း​မိုး​စေ မည်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ရှိ​ရှိ​သ​မျှ​တို့​သေ ကြေ​ပျက်​စီး​ရ​မည်။-

နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ်တရားတော်ကိုခန့်ညားသော သူမူကား၊ ချမ်းသာရလိမ့်မည်။

လူသည် မိမိကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်သဘော တို့ကို ချိန်တော်မူ၏။

``ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ်​ရန် လာ​စဉ်​အ​ခါ​က၊ အ​ဘယ်​ကြောင့်​သူ​တို့​သည်​ငါ့​အား​တုံ့​ပြန် ဖြေ​ကြား​မှု​မ​ပြု​ကြ​ပါ​သ​နည်း။ ငါ​ခေါ်​သော​အ​ခါ​အ​ဘယ်​ကြောင့်​မ​ထူး​ကြ ပါ​သ​နည်း။ ငါ​သည်​သူ​တို့​ကို​ကယ်​နိုင်​စွမ်း​မ​ရှိ​အောင်​ပင် အား​အင်​ချည့်​နဲ့​၍​နေ​ပါ​သ​လော။ ပင်​လယ်​ကို​အ​မိန့်​ပေး​၍​ငါ​ခန်း​ခြောက်​စေ​နိုင်​၏။ မြစ်​များ​ကို​သဲ​ကန္တာ​ရ​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​နိုင်​၏။ ထို​မြစ်​တို့​တွင်​ရေ​မ​ရှိ​သ​ဖြင့်​ငါး​များ သေ​ကြ​ကုန်​၏။

ဋ္ဌား​နှင့်​အ​သေ​သတ်​ခြင်း​ခံ​ရ​လိမ့်​မည်။ သင် တို့​သည်​ငါ​ခေါ်​သော​အ​ခါ​မ​ထူး​ကြ။ ငါ ပြော​သော​အ​ခါ​နား​မ​ထောင်​ကြ။ သင်​တို့ သည်​ငါ​၏​ရှေ့​တွင်​ဒု​စ​ရိုက်​ပြု​လျက် ငါ​မ နှစ်​သက်​သော​အ​ရာ​ကို​လုပ်​ဆောင်​ကြ​၏။-

ထို့​ကြောင့်​ငါ​သည်​သူ​တို့​ကြောက်​လန့်​လျက် ရှိ​သည့်​ဘေး​အန္တရာယ်​ဆိုး​ကို​ပင်​သူ​တို့​အ​ပေါ် သို့​သက်​ရောက်​စေ​တော်​မူ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​ငါ​ခေါ်​သော​အ​ခါ​အ​ဘယ်​သူ​မျှ မ​ထူး​ကြ။ ငါ​ပြော​သော​အ​ခါ​၌​လည်း အ​ဘယ်​သူ​မျှ​နား​မ​ထောင်​ကြ​သော ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​ငါ့​စ​ကား​ကို နား​မ​ထောင်၊ ဒု​စ​ရိုက်​မှု​ပြု​ရန်​ကို​သာ ရွေး​ချယ်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

ထို့​ကြောင့်​သူ​တို့​အ​ပေါ်​သို့​ငါ​သက်​ရောက် စေ​မည့်​ဘေး​အန္တ​ရာယ်​ဆိုး​မှ​သူ​တို့​သည် လွတ်​မြောက်​ကြ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​သ​တိ​ပေး​၏။ ကူ​မ တော်​မူ​ရန်​သူ​တို့​ဟစ်​အော်​ကြ​သော​အ​ခါ ၌​လည်း​ငါ​နား​ထောင်​လိမ့်​မည်​မ​ဟုတ်။-

သို့​ရာ​တွင်​သူ​တို့​သည်​ငါ့​စ​ကား​ကို​နား​မ ထောင်​ကြ။ လိုက်​နာ​မှု​လည်း​မ​ပြု​ကြ။ သူ​တို့ အား​လုံး​ပင်​ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက်​ဆိုး ညစ်​မြဲ​ဆိုး​ညစ်​လျက်​နေ​ကြ​၏။ ငါ​သည်​သူ တို့​အား​လိုက်​နာ​ရန်​အ​မိန့်​ချ​မှတ်​ထား​လျက် နှင့်​သူ​တို့​မ​လိုက်​နာ​ကြ​သော ပ​ဋိ​ညာဉ်​တော် တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​ကျိန်​စာ​များ​ကို​သူ တို့​အ​ပေါ်​သို့​သက်​ရောက်​စေ​၏'' ဟု​မိန့်​တော် မူ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့ သည်​ခေါင်း​မာ​၍​ငါ​ပြော​သည့်​စ​ကား​ကို​နား မ​ထောင်​ကြ။ သို့​ဖြစ်​၍​ဤ​မြို့​နှင့်​အ​နီး​အ​နား ရှိ​မြို့​အ​ပေါင်း​တို့​အား ယ​ခင်​ငါ​ဖော်​ပြ​ခဲ့ သည့်​အ​တိုင်း​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​မည်'' ဟု မိန့်​တော်​မူ​ကြောင်း​သူ​တို့​အား​ဆင့်​ဆို​၏။

ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ဘု​ရင်​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​အနန္တ​တန်​ခိုး​ရှင်၊ ငါ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား​ထောင် ကြ​လော့။ ငါ​သည်​ကြား​သိ​ရ​သူ​တို့​ထိတ်​လန့် သည်​တိုင်​အောင်​ဆိုး​ရွား​သည့်​ဘေး​အန္တ​ရာယ် ကို​ဤ​အ​ရပ်​သို့​သက်​ရောက်​စေ​တော်​မူ​မည်။-

သင်​တို့​ထံ​သို့​ထပ်​ကာ​ထပ်​ကာ​ငါ​စေ​လွှတ် သည့် ငါ​၏​အ​စေ​ခံ​ပ​ရော​ဖက်​တို့​၏​စ​ကား ကို​ပ​မာ​ဏ​ပြု​ရ​ကြ​မည်။ သင်​တို့​သည်​သူ တို့​၏​စ​ကား​ကို​အ​ဘယ်​အ​ခါ​၌​မျှ​နား မ​ထောင်​ခဲ့​ကြ။-

သူ​တို့​သည်​ငါ့​ကို​ကျော​ခိုင်း​ကြ​၏။ ငါ​သည် သူ​တို့​အား​ဆက်​လက်​၍​သွန်​သင်​ပါ​သော် လည်း သူ​တို့​သည်​နား​မ​ထောင်​လို​ကြ။ ဆုံး​မ​ပဲ့​ပြင်​မှု​ကို​မ​ခံ​ယူ​လို​ကြ။-

သင်​တို့​ကူး​လွန်​ခဲ့​ကြ​သည့်​အ​ပြစ်​များ အ​တွက် ငါ​သည်​သင်​နှင့်​သင်​၏​သား​မြေး​တို့ အား​သင့်​မှူး​မတ်​များ​နှင့်​အ​တူ​အ​ပြစ်​ဒဏ် ခတ်​မည်။ သင်​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​များ၊ ယု​ဒ​ပြည်​သား​များ​သည်​ငါ သ​တိ​ပေး​ခဲ့​သည်​ကို​ပ​မာ​ဏ​မ​ပြု​ကြ။ သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​ခြိမ်း​ခြောက်​ခဲ့​သည့် ဘေး​အန္တ​ရာယ်​ဆိုး​ကို သင်​တို့​အ​ပေါ်​သို့ သက်​ရောက်​စေ​မည်​ဟု​မိန့်​တော်​မူ​ကြောင်း ပြန်​ကြား​ပြော​ဆို​လော့'' ဟု​မိန့်​မှာ တော်​မူ​၏။

သင်​တို့​သည်​အ​ထက်​က​ငါ​ဖော်​ပြ​ခဲ့​သည့် အ​ပြစ်​အ​ပေါင်း​ကို​ကူး​လွန်​ကြ​လေ​ပြီ။ အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ငါ​ပြော​သော်​လည်း သင်​တို့​နား​မ​ထောင်​ကြ။ သင်​တို့​အား​ငါ ခေါ်​သော​အ​ခါ​၌​မ​ထူး​ကြ။-

သို့​ဖြစ်​၍​သင်​တို့​ကြောင့်​ဇိ​အုန်​မြို့​သည် ထွန်​ယက်​ထား​သော​လယ်​ကွက်​သ​ဖွယ်​ဖြစ် လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​ကျောက်​ပုံ ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တည်​ရာ​တောင် သည်​တော​အ​တိ​ဖြစ်​လိမ့်​မည်။

သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ပတ်​သက်​၍​မူ​ကား``ငါ့​ကို​ဆန့်​ကျင်​ပုန်​ကန်​၍ ငါ​၏​စ​ကား​ကို​မ​နာ​ခံ​သော​လူ​မျိုး​အား ငါ​သည်​တစ်​နေ​ကုန်​လက်​ကမ်း​လျက်​ရှိ​၏'' ဟု ဟေ​ရှာ​ယ​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ