Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 34:4

Common Language Bible

အို ဇေ​ဒ​ကိ​မင်း၊ သင့်​ကို​ရည်​မှတ်​၍ ငါ​မိန့် မှာ​သည့်​စ​ကား​ကို​နား​ထောင်​လော့။ သင် သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​လိမ့်​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

မိက္ခာ​က​ဆက်​လက်​၍​အာ​ဟပ်​အား``ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို ယ​ခု​နား ထောင်​ပါ​လော့။ ထာ​ဝရ​ဘု​ရား​သည်​ကောင်း​ကင် ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော် မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​ပါး တော်​တွင် ကောင်း​ကင်​တ​မန်​များ​ရပ်​လျက်​နေ ကြ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။-

အ​ချင်း​ယာ​ကုပ်​၏​သား​မြေး၊ ဣ​သ​ရေ​လ အ​နွယ်​ဝင်​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ် တော်​ကို​နား​ထောင်​ကြ​လော့။

ဇေ​ဒ​ကိ​သည်​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​ခြင်း ကို​ခံ​ရ​၍ သူ့​အား​ငါ​မ​စီ​ရင်​မ​ချင်း​ထို​မြို့ တွင်​နေ​ရ​လိမ့်​မည်။ သူ​သည်​ဗာ​ဗု​လုန်​အ​မျိုး သား​တို့​အား​ပြန်​လှန်​၍​ပင်​တိုက်​ခိုက်​စေ​ကာ မူ​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏ ဟု​မိန့်​တော်​မူ​ကြောင်း​အ​ဘယ့်​ကြောင့်​ဟော ပြော​ကြေ​ညာ​ရ​သ​နည်း'' ဟု​ပြစ်​တင် စွပ်​စွဲ​၏။

သင်​သည်​သူ​၏​ဘေး​မှ​လွတ်​မြောက်​ရ​လိမ့် မည်​မ​ဟုတ်။ အ​ဖမ်း​ခံ​ရ​ကာ​သူ​၏​လက်​တွင်း သို့​သက်​ဆင်း​ရ​လိမ့်​မည်။ သင်​သည်​သူ​နှင့် မျက်​နှာ​ချင်း​ဆိုင်​တွေ့​ဆုံ​ပြော​ဆို​ပြီး​လျှင် ဗာ​ဗု​လုန်​မြို့​သို့​လိုက်​ပါ​သွား​ရ​လိမ့်​မည်။-

အေး​ချမ်း​စွာ​သေ​ရ​လိမ့်​မည်။ လူ​တို့​သည် သင်​၏​ဘိုး​ဘေး​များ​အ​တွက် နံ့​သာ​ပေါင်း ကို​မီး​ရှို့​ခဲ့​ကြ​သည့်​နည်း​တူ သင်​၏​အ​တွက် လည်း​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​လိမ့်​မည်။ သူ တို့​သည်`ငါ​တို့​ဘု​ရင်​ကွယ်​လွန်​ပြီ' ဟု​ဆို​၍ သင်​၏​အ​တွက်​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟူ​၍​မိန့်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန် ဤ​တံ​ခါး​မှ​ဝင်​ရောက်​လာ​ကြ​သည့်၊ အို ယု​ဒ ပြည်​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​ကြ​လော့။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား ၏​မိန့်​တော်​မူ​ချက်​ကို​နား​ထောင်​ကြ​လော့။ ဤ တိုင်း​ပြည်​တွင်​နေ​ထိုင်​သူ​တို့​အား​ထာ​ဝ​ရ ဘု​ရား​စွပ်​စွဲ​တော်​မူ​ချက်​ရှိ​ပေ​၏။ ကိုယ်​တော် က``ဤ​တိုင်း​ပြည်​တွင်​သစ္စာ​တ​ရား​မေတ္တာ တ​ရား​ဟူ​၍​မ​ရှိ။ ငါ​သည်​ဘု​ရား​ဖြစ်​သည် ဟု​ပြည်​သူ​တို့​က​အ​သိ​အ​မှတ်​မ​ပြု​ကြ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ