Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 34:21

Common Language Bible

ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နှင့်​မှူး​မတ်​များ​အား သူ တို့​ကို​သတ်​ဖြတ်​လို​သည့်​ရန်​သူ​များ​၏​လက် သို့​ငါ​ပေး​အပ်​မည်။ ငါ​သည်​သူ​တို့​အား​ယ​ခု အ​တိုက်​အ​ခိုက်​ရပ်​စဲ​လိုက်​သည့် ဗာ​ဗု​လုန် ဘုရင်​၏​တပ်​မ​တော်​လက်​သို့​ပေး​အပ်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ရန်​သူ​တို့​သည်​ဇေ​ဒ​ကိ​အား​နေ​ဗု​ခဒ်​နေ​ဇာ မင်း​ရှိ​ရာ​ရိ​ဗ​လ​မြို့​သို့​ခေါ်​ဆောင်​သွား​ကြ ရာ နေ​ဗု​ခဒ်​နေ​ဇာ​သည်​ထို​အ​ရပ်​၌​ပင်​စီ​ရင် ချက်​ချ​မှတ်​လေ​သည်။-

သင်​၏​အ​သက်​ကို​သတ်​လို​သူ​များ၊ သင် ကြောက်​ရွံ့​သူ​များ​၏​လက်​သို့​ပေး​အပ်​မည်။ သင့်​ကို​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ မင်း​နှင့်​သူ​၏​စစ်​သည်​များ​၏​လက်​သို့​ငါ ပေး​အပ်​မည်။-

ဇေ​ဒ​ကိ​မင်း​သည်​ငါ့​အား​ထို​အ​ရပ်​တွင် အ​ကျဉ်း​ချ​ထား​ပြီး​နောက်``ဤ​မြို့​ကို​ဗာ​ဗု လုန်​ဘု​ရင်​အား​ငါ​ပေး​အပ်​မည်။ သူ​သည် ဤ​မြို့​ကို​သိမ်း​ယူ​လိမ့်​မည်။-

ဇေ​ဒ​ကိ​မင်း​သည်​ဗာ​ဗု​လုန်​ပြည်​သား​တို့ ၏​ဘေး​မှ​လွတ်​မြောက်​ရ​လိမ့်​မည်​မ​ဟုတ်။ ဗာ​ဗု​လုန်​ဘု​ရင်​၏​လက်​တွင်း​သို့​သက်​ဆင်း ရ​ကာ​သူ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​တွေ့​ဆုံ​ပြော ဆို​ရ​လိမ့်​မည်။-

ရိ​ဗ​လ​မြို့​၌​ပင်​ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဇေ​ဒ ကိ​၏​မျက်​မှောက်​တွင် သူ​၏​သား​တော်​တို့​ကို ကွပ်​မျက်​စေ​လေ​သည်။ သူ​သည်​ယု​ဒ​မှူး​မတ် များ​ကို​လည်း​သတ်​စေ​၍၊-

ငါ​သည်​ယု​ဒ​ဘုရင်​ဇေ​ဒ​ကိ​ကို​မိ​မိ​အား သတ်​ဖြတ်​လို​၍ မိ​မိ​၏​ရန်​သူ​ဖြစ်​သော​ဗာ​ဗု လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​ထံ​အပ်​နှင်း​သ​ကဲ့ သို့ အီ​ဂျစ်​ဘု​ရင်​ဟော​ဖ​ရာ​ကို​လည်း​မိ​မိ အား​သတ်​ဖြတ်​လို​သော​ရန်​သူ​များ​လက် သို့​အပ်​နှင်း​မည်'' ဟု​မိန့်​တော်​မူ​ကြောင်း​လူ အ​ပေါင်း​တို့​အား အ​ထူး​သ​ဖြင့်​အ​မျိုး သ​မီး​များ​အား​ဆင့်​ဆို​လေ​သည်။

ရိ​ဗ​လ​မြို့​တွင်​ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဇေ ဒ​ကိ​၏​သား​တို့​ကို​ဖ​ခင်​၏​မျက်​မှောက်​၌ ပင်​လျှင်​ကွပ်​မျက်​စေ​လေ​သည်။ ယု​ဒ​မှူး​မတ် တို့​ကို​လည်း​ကွပ်​မျက်​စေ​သေး​၏။-

သို့​ရာ​တွင်​ဗာ​ဗု​လုန်​တပ်​မ​တော်​သား​တို့ သည်​ဇေ​ဒ​ကိ​မင်း​ကို​လိုက်​လံ​ဖမ်း​ဆီး​ကြ ရာ ယေ​ရိ​ခေါ​မြို့​အ​နီး​ရှိ​လွင်​ပြင်​တွင်​မိ လေ​သည်။ ဇေ​ဒ​ကိ​၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့ သည်​သူ့​အား​စွန့်​ပစ်​၍​ထွက်​ပြေး​ကြ​၏။-

သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​သည့်​ဘု​ရင် ငါ​တို့​၏​အ​သက်​သ​ခင်​ရန်​သူ​အ​ပေါင်း​တို့​၏​ဘေး​မှ ကွယ်​ကာ​စောင့်​ရှောက်​ရန်​ငါ​တို့​ယုံ​ကြည်​ကိုး​စား​သည့် အ​ရှင်​ကို​ဖမ်း​ဆီး​ကြ​ပါ​၏။

``ဤ​ပုံ​ဥ​ပ​မာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သိ​ကြ သ​လော​ဟု ထို​ပုန်​ကန်​တတ်​သည့်​သူ​တို့​အား​မေး မြန်း​လော့။ ဗာ​ဗု​လုန်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​လာ​၍ ဘု​ရင်​နှင့်​တ​ကွ​မှူး​မတ်​အ​ပေါင်း​တို့ ကို​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​သွား​သည့်​အ ကြောင်း​ကို​သူ​တို့​အား​ပြော​ပြ​လော့။-

အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည် နှင့်​အ​ညီ ဤ​မင်း​သည်​မိ​မိ​ကျိန်​ဆို​ထား သည့်​ကျမ်း​သစ္စာ​ကို​မ​လေး​စား​ဘဲ၊ မိ​မိ အား​နန်း​တင်​ခဲ့​သည့်​ဗာ​ဗု​လုန်​မင်း​နှင့် ချုပ်​ဆို​ထား​သည့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ် ကို​လည်း​ကောင်း ချိုး​ဖောက်​သည့်​အ​တွက် ဗာ​ဗု​လုန်​မြို့​တွင်​သေ​ရ​လိမ့်​မည်။-

ပိုက်​ကွန်​နှင့်​သူ့​ကို​ငါ​အုပ်​မည်။ ကျော့​ကွင်း​ကို ထောင်​၍​သူ့​အား​ငါ​ဖမ်း​မည်။ ဗာ​ဗု​လုန်​မြို့​သို့ ခေါ်​ဆောင်​သွား​ပြီး​လျှင်​ထို​မြို့​တွင်​သူ့​အား ဒဏ်​ခတ်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ သည်​ငါ့​ကို​သစ္စာ​ဖောက်​သော​ကြောင့်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ