Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 34:11

Common Language Bible

သို့​သော်​လည်း​ယင်း​သို့​လွတ်​လပ်​ခွင့်​ပေး​ပြီး သည်​နောက် စိတ်​သ​ဘော​ပြောင်း​လဲ​၍​ထို​သူ တို့​အား​ပြန်​လည်​ခေါ်​ယူ​ကာ အ​တင်း အ​ကြပ်​ကျွန်​ခံ​စေ​ကြ​ပြန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​မ​ကောင်း​မှု​ပြု​သူ​တို့​အား​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​သော​အ​ခါ နည်း​လမ်း​တော်​ကို​စွန့်​သူ​တို့​ကို​လည်း အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။

သူ​ပြော​ဆို​သော​စ​ကား​သည်​ညစ်​ညမ်း​၍ မု​သား​အ​တိ​ဖြစ်​၏။ သူ​သည်​အ​ကျင့်​ကောင်း​ကို​မ​ပြု​တော့​ပြီ၊ ပ​ညာ​သ​တိ​လည်း​မ​ရှိ​တော့​ပြီ။

တိုင်း​ပြည်​တွင်​အ​ခြေ​အ​နေ​ကောင်း​လာ​ကြောင်း ကို​တွေ့​မြင်​ရ​သော​အ​ခါ၊ ဘု​ရင်​သည်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ခေါင်း​မာ​မြဲ ခေါင်း​မာ​လျက် မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​စကား ကို​နား​မ​ထောင်​ဘဲ​နေ​လေ​၏။

ထို​အ​ခါ​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို​ခေါ်​၍ ``ငါ​နှင့်​ငါ​၏​ပြည်​သား​တို့​ထံ​မှ ဖား​တို့​ကို​ဖယ်​ရှား​ပေး​ရန်​ထာ​ဝ​ရ​ဘု​ရား ထံ​ဆု​တောင်း​ပါ​လော့။ သို့​ပြု​လျှင်​သင်​တို့​၏ အ​မျိုး​သား​များ ထာ​ဝ​ရ​ဘု​ရား​ကို​ယဇ် ပူ​ဇော်​ရန်​သွား​ခွင့်​ကို​ငါ​ပြု​မည်'' ဟု​ဆို​၏။

ငါ​တို့​သည်​မိုး​သီး​နှင့်​မိုး​ကြိုး​ဒဏ်​ကို​မ​ခံ နိုင်​တော့​ပြီ​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​ထံ​ဆု တောင်း​ပေး​ပါ​လော့။ ငါ​သည်​သင်​တို့​အား ချက်​ခြင်း​သွား​ခွင့်​ပေး​ပါ​မည်'' ဟု​ဆို​လေ​၏။

ခွေးသည် မိမိအန်ဖတ်ကို ပြန်၍စားတတ်သကဲ့ သို့၊ မိုက်သောသူသည် မိုက်သောအကျင့်ကို ပြန်၍ ကျင့်တတ်၏။

အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ် မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကို ပြုခြင်း ငှါ၊ ခိုင်မာစွာ သဘောထားကြ၏။

ပြည်​သူ​များ​နှင့်​ပြည်​သူ့​ခေါင်း​ဆောင်​အ​ပေါင်း တို့​သည် မိ​မိ​တို့​ကျေး​ကျွန်​များ​အား​လွတ်​လပ် ခွင့်​ပေး​ပြီး​လျှင် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ပြန် ၍​ကျွန်​စေ​စား​မှု​မ​ပြု​ပါ​ဟု​သ​ဘော​တူ​ညီ ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​ကျေး​ကျွန်​များ ကို​လွတ်​လပ်​ခွင့်​ပေး​ကြ​၏။-

ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊-

သို့​ရာ​တွင်​သင်​တို့​သည်​စိတ်​သ​ဘော​ထား ပြောင်း​လဲ​ကြ​ပြန်​၍​ငါ့​အား​အ​သ​ရေ​ဖျက် ကြ​၏။ သင်​တို့​အား​လုံး​ပင်​မိ​မိ​တို့​လွတ်​လပ် ခွင့်​ပေး​ခဲ့​ကြ​သည့်​ကျေး​ကျွန်​များ​ကို ပြန် လည်​ခေါ်​ယူ​ကာ​အ​တင်း​အ​ကြပ်​ကျွန်​ခံ စေ​ကြ​ပြန်​၏။-

ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နှင့်​မှူး​မတ်​များ​အား သူ တို့​ကို​သတ်​ဖြတ်​လို​သည့်​ရန်​သူ​များ​၏​လက် သို့​ငါ​ပေး​အပ်​မည်။ ငါ​သည်​သူ​တို့​အား​ယ​ခု အ​တိုက်​အ​ခိုက်​ရပ်​စဲ​လိုက်​သည့် ဗာ​ဗု​လုန် ဘုရင်​၏​တပ်​မ​တော်​လက်​သို့​ပေး​အပ်​မည်။-

ဤ​အ​တော​အ​တွင်း​၌​ဖာ​ရော​ဘု​ရင်​၏​တပ် မ​တော်​သည်​အီ​ဂျစ်​ပြည်​မှ​ချီ​တက်​၍​လာ​၏။ ယင်း​သို့​ချီ​တက်​လာ​ကြောင်း​ကို​ကြား​သိ ကြ​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက် လျက်​နေ​သည့်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည် ဆုတ်​ခွာ​သွား​ကြ​လေ​သည်။

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ အ​မျိုး​သား​နှင့်​ယု​ဒ​အ​မျိုး​သား​တို့၊ သင် တို့​ကို​ငါ​မည်​ကဲ့​သို့​စီ​ရင်​ရ​မည်​နည်း၊ ငါ့ အား​သင်​တို့​ထား​သော​မေတ္တာ​သည်​နံ​နက် ဆီး​နှင်း​ကဲ့​သို့​လည်း​ကောင်း၊ နှင်း​ပေါက်​ကဲ့ သို့​လည်း​ကောင်း​ပျောက်​လွယ်​လှ​၏။-

သူ​တို့​သည်​ငါ့​ကို​စွန့်​၍ တန်​ခိုး​မ​ရှိ​သော ဘု​ရား​ကို​ဆည်း​ကပ်​ကြ​၏။ သူ​တို့​သည် ကောက်​လိမ်​သော​လေး​ကဲ့​သို့​စိတ်​မ​ချ​ရ။ သူ​တို့​၏​ခေါင်း​ဆောင်​များ​သည်​မောက်​မာ စွာ​ပြော​ဆို​သော​ကြောင့် သေ​ခြင်း​ဆိုး​ဖြင့် သေ​ကြ​လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​အ​မျိုး သား​တို့​က​သူ​တို့​ကို​ပြက်​ရယ်​ပြု​ကြ လိမ့်​မည်။

ငါ့နောက်သို့မလိုက်တော့ဘဲ လှည့်၍ထွက် ခွာသွားသူများအားလည်းကောင်း၊ ငါ့ထံ မချဉ်းကပ် ငါ၏ပို့ဆောင်လမ်းပြမှုကို လည်းမတောင်းခံသူများအားလည်းကောင်း ငါသုတ်သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။

လူ​သည်​မိ​မိ​ရန်​သူ​ကို​ဖမ်း​ဆီး​ရ​မိ​ပြီး နောက် ဘယ်​အ​ခါ​၌​ချမ်း​သာ​ပေး​ဖူး​ပါ သ​နည်း။ ယ​နေ့​ငါ့​အား​သင်​ပြု​သော​အ​မှု အ​တွက် ဘု​ရား​သ​ခင်​သင့်​ကို​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။-

ရှော​လု​က​လည်း``ငါ​မှား​လေ​ပြီ။ ငါ့​သား​ဒါ​ဝိဒ်၊ ငါ့​ထံ​သို့​ပြန်​ခဲ့​လော့။ သင်​သည်​ယ​နေ့​ည​ငါ​၏ အ​သက်​ကို​ချမ်း​သာ​ပေး​ခဲ့​သ​ဖြင့် ငါ​သည်​သင့် အား​နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ဘေး​အန္တ​ရာယ် ပြု​တော့​မည်​မ​ဟုတ်။ ငါ​သည်​မိုက်​မဲ​သူ​ဖြစ် ချေ​ပြီ။ အ​လွန်​ဆိုး​ရွား​သည့်​အ​မှု​ကို​ပြု​မိ လေ​ပြီ​တ​ကား'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ