ယေရမိ 33:8Common Language Bibleပြည်သူတို့ငါ့အားပြစ်မှားခဲ့ကြသည့်အပြစ် များကိုဆေးကြောစင်ကြယ်စေမည်။ သူတို့ ၏အပြစ်များနှင့်ပုန်ကန်မှုတို့ကိုငါခွင့် လွှတ်မည်။- အခန်းကိုကြည့်ပါ။ |
``ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့် တောင်သို့သင်တို့အားပို့ဆောင်မည်။ ငါ့အား ဆုတောင်းပတ္ထနာပြုရာအိမ်တော်တွင် သင် တို့သည်ဝမ်းမြောက်ခွင့်ကိုရရှိကြလိမ့်မည်။ ငါ၏ယဇ်ပလ္လင်တွင်သင်တို့တင်လှူပူဇော် သည့်မီးရှို့ရာယဇ်တို့ကို ငါလက်ခံမည်။ ငါ ၏ဗိမာန်တော်ကိုလူမျိုးတကာတို့ ဆုတောင်း ပတ္ထနာပြုရာအိမ်တော်ဟုခေါ်ဝေါ်သမုတ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားကိုသိရန်အဘယ်သူမျှ မိမိတို့မြို့သူမြို့သားအချင်းချင်းကို လည်းကောင်း၊ ပြည်သူအချင်းချင်းကိုလည်း ကောင်းသွန်သင်ပေးရန်လိုလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်အငယ်ဆုံးသူမှ အကြီးမြတ်ဆုံးသူအထိငါ့ကိုသိ ကြလိမ့်မည်။ ငါသည်သူတို့၏အပြစ်များ ကိုဖြေလွှတ်မည်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုလည်းအမှတ်ရတော့မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ထိုအချိန်ကာလကျရောက်လာသောအခါ ငါသည်မိမိအသက်ရှင်ခွင့်ပေးထားသူတို့ ၏အပြစ်များကိုဖြေလွတ်ဖြေရှင်းမည်ဖြစ် ၍ ဣသရေလပြည်တွင်အပြစ်ဒုစရိုက်တစ် စုံတစ်ခုမျှတွေ့ရှိရလိမ့်မည်မဟုတ်။ ယုဒ ပြည်တွင်လည်းဆိုးညစ်မှုတစ်စုံတစ်ရာမျှ တွေ့ရှိရလိမ့်မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
သစ္စာရှိစွာသက်သေခံတော်မူထသော၊ သေ ခြင်းမှဦးစွာပထမရှင်ပြန်ထမြောက်တော် မူထသော၊ လောကီဘုရင်တို့ကိုအစိုးရ တော်မူထသောယေရှုခရစ်ထံတော်မှလည်း ကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကို သင်တို့ခံစားရကြပါစေသတည်း။ ငါတို့ကိုချစ်တော်မူ၍အသက်တော်ကိုစွန့် တော်မူခြင်းအားဖြင့် ငါတို့အားအပြစ်၏ အနှောင်အဖွဲ့မှလွတ်မြောက်စေတော်မူပြီး လျှင်၊-