ယေရမိ 33:4Common Language Bibleယေရုရှလင်မြို့ရှိအိမ်များနှင့်ယုဒဘုရင် ၏နန်းတော်သည် ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခံ ရသဖြင့်ပြိုပျက်ရလိမ့်မည်ဖြစ်ကြောင်း ဣသရေလအမျိုးသားတို့၏ဘုရားသခင်ငါထာဝရဘုရားမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
နန်းတော်ပင်လျှင်အထီးတည်းကျန်ရစ်၍ နေ ပြည်တော်ကြီးသည်လုံးဝလူသူဆိတ်ငြိမ် လျက်နေလိမ့်မည်။ ထိုမြို့တော်ကိုစောင့်ကြပ် ကာကွယ်ရာခံတပ်များနှင့်အိမ်များသည် လည်း ထာဝစဉ်ပျက်စီးယိုယွင်း၍နေလိမ့် မည်။ ထိုအရပ်တွင်မြည်းရိုင်းများလှည့်လည် သွားလာကာသိုးများကျက်စားကြလိမ့်မည်။
``ဗာဗုလုန်ပြည်သားတို့သည်ဤမြို့ကို ဝိုင်းရံသိမ်းပိုက်နိုင်ရန် မြေကတုတ်များ ကိုမြို့ပတ်လည်တွင်ဖို့လုပ်ထားကြပါပြီ။ သူတို့သည်တိုက်ခိုက်လျက်နေကြပါပြီ။ စစ်ဘေးငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် အနာရောဂါဘေးတို့ကြောင့် ဤမြို့သည် သူတို့၏လက်တွင်းသို့ကျရောက်ရပါ လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်မိမိမိန့်တော်မူခဲ့သမျှသော စကားများမှန်လျက်နေသည်ကိုတွေ့ မြင်တော်မူနိုင်ပါ၏။-
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ ဘုရင်တို့အားယေရုရှလင်မြို့ကိုဝိုင်းရံ ထားနိုင်ရန်သစ်ပင်များကိုခုတ်လှဲ၍ မြေ ကတုတ်များကိုဖို့စေခြင်းငှာအမိန့်ပေး တော်မူလေပြီ။ ကိုယ်တော်က``ဤမြို့သည် ညှင်းပန်းနှိပ်စက်မှုနှင့်ပြည့်နှက်လျက်ရှိ သဖြင့်ငါသည်ဤမြို့ကိုဒဏ်ခတ်မည်။-
ထာဝရဘုရားသည် မိမိ၏ယဇ်ပလ္လင်တော်ကိုလည်းကောင်း၊သန့်ရှင်း မြင့်မြတ်သည့်ဗိမာန်တော်ကိုလည်းကောင်း ပစ်ပယ်တော်မူ၍ရန်သူတို့အားဗိမာန်တော် နံရံများကိုဖြိုချခွင့်ပေးတော်မူ၏။ သူတို့သည်လည်းငါတို့ရွှင်လန်းဝမ်းမြောက်စွာ ကိုးကွယ်ဝတ်ပြုခဲ့ကြသည့်ဌာနတော်တွင် အောင်သံပေး၍ကြွေးကြော်ကြ၏။
ထိုအခါ`ယေရုရှလင်' ဟုရေးမှတ်ထားသော နိမိတ်ပြမြားသည် သူ၏ညာဘက်လက်တွင်း သို့ရောက်ရှိ၏။ ထိုမြားကသူ့အားမြို့ရိုးဖြို ရန်တုံးမောင်းများကိုသွားရောက်တပ်ဆင်ကာ သတ်ရန်အမိန့်ပေးလျက်စစ်တိုက်သံများ ကိုကြွေးကြော်ရန်လည်းကောင်း၊ တံခါးထု ဖွင့်ရန်တုံးမောင်းကိုလည်းကောင်း မြေကတုတ် များဖို့၍ကတုတ်ကျင်းများကိုတူးရန် လည်းကောင်းညွှန်ပြ၏။-