Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 33:21

Common Language Bible

ထို​နည်း​တူ​စွာ​ဒါ​ဝိဒ်​မင်း​မျိုး​ရိုး​မ​ပြတ်​စေ ရန်​နှင့် ငါ​၏​အ​မှု​တော်​ဆောင်​လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​မျိုး​မ​ပြတ်​စေ​ရန် ငါ့ အ​စေ​ခံ​ဒါ​ဝိဒ်​နှင့်​ငါ​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ် ကို​လည်း​ဖောက်​ဖျက်​၍​မ​ရ​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​နည်း​တူ​စွာ​ဘု​ရား​သ​ခင်​သည်​ငါ​၏​သား မြေး​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် မ​ပျက်​နိုင်​မ​ပြောင်း​လဲ​နိုင်​သော၊ထာ​ဝ​ရ ပ​ဋိ​ညာဉ်​ကို ငါ​နှင့်​ပြု​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ သို့​ဖြစ်​၍​ငါ​၏​လို​အင်​ဆန္ဒ​ပြည့်​စုံ​ပြီ။ ဤ​ကား​ငါ​၏​အောင်​ပွဲ​ပေ​တည်း။ ယင်း​သို့​ဖြစ်​စေ​ရန်​ဘု​ရား​သ​ခင်​သည် ဧ​ကန်​မု​ချ​စီ​မံ​တော်​မူ​လိမ့်​မည်။

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့် ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၍ သူ​၏​အ​မျိုး​မင်း​ရိုး မ​ပြတ်​စေ​ရန်​က​တိ​ထား​တော်​မူ​ခဲ့​သ​ဖြင့် ဒါ​ဝိဒ်​မင်း​ဆက်​ပျက်​သုဉ်း​သွား​စေ​ရန် အ​လို​တော်​မ​ရှိ​ချေ။

သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား`ဣသ​ရေ​လ​ပြည် တွင်​အ​ဘယ်​အ​ခါ​၌​မျှ​သင်​၏​အ​မျိုး​မင်း​ရိုး ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု ငါ​ပေး​ခဲ့​သည့် က​တိ​ကို​တည်​စေ​မည်။-

ငါ​သည်​ဤ​မြို့​တွင်​ဒါ​ဝိဒ်​၏​သား​မြေး​တစ်​ဦး​ကို ကြီး​မြတ်​သည့်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ခန့်​ထား​မည်။ ဤ​မြို့​တွင်​ငါ​ရွေး​ချယ်​သည့်​ဘု​ရင်​၏​အာ​ဏာ စက်​ကို တည်​စေ​မည်။

ငါ​သည်​သူ​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို ပျက်​ပြယ်​စေ​မည်​မ​ဟုတ်။ သူ့​အား​ပေး​ခဲ့​သော​က​တိ​တော်​တစ်​ခု​ကို​မျှ ရုပ်​သိမ်း​မည်​မ​ဟုတ်။

ဒါ​ဝိဒ်​၏​မျိုး​ရိုး​အ​ဘယ်​အ​ခါ​၌​မျှ​မ​တိမ်​ကော​ရ။ နေ​သည်​ထွန်း​လင်း​လျက်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သူ​၏​ရာ​ဇ​ပလ္လင်​ကို​တည်​မြဲ​စေ​မည်။

``အို ငါ​၏​လူ​မျိုး​တော်၊ငါ့​စ​ကား​ကို​နား​ထောင်​၍ ငါ့​ထံ​သို့​လာ​ကြ​လော့။ ဤ​သို့​ပြု​လျှင်​သင်​တို့​သည်​အ​သက်​ရှင်​ခွင့် ရ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​သင်​တို့​နှင့်​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု​ပြီး​လျှင်၊ ဒါ​ဝိဒ်​အား​က​တိ​ထား​ခဲ့​သည့်​ကောင်း​ချီး မင်္ဂ​လာ​များ​ကို​သင်​တို့​အား​ချ​ပေး​မည်။

``ကမ္ဘာ​မြေ​ကြီး​သစ်​နှင့်​မိုး​ကောင်း​ကင်​သစ် တို့​သည် ငါ​၏​တန်​ခိုး​တော်​အား​ဖြင့်​တည် မြဲ​လျက်​နေ​သ​ကဲ့​သို့၊ သင်​တို့​နာ​မည်​နာ​မ များ​နှင့်​သား​မြေး​တို့​သည်​တည်​မြဲ​လျက် နေ​လိမ့်​မည်။

ငါ​၏​ရှေ့​မှောက်​တွင်​ရပ်​လျက်​မီး​ရှို့​ရာ​ပူ​ဇော် သကာ​များ​ကို​ဆက်​သ​၍ ယဇ်​များ​ကို​ပူ​ဇော် ရန်​အ​ဘယ်​အ​ခါ​၌​မျှ​လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော​ဟိတ်​မျိုး​မ​ပြတ်​စေ​ရန်​လည်း ကောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​က​တိ​ပြု​၏'' ဟု မိန့်​တော်​မူ​၏။

ထို​အ​ခါ​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သော​လူ​မျိုး​ဟူ​သ​မျှ​သည်​သူ​၏​အ​မှု​ကို​ထမ်း​ရွက်​စေ​ခြင်း​ငှာ​ကိုယ်​တော်​သည်​သူ့​အား​စိုး​ပိုင်​ခွင့်​နှင့်​ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ရာ​ဇ​တန်​ခိုး​အာ​ဏာ​ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​၏။ သူ​၏​အာ​ဏာ​စက်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​မြဲ​၍ သူ​၏​နိုင်​ငံ​တော်​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ပျက်​သုဉ်း​ရ​လိမ့်​မည်​မ​ဟုတ်။

ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း​ငါ​၏ စ​ကား​တည်​လိမ့်​မည်။''

ကိုယ်​တော်​သည်​သူ​တို့​အား အ​ကျွန်ုပ်​တို့​ဘု​ရား​သခင်​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​နိုင်​ကြ​စေ​ရန် ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​ပေး​အပ်​တော်​မူ​၏။ သူ​တို့​သည်​လည်း​ကမ္ဘာ​လော​က​တွင် စိုး​စံ​ရ​သော​အ​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။'' ဟု​သီ​ချင်း​သစ်​ကို​သီ​ဆို​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ