Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 33:13

Common Language Bible

တောင်​ပေါ်​ဒေ​သ၊ တောင်​ခြေ​ဒေ​သ​နှင့်​ယု​ဒ ပြည်​တောင်​ဘက်​ဒေ​သ​တို့​၌​ရှိ​သော​မြို့​များ နှင့်​ဗင်္ယာ​မိန်​နယ်​မြေ​တွင်​လည်း​ကောင်း၊ ယေ​ရု ရှ​လင်​မြို့​နီး​နား​ပတ်​ဝန်း​ကျင်​မှ​ကျေး​ရွာ များ​နှင့်​ယု​ဒ​မြို့​များ​၌​လည်း​ကောင်း သိုး ထိန်း​တို့​သည်​မိ​မိ​တို့​သိုး​များ​ကို​တစ်​ဖန် ရေ​တွက်​လျက်​နေ​ကြ​လိမ့်​ဦး​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

လူ​တို့​သည်​ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​ပတ်​ဝန်း​ကျင်​ကျေး​ရွာ​များ​မှ​လာ​ရောက် ကြ​လိမ့်​မည်။ သူ​တို့​သည်​ဗင်္ယာ​မိန်​နယ်​မြေ၊ တောင်​ခြေ​ဒေ​သ​များ၊ တောင်​တန်း​ဒေ​သ​များ နှင့်​ယု​ဒ​ပြည်​တောင်​ပိုင်း​နယ်​မြေ​မှ​လာ​ရောက် ကြ​လိမ့်​မည်။ သူ​တို့​သည်​မီး​ရှို့​ရာ​ပူ​ဇော်​သကာ နှင့်​ယဇ်​များ​ကို​လည်း​ကောင်း၊ ဂျုံ​စ​ပါး​ပူ​ဇော် သကာ​များ၊ နံ့​သာ​ပေါင်း​နှင့်​ကျေး​ဇူး​တော်​ချီး မွမ်း​ရာ​ယဇ်​တို့​ကို​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား ၏​အိမ်​တော်​သို့​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။-

သူ​တို့​သည်​လာ​၍​ဇိ​အုန်​တောင်​ပေါ်​တွင် ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ ငါ​ချ​ပေး​သည့်​ကျေး​ဇူး​များ​ဖြစ်​သော ဂျုံ၊စပါး၊စ​ပျစ်​ရည်၊ဆီ၊သိုး​ငယ်​များ​နှင့်​ကျွဲ​နွား များ​ဖြင့်၊ ရွှင်​လန်း​ဝမ်း​မြောက်​လျက်​နေ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ရေ​ကို​ကောင်း​စွာ​ရ​ရှိ​သည့် ဥ​ယျာဉ်​ကဲ့​သို့​ဖြစ်​၍ နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ဝမ်း​နည်း​ပူ​ဆွေး ကြ​ရ​လိမ့်​မည်​မ​ဟုတ်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ဤ​ပြည် တွင်​အိမ်​များ​လယ်​ယာ​များ​နှင့်​စ​ပျစ်​ဥ​ယျာဉ် များ​ကို​နောက်​တစ်​ဖန်​အ​ရောင်း​အ​ဝယ်​ပြု လုပ်​ကြ​လိမ့်​ဦး​မည်​ဟု​မိန့်​တော်​မူ​လေ​ပြီ'' ဟု​မှာ​ကြား​၏။

လူ​တို့​သည်​လယ်​ယာ​များ​ကို​ဝယ်​ယူ​ကာ စာ ချုပ်​များ​ကို​အ​သိ​သက်​သေ​တို့​ရှေ့​တွင်​လက် မှတ်​ရေး​ထိုး​၍​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​ကြ​လိမ့် မည်။ သူ​တို့​သည်​ဤ​အမှု​တို့​ကို​ဗင်္ယာ​မိန်​နယ် နှင့်​ယေ​ရု​ရှ​လင်​မြို့​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ ကျေး​ရွာ​များ​၌​လည်း​ကောင်း၊ ယု​ဒ​မြို့​ရွာ များ၊ တောင်​ပေါ်​ဒေ​သ၊ တောင်​ခြေ​ဒေ​သ​နှင့် တောင်​ဘက်​ယု​ဒ​ပြည်​၌​လည်း​ကောင်း​ပြု ကြ​လိမ့်​မည်။ ငါ​သည်​လူ​တို့​အား​မိ​မိ​တို့ ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​မိန့်​မြွက်​တော် မူ​၏။

``ငါ​သည်​သင်​တို့​ကို​ပိုင်​ပိုင်​နိုင်​နိုင်​အုပ် ထိန်း​၍ ပ​ဋိ​ညာဉ်​တော်​အ​တိုင်း​လိုက်​နာ စေ​မည်။-

မွေး​မြူ​ထား​သော​နွား၊ သိုး၊ ဆိတ်၊ တို့​ကို​ရေ​တွက် လော့။ ယင်း​တို့​အ​နက်​ဆယ်​ကောင်​လျှင်​တစ် ကောင်​ကျ​ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​၏။-

ဣ​သ​ရေ​လ​ပြည်​မြောက်​ပိုင်း​မှ​ပြည်​နှင်​ဒဏ် သင့်​သူ​တို့​၏​တပ်​မ​တော်​သည်​ပြန်​လာ​၍၊ မြောက်​ဘက်​ရှိ​ဇ​ရတ္တ​မြို့​တိုင်​အောင်​ဖို​နိ​ရှ ပြည်​ကို သိမ်း​ယူ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​မှ​ပြည်​နှင်​ဒဏ်​သင့်​၍ သေ​ဖ​ရဒ်​မြို့​သို့ ရောက်​ရှိ​နေ​သူ​များ​သည် ယု​ဒ​ပြည်​တောင်​ပိုင်း​မြို့​များ​ကို​သိမ်း​ယူ ကြ​လိမ့်​မည်။

``သင်​တို့​တွင်​တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သိုး​အ​ကောင်​တစ်​ရာ​ရှိ​၍​တစ်​ကောင်​ပျောက် လျှင်​မည်​သို့​ပြု​မည်​နည်း။ သူ​သည်​ကျန်​ကိုး​ဆယ့် ကိုး​ကောင်​ကို​စား​ကျက်​တွင်​ထား​ခဲ့​၍ ပျောက် သော​သိုး​ကို​မ​တွေ့​မ​ချင်း​ရှာ​မည်​မ​ဟုတ် လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ