Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 32:43

Common Language Bible

ဤ​ပြည်​သည်​လူ​နှင့်​တိ​ရစ္ဆာန်​ကင်း​မဲ့​သည့် သဲ​ကန္တာ​ရ​ကဲ့​သို့​ဖြစ်​လိမ့်​မည်​ဟူ​၍​လည်း ကောင်း၊ ဗာ​ဗု​လုန်​ပြည်​သား​တို့​၏​လက်​တွင်း သို့​ကျ​ရောက်​ရ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း လူ​တို့​ပြော​ဆို​နေ​ကြ​၏။ သို့​ရာ​တွင်​ဤ ပြည်​ရှိ​လယ်​ယာ​များ​ကို​အ​ရောင်း​အ​ဝယ် ပြု​လုပ်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ဤ​ပြည် တွင်​အိမ်​များ​လယ်​ယာ​များ​နှင့်​စ​ပျစ်​ဥ​ယျာဉ် များ​ကို​နောက်​တစ်​ဖန်​အ​ရောင်း​အ​ဝယ်​ပြု လုပ်​ကြ​လိမ့်​ဦး​မည်​ဟု​မိန့်​တော်​မူ​လေ​ပြီ'' ဟု​မှာ​ကြား​၏။

သို့​ရာ​တွင် အို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ဤ​မြို့​ကို​ဗာ​ဗု​လုန်​ပြည်​သား​တို့​သိမ်း​ပိုက် အံ့​ဆဲ​ဆဲ​၌​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန် တော်​မျိုး​အား​အ​သိ​သက်​သေ​များ​ရှေ့​တွင် လယ်​မြေ​ကို​ဝယ်​ယူ​ရန်​အ​မိန့်​ပေး​တော် မူ​ပါ​သည်​တ​ကား'' ဟု​လျှောက်​လေ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရ​မိ၊ ဤ​မြို့ သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး နှင့်​အ​နာ​ရော​ဂါ​ဘေး​တို့​ကြောင့် ဗာ​ဗု​လုန် ဘု​ရင်​၏​လက်​တွင်း​သို့​ကျ​ရောက်​ရ​လိမ့်​မည် ဟု​ပြည်​သူ​တို့​ပြော​ဆို​နေ​ကြ​၏။ နောက်​ထပ် ငါ​မိန့်​မှာ​ရန်​ရှိ​သည့်​စ​ကား​ကို​ယ​ခု​နား ထောင်​လော့။-

ထာ​ဝ​ရ​ဘု​ရား​က``ဤ​အ​ရပ်​သည်​သဲ​ကန္တာ ရ​ကဲ့​သို့​လူ​သူ​တိ​ရစ္ဆာန်​များ​ကင်း​မဲ့​ရာ​ဖြစ် ၏​ဟု လူ​တို့​ပြော​ဆို​လျက်​နေ​ကြ​၏။ ယု​ဒ မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​လမ်း​များ တွင်​လူ​သူ​တိ​ရစ္ဆာန်​များ​ဆိတ်​သုဉ်း​လျက် နေ​သည်​ဆို​ခြင်း​မှာ​မှန်​ပေ​၏။ သို့​ရာ​တွင် ထို​အ​ရပ်​တို့​တွင်၊-

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``လူ​နှင့် တိ​ရစ္ဆာန်​ကင်း​မဲ့​၍​သဲ​ကန္တာ​ရ​နှင့်​တူ​သော ဤ ပြည်​တွင်​သိုး​ကျောင်း​သား​တို့​သိုး​များ​ကို ထိန်း​ကျောင်း​ရာ​စား​ကျက်​များ​ရှိ​လာ​လိမ့် ဦး​မည်။-

သူ​တို့​သည်​ထို​အ​ရပ်​တွင်​ဘေး​မဲ့​လုံ​ခြုံ​စွာ နေ​ရ​ကြ​လိမ့်​မည်။ အိမ်​များ​ကို​ဆောက်​၍ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​ကြ​လိမ့်​မည်။ သူ​တို့​အား​မ​ထီ​မဲ့​မြင်​ပြု​ခဲ့​သူ​အိမ်​နီး ချင်း​အ​ပေါင်း​တို့​အား​ငါ​ဒဏ်​ပေး​သော အ​ခါ​ဘေး​မဲ့​လုံ​ခြုံ​လိမ့်​မည်။ ဣ​သ​ရေ​လ ပြည်​သည်​ဘေး​ကင်း​၍​နေ​လိမ့်​မည်။ ထို အ​ခါ​ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သူ တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ