ယေရမိ 32:33Common Language Bibleသူတို့သည်ငါ့ကိုကျောခိုင်းကြ၏။ ငါသည် သူတို့အားဆက်လက်၍သွန်သင်ပါသော် လည်း သူတို့သည်နားမထောင်လိုကြ။ ဆုံးမပဲ့ပြင်မှုကိုမခံယူလိုကြ။- အခန်းကိုကြည့်ပါ။ |
သစ်ပင်အား`အရှင်သည်အကျွန်ုပ်အဖဖြစ်ပါ သည်' ဟူ၍လည်းကောင်း၊ ကျောက်တုံးအား`အရှင် သည်အကျွန်ုပ်အမိဖြစ်ပါသည်' ဟူ၍လည်း ကောင်းသင်တို့ပြောဆိုကြ၏။ သင်တို့သည်ငါ ၏ဘက်သို့မလှည့်၊ ငါ့အားကျောခိုင်း၍သွား ကြ၏။ သို့ရာတွင်သင်တို့သည်ဘေးအန္တရာယ် တွေ့သောအခါ၌မူကား၊ ငါ့အားကြွလာ တော်မူ၍သင်တို့ကိုကူမတော်မူရန်လျှောက် ထားကြ၏။
ငါသည်မိမိ၏အစေခံပရောဖက်များကို သင်တို့ထံသို့အဖန်ဖန်အထပ်ထပ်စေလွှတ် ခဲ့၏။ သူတို့ကလည်းသင်တို့အားမိမိတို့ အကျင့်ဆိုးများကိုစွန့်ပစ်၍ ဖြောင့်မှန်ရာ ကိုပြုကျင့်ကြရန်ပြောကြားခဲ့ကြ၏။ သင် တို့သည်မိမိတို့နှင့်ဘိုးဘေးတို့အားငါပေး အပ်ခဲ့သည့်ပြည်တော်တွင် ဆက်လက်နေထိုင် နိုင်ကြမည့်အကြောင်းအခြားဘုရားများ ကိုရှိမခိုးဝတ်မပြုကြရန်သင်တို့အား သတိပေးခဲ့ကြ၏။ သို့ရာတွင်သင်တို့သည် ငါ၏စကားကိုနားမထောင်ကြ။ ငါ့အား လည်းပမာဏမပြုကြ။-
သို့ဖြစ်၍ကိုယ်တော်သည်ငါ့အား ဗိမာန်တော်အတွင်းတံတိုင်းသို့ခေါ်ဆောင်သွားတော်မူ၏။ ဗိမာန်တော်အဝင်ဝအနီးယဇ်ပလ္လင်နှင့်ဆင်ဝင်စပ်ကြား၌ လူနှစ်ဆယ့်ငါးယောက်ခန့်ရှိ၏။ သူတို့သည်ဗိမာန်တော်ကိုကျောခိုင်းလျက်အရှေ့ဘက်သို့မျက်နှာမူလျက် ထွက်ပြူလာသောနေမင်းအားရှိခိုးနေကြ၏။