Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 32:27

Common Language Bible

``ငါ​သည်​လူ​သား​အ​ပေါင်း​တို့​၏​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ငါ​မ​တတ် နိုင်​လောက်​အောင်​ခက်​ခဲ​သည့်​အ​မှု​အ​ရာ ဟူ​၍​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​မ​တတ်​နိုင်​သော​အ​ရာ​ဟူ​၍​ရှိ ပါ​သ​လော။ ငါ​ပြော​ခဲ့​ပြီး​သည့်​အ​တိုင်း​နောက် ကိုး​လ​ကြာ​လျှင် ငါ​ပြန်​လာ​ဦး​မည်။ ထို​အ​ခါ စာ​ရာ​သည်​သား​ကို​ရ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ အား​မိန့်​တော်​မူ​၏။

ထို့​နောက်​ဧ​လိ​ရှဲ​သည်​ဆက်​၍``ဤ​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ပြု​ရန်​လွယ်​ကူ​သော​အ​မှု ဖြစ်​၏။ ကိုယ်​တော်​သည်​မော​ဘ​ပြည်​သား​တို့ အား သင်​တို့​၏​လက်​သို့​အပ်​တော်​မူ​လိမ့်​မည်။-

သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင် သည်​ကျွန်​တော်​မျိုး​တို့​၏​ဖ​ခင်​ဖြစ်​တော်​မူ ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ရွှံ့​စေး​နှင့်​တူ​၍ ကိုယ်​တော်​ရှင်​မူ​ကား​အိုး​ထိန်း​သည်​နှင့်​တူ ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့ အား​ဖန်​ဆင်း​တော်​မူ​ခဲ့​သည့်​အ​ရှင်​ဖြစ် သ​ဖြင့်၊-

``အို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော် ရှင်​သည်​မ​ဟာ​တန်​ခိုး​အာ​နု​ဘော်​တော်​အား ဖြင့်​ကမ္ဘာ​မိုး​မြေ​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​မ​တတ်​နိုင်​လောက်​အောင်​ခက်​ခဲ သော​အ​ရာ​ဟူ​၍​မ​ရှိ​ပါ။-

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား၊-

``ငါ့​ကို​ဟစ်​ခေါ်​လော့။ ငါ​ထူး​မည်။ စိုး​စဉ်း​မျှ သင်​မ​သိ​နား​မ​လည်​သည့်​ထူး​ဆန်း​အံ့​သြ ဖွယ်​ကောင်း​သော​အ​မှု​အ​ရာ​များ​ကို​သင့် အား​ငါ​ဖော်​ပြ​မည်။-

``ဤ​အ​မှု​အ​ရာ​များ​သည်​ယ​ခု​အ​ခါ​ကျန် ကြွင်း​နေ​သူ ယု​ဒ​အ​မျိုး​သား​တို့​အ​တွက်​ဖြစ် နိုင်​ဖွယ်​မ​ရှိ​ဟု​ထင်​မှတ်​ရ​သော်​လည်း ငါ​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​တွက်​မူ​ကား ဖြစ်​နိုင်​သည်​သာ​တည်း။-

ထာ​ဝ​ရ​ဘု​ရား​က``ငါ​မ​တတ်​နိုင်​သည့်​အ​ရာ ရှိ​သ​လော။ ငါ​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ဖြစ် မည်​မ​ဖြစ်​မည်​ကို​သင်​မ​ကြာ​မီ​တွေ့​မြင်​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​မြေ ပေါ်​တွင်​ပျပ်​ဝပ်​၍`အို ဘု​ရား​သ​ခင်၊ ကိုယ် တော်​သည်​လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​၏​အ​သက် သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ လူ​တစ်​ဦး​တစ် ယောက်​၏​အ​ပြစ်​ကြောင့်​တစ်​မျိုး​သား​လုံး ကို​အ​မျက်​ထွက်​တော်​မူ​မည်​လော'' ဟု လျှောက်​ထား​လေ​သည်။

``အ​သက်​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှင်၊ ကိုယ်​တော် ၏​လူ​မျိုး​တော်​သည်​သိုး​ထိန်း​မ​ရှိ​သော​သိုး များ​ကဲ့​သို့ အား​ကိုး​ရာ​မဲ့​မ​ဖြစ်​စေ​ခြင်း​ငှာ သူ​တို့​ကို​ခေါင်း​ဆောင်​၍၊-

သ​ခင်​ယေ​ရှု​သည် သူ​တို့​ကို​စိုက်​ကြည့်​တော်​မူ လျက် ``လူ​သည်​မိ​မိ​ကိုယ်​ကို​ကယ်​တင်​ရန်​မ​တတ် နိုင်။ ဘု​ရား​သ​ခင်​မူ​ကား အ​ရာ​ခပ်​သိမ်း​ကို​တတ် နိုင်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။

လူ​အ​ပေါင်း​တို့​သည်​ဘု​ရား​သ​ခင်​၏​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို​တွေ့​မြင်​ရ​ကြ​လတ္တံ့' ဟု တော​ကန္တာ​ရ​တွင်​လူ​တစ်​ယောက်​သည် ကြွေး​ကြော်​လျက်​နေ​၏။

သား​တော်​သည်​မိ​မိ​လက်​သို့​အပ်​နှင်း​ထား သူ​တို့​အား​ထာ​ဝ​ရ​အ​သက်​ကို​ပေး​နိုင်​ရန် ကိုယ်​တော်​သည်​လူ​သား​အ​ပေါင်း​တို့​ကို စိုး​ပိုင်​သော​တန်​ခိုး​အာ​ဏာ​ကို​ပေး​တော် မူ​ပါ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ