ယေရမိ 32:25Common Language Bibleသို့ရာတွင် အို ထာဝရအရှင်ဘုရားသခင်၊ ဤမြို့ကိုဗာဗုလုန်ပြည်သားတို့သိမ်းပိုက် အံ့ဆဲဆဲ၌ပင်လျှင် ကိုယ်တော်ရှင်သည်ကျွန် တော်မျိုးအားအသိသက်သေများရှေ့တွင် လယ်မြေကိုဝယ်ယူရန်အမိန့်ပေးတော် မူပါသည်တကား'' ဟုလျှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
သူတို့နှင့်သူတို့ဘိုးဘေးများအားငါ ပေးအပ်ခဲ့သည့်ပြည်တွင် သူတို့တစ်စုံတစ် ယောက်မျှမကြွင်းမကျန်တော့သည့်တိုင် အောင် ငါသည်သူတို့အပေါ်သို့စစ်မက်ဘေး အန္တရာယ်ကိုလည်းကောင်း၊ အစာငတ်မွတ် ခေါင်းပါးခြင်းဘေးနှင့်အနာရောဂါဘေး ကိုလည်းကောင်းသက်ရောက်စေမည်'' ဟုမိန့် တော်မူ၏။
``ဗာဗုလုန်ပြည်သားတို့သည်ဤမြို့ကို ဝိုင်းရံသိမ်းပိုက်နိုင်ရန် မြေကတုတ်များ ကိုမြို့ပတ်လည်တွင်ဖို့လုပ်ထားကြပါပြီ။ သူတို့သည်တိုက်ခိုက်လျက်နေကြပါပြီ။ စစ်ဘေးငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် အနာရောဂါဘေးတို့ကြောင့် ဤမြို့သည် သူတို့၏လက်တွင်းသို့ကျရောက်ရပါ လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်မိမိမိန့်တော်မူခဲ့သမျှသော စကားများမှန်လျက်နေသည်ကိုတွေ့ မြင်တော်မူနိုင်ပါ၏။-
ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပင်လျှင် ငါ့ညီဟာနမေလသည်ငါရှိရာအချုပ် ထောင်ဝင်းအတွင်းသို့လာ၍``ဗင်္ယာမိန်နယ်မြေ တွင်းရှိဒေသတွင်ရှိသည့်အကျွန်ုပ်၏လယ် မြေကိုဝယ်ယူပါ။ သင်သည်အကျွန်ုပ်နှင့်အနီး ဆုံးဆွေမျိုးတော်စပ်သဖြင့် ထိုမြေကိုဝယ်ယူ သိမ်းပိုက်နိုင်ခွင့်ရှိပါသည်'' ဟုဆို၏။ ထိုအခါ ငါသည်ဤအမှုကိုပြုရန်ထာဝရဘုရား မိန့်မှာထားတော်မူသည်ကိုသိသဖြင့်၊-
သို့သော်လည်းသင်တို့သည်ငါ၏စကားကို နားမထောင်၊ မိမိတို့ဟေဗြဲအမျိုးသား အချင်းချင်းတို့အားလည်း လွတ်လပ်ခွင့် မပေးခဲ့ကြဟုငါထာဝရဘုရားမြွက် ဆို၏။ ထို့ကြောင့်သင်တို့အားစစ်ဘေး၊ အနာ ရောဂါဘေးနှင့်ငတ်မွတ်ခေါင်းပါးခြင်းဘေး တို့ဖြင့် လွတ်လပ်စွာသေရခြင်းတည်းဟူ သောလွတ်လပ်ခွင့်ကိုငါပေးမည်။ ငါသည် သင်တို့အားပြုသည့်အမှုကြောင့် ကမ္ဘာပေါ် ရှိလူမျိုးတကာတို့သည်ထိတ်လန့်တုန် လှုပ်ကြလိမ့်မည်။-