ယေရမိ 31:5Common Language Bibleရှမာရိတောင်ကုန်းများပေါ်တွင်စပျစ်ဥယျာဉ် များကိုတစ်ဖန်စိုက်ပျိုးလျက် ယင်းသို့စိုက်ပျိုး သူတို့သည်ထိုဥယျာဉ်များမှထွက်သည့်အသီး များကိုစားသုံးရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
သူတို့သည်ထိုအရပ်တွင်ဘေးမဲ့လုံခြုံစွာ နေရကြလိမ့်မည်။ အိမ်များကိုဆောက်၍ စပျစ်ဥယျာဉ်များကိုစိုက်ပျိုးကြလိမ့်မည်။ သူတို့အားမထီမဲ့မြင်ပြုခဲ့သူအိမ်နီး ချင်းအပေါင်းတို့အားငါဒဏ်ပေးသော အခါဘေးမဲ့လုံခြုံလိမ့်မည်။ ဣသရေလ ပြည်သည်ဘေးကင်း၍နေလိမ့်မည်။ ထို အခါငါသည်သူတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူကြောင်း သူ တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ငါသည်ငါ၏လူမျိုးတော်ကိုနေရင်း ပြည်သို့ ပြန်လည်ဆောင်ယူလာမည်။ သူတို့သည်ပြိုလဲနေသောမြို့များကို ပြန်လည်တည်ဆောက်ကြ၍ ထိုမြို့များ၌ပြန်လည်နေထိုင်ခွင့်ရကြ လိမ့်မည်။ စပျစ်ခြံများကိုစိုက်ပျိုး၍စပျစ်ရည် သောက်ခွင့်ရကြလိမ့်မည်။ ဥယျာဉ်များကိုစိုက်ပျိုးကြ၍ ကိုယ်တိုင်စိုက်သောသီးနှံတို့ကိုကိုယ်တိုင် စားရသောအခွင့်ရကြလိမ့်မည်။
``ယုဒပြည်တောင်းပိုင်းမှလူတို့သည် ဧဒုံပြည် ကိုလည်းကောင်း၊ အနောက်တောင်ခြေဒေသများမှလူတို့က ဖိလိတ္တိပြည်ကိုလည်းကောင်းသိမ်းယူကြ လိမ့်မည်။ ဣသရေလအမျိုးသားတို့သည်၊ဧဖရိမ်နှင့် ရှမာရိနယ်မြေများကိုပိုင်ဆိုင်ရကြလျက်၊ ဗင်္ယာမိန်လူမျိုးတို့ကဂိလဒ်ပြည်ကိုရရှိကြ လိမ့်မည်။
ဒါဝိဒ်က``အကျွန်ုပ်၏ငယ်သားတို့သည်ကာမ ရာဂစပ်ယှက်မှုနှင့်ကင်းလွတ်ကြပါ၏။ သူတို့ သည်သာမန်ကိစ္စနှင့်ခရီးထွက်သည့်အခါ၌ ပင်လျှင် ဘာသာရေးကျင့်ဝတ်အရသန့်စင်မှု ရှိအောင်နေထိုင်ကြသည်ဖြစ်၍ ယခုကဲ့သို့ အထူးကိစ္စနှင့်ခရီးထွက်ချိန်၌ပို၍သန့် စင်အောင်နေကြပါသည်'' ဟုပြော၏။