ယေရမိ 31:40Common Language Bibleလူသေအလောင်းများနှင့်အမှိုက်များစွန့်ပစ် ရာချိုင့်ဝှမ်းတစ်ခုလုံးသည်လည်းကောင်း၊ အရှေ့ ဘက်မြင်းတံခါးတိုင်အောင်ကေဒြုန်ချောင်း အထက်ရှိလယ်ပြင်အပေါင်းသည်လည်းကောင်း ငါ့အဖို့မြင့်မြတ်သန့်ရှင်းရာဖြစ်လိမ့်မည်။ ဤမြို့တော်ကိုနောက်တစ်ဖန်အဘယ်အခါ ၌မျှဖြိုချဖျက်ဆီးရလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အာခတ်မင်းစံခဲ့သည့်အဆောင်တော်အထက် ရှိနန်းတော်အမိုးပေါ်တွင်ယုဒဘုရင်တို့ တည်ဆောက်ထားသည့်ယဇ်ပလ္လင်များကိုလည်း ကောင်း၊ ဗိမာန်တော်ဝင်းနှစ်ခုအတွင်းမနာရှေ မင်းဆောက်လုပ်ခဲ့သော ယဇ်ပလ္လင်များကိုလည်း ကောင်းယောရှိမင်းသည်ဖြိုဖျက်၍ကြေမွ အောင်ဖျက်ဆီးပြီးလျှင် ကေဒြုန်ချိုင့်ဝှမ်း ထဲသို့ပစ်ချလိုက်လေသည်။-
သင်တို့ဘုရားသခင်ထာဝရဘုရားသည်၊သင် တို့အား ကာကွယ်စောင့်ရှောက်တော်မူ၍၊ ``ငါသည်အမျက်ထွက်သဖြင့်သင်တို့အား ပေးအပ်ခဲ့သည့်ခွက်ဖလားကို သင်တို့လက်မှပြန်လည်ရုပ်သိမ်းတော်မူမည်။ သင်တို့အားယိမ်းယိုင်မူးဝေစေသည့်စပျစ်ရည်ကို သင်တို့သောက်ရကြတော့မည်မဟုတ်။
ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက``ယေရမိ၊ ဤမြို့ သည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှင့်အနာရောဂါဘေးတို့ကြောင့် ဗာဗုလုန် ဘုရင်၏လက်တွင်းသို့ကျရောက်ရလိမ့်မည် ဟုပြည်သူတို့ပြောဆိုနေကြ၏။ နောက်ထပ် ငါမိန့်မှာရန်ရှိသည့်စကားကိုယခုနား ထောင်လော့။-
သူတို့သည်မိမိတို့ဘိုးဘေးများနေထိုင် ခဲ့ကြသည့်ပြည်တည်းဟူသောငါ၏အစေ ခံယာကုပ်အား ငါပေးအပ်သည့်ပြည်တွင် နေထိုင်ရကြလိမ့်မည်။ သူတို့နည်းတူသူ တို့၏သားသမီးများနှင့်အဆက်အနွယ် အပေါင်းတို့သည်ထိုပြည်တွင်အစဉ်အမြဲ နေထိုင်ရကြလိမ့်မည်။ ငါ၏အစေခံဒါဝိဒ် ကဲ့သို့သောဘုရင်သည်သူတို့ကိုအစဉ် အုပ်စိုးလိမ့်မည်။-
ထာဝရဘုရားက``ဣသရေလအမျိုးသားတို့ ထိုအခါငါသည်သင်တို့၏ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်ပေါ်တွင်ကျိန်းဝပ်တော်မူပေသည်။ ယေရုရှလင်မြို့သည်သန့်ရှင်းမြင့်မြတ်လိမ့်မည်။ လူမျိုးခြားတို့သည်ထိုမြို့ကိုနောက်တစ်ဖန် အဘယ်အခါ၌မျှနိုင်နင်းရကြလိမ့်မည် မဟုတ်။