Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 31:37

Common Language Bible

လူ​တို့​သည်​မိုး​ကောင်း​ကင်​ကို​တိုင်း​တာ​နိုင်​၍ ကမ္ဘာ​မြေ​ကြီး​၏​အုတ်​မြစ်​ကို​ရှာ​ဖွေ​ကြည့်​ရှု နိုင်​သည့်​အ​ခါ​ကျ​ရောက်​မှ​သာ​လျှင်၊ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​ပြည်​သား​တို့ အား သူ​တို့​ပြု​ခဲ့​သည့်​အ​ပြစ်​အ​ပေါင်း​အ​တွက် ကြောင့် ပစ်​ပယ်​တော်​မူ​လတ္တံ့။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

မြေကြီးမျက်နှာတပြင်လုံးကို ကြည့်ရှုဘူး သလော။ အလုံးစုံကို သိမြင်လျှင်ဘော်ပြလော့။

ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​သည်​ကာ​လ​အ​စဉ် တည်​တော်​မူ​၍ သစ္စာ​တော်​သည်​လည်း​မိုး​ကောင်း​ကင်​ကဲ့​သို့ ခိုင်​မြဲ​တော်​မူ​ကြောင်း​ကျွန်​တော်​မျိုး​သိ​ပါ​၏။

ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း။ အဘယ်သူဆင်းလာသနည်း။ အဘယ်သူသည် လေကို မိမိလက်နှင့် ဆုပ်ထားသနည်း။ အဘယ်သူသည် ရေကို အဝတ်နှင့် ထုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူတည်စေသနည်း။ ထိုသို့ပြုသောသူ၏ အမည် နှင့်သူ၏သားအမည်ကား အဘယ်သို့နည်း။ သင်ပြော နိုင်သလော။

သ​မုဒ္ဒ​ရာ​ရေ​ကို​လက်​ခုပ်​ဖြင့်​ချင်​တွယ်​နိုင်​သူ၊ သို့​တည်း​မ​ဟုတ်၊မိုး​ကောင်း​ကင်​ကို​လက်​နှင့်​ထွာ​၍ တိုင်း​တာ​နိုင်​သူ​ရှိ​ပါ​သ​လော။ မြေ​ဆီ​လွှာ​ရှိ​သ​မျှ​ကို​ခွက်​ဖ​လား​တွင်​ထည့် ထား​နိုင်​သူ၊ သို့​တည်း​မ​ဟုတ်​တောင်​ကြီး​တောင်​ငယ်​တို့​ကို ချိန်​ခွင်​နှင့်​ချိန်​စက်​နိုင်​သူ​ရှိ​ပါ​သ​လော။

``ငါ​သည်​ကမ္ဘာ​မြေ​ကြီး​ကို​နောက်​တစ်​ဖန် ရေ​လွှမ်း​မိုး​စေ​လိမ့်​မည်​မ​ဟုတ်​ဟု နော​ဧ​၏​လက်​ထက်​၌​က​တိ​ပြု​ခဲ့​၏။ သင်​တို့​အား​နောက်​တစ်​ဖန် အ​မျက်​ထွက်​တော်​မူ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ယ​ခု​ငါ​က​တိ​ပြု​ပါ​၏။ ငါ​သည်​သင်​တို့​အား​ပြစ်​တင်​ဆုံး​မ​မှု​နှင့် အ​ပြစ်​ဒဏ်​ခတ်​မှု​ကို​ပြု​လိမ့်​မည်​မ​ဟုတ်​ပါ။

ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​ကို​ငါ​ကယ်​တင် မည်။ ယု​ဒ​အ​နွယ်​ဝင်​တို့​ကို​ကောင်း​ချီး​ပေး မည်။ ယု​ဒ​၏​သား​မြေး​များ​သည်​တောင်​ပေါ် ဒေ​သ​များ​ဖြစ်​သော ငါ​၏​ပြည်​တော်​ကို အ​ပိုင်​ရ​ရှိ​ကြ​လိမ့်​မည်။ ငါ​၏​ကျွန်​ငါ ၏​လူ​မျိုး​တော်​သည်​ထို​ပြည်​တွင်​နေ​ထိုင်​၍ အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်။-

ငါ​သည်​ကယ်​တင်​ရန်​သင်​တို့​ထံ​လာ​မည်။ သင်​တို့​အား​ငါ​ကွဲ​လွင့်​စေ​ခဲ့​ရာ​နိုင်​ငံ တ​ကာ​တို့​အား ဖျက်​ဆီး​မည်။ သို့​ရာ​တွင်​သင်​တို့​ကို​မူ​ဖျက်​ဆီး​မည်​မ​ဟုတ်။ ငါ​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ ထား​မည်​မ​ဟုတ်​သော်​လည်း အ​ပြစ်​ဒဏ်​ခတ်​သော​အ​ခါ​၌​မူ​ကား တ​ရား​သ​ဖြင့်​ပြု​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ငါ​သည်​မိုး​ကောင်း​ကင်​ကြယ်​တာ​ရာ​များ​နှင့် ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​များ​ကဲ့​သို့​ရေ​တွက် ၍​မ​ရ​နိုင်​အောင် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏​သား မြေး​များ​နှင့်​ငါ​၏​အ​မှု​တော်​ဆောင်​လေ​ဝိ အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ရေ အ​တွက်​ကို​တိုး​ပွား​များ​ပြား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

ငါ​သည်​သင်​တို့​ထံ​သို့​ကြွ​လာ​၍ သင်​တို့​အား​ကယ်​တင်​မည်။ သင်​တို့​အား​ငါ​ကွဲ​လွင့်​စေ​ခဲ့​ရာ နိုင်​ငံ​တ​ကာ​တို့​ကို​ငါ​ဖျက်​ဆီး​မည်။ သို့​ရာ​တွင်​သင်​တို့​ကို​မူ​ဖျက်​ဆီး​မည် မ​ဟုတ်။ ငါ​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ ထား​မည်​မ​ဟုတ်​သော်​လည်း၊ အ​ပြစ်​ဒဏ်​ခတ်​သော​အ​ခါ​၌​မူ​ကား​မျှ​တ​စွာ ဒဏ်​ခတ်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​ကြား​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ