ယေရမိ 31:27Common Language Bible``ဣသရေလပြည်နှင့်ယုဒပြည်ကိုလူများ၊ တိရစ္ဆာန်များနှင့်ငါပြည့်နှက်စေမည့်အချိန် ကာလကျရောက်လာလိမ့်မည်ဖြစ်ကြောင်း ငါ ထာဝရဘုရားမြွက်ဆို၏။- အခန်းကိုကြည့်ပါ။ |
ငါသည်လူတိရစ္ဆာန်တို့ကိုတိုးပွားများ ပြားစေမည်။ ယခင်အခါများထက်သင် တို့ဦးရေကိုများစေမည်။ သင်တို့သားသမီး များစွာထွန်းကားလိမ့်မည်။ ယခင်ကကဲ့သို့ နေထိုင်ခွင့်ပေးမည်။ ယခင်အခါများထက် ပို၍ကြီးပွားချမ်းသာစေမည်။ ထိုအခါ ငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်းသင်တို့သိရှိကြလိမ့်မည်။-
ငါသည်ငါ၏လူမျိုးတော်ကိုပြည်တော်တွင်နေ ထိုင်စေ၍ သူတို့အားကြီးပွားတိုးတက်စေမည်။ ငါသည်``မေတ္တာမဲ့'' နာမည်ခံသူတို့ကို ချစ်ခင်မြတ်နိုးမည်။ ``ငါ၏လူမျိုးတော်မဟုတ်'' နာမည်ခံသူတို့ကို ငါက`သူတို့သည်ငါ၏လူမျိုးတော်ဖြစ်သည်' ဟု မိန့်တော်မူ၍ သူတို့က``ကိုယ်တော်သည်အကျွန်ုပ်တို့၏ ဘုရားသခင် ဖြစ်သည်'' ဟုပြန်၍လျှောက်ထားကြလိမ့်မည်။
သင်တို့သည်ဤပညတ်ကျမ်းတွင်ရေးထား သော ဤပညတ်တော်ရှိသမျှကိုစောင့်ထိန်း ၍၊ ကိုယ်တော်ထံသို့စိတ်နှလုံးအကြွင်းမဲ့ ပြန် လည်ဆည်းကပ်လျှင်၊ ကိုယ်တော်သည်သင်တို့ ပြုလေသမျှတို့ကို တိုးတက်အောင်မြင် စေတော်မူလိမ့်မည်။ သင်တို့သည်သားသမီး များစွာရလိမ့်မည်။ သိုးနွားတိရစ္ဆာန်များစွာ ပိုင်ရလိမ့်မည်။ သင်တို့၏လယ်များမှအသီး အနှံများစွာထွက်လိမ့်မည်။ ကိုယ်တော်သည် သင်တို့၏ဘိုးဘေးတို့အား ကောင်းချီးပေး ရာတွင်အားရဝမ်းမြောက်တော်မူသကဲ့သို့ သင်တို့ကိုကောင်းချီးပေးရာ၌လည်းအားရ ဝမ်းမြောက်တော်မူလိမ့်မည်။