Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 30:7

Common Language Bible

ထိတ်​လန့်​ဖွယ်​ကောင်း​သည့်​နေ့​ရက်​ကာ​လ​သည် ကျ​ရောက်​လာ​လိမ့်​မည်။ အ​ခြား​အ​ဘယ်​နေ့​ရက်​ကို​မျှ​ထို​နေ့​ရက်​နှင့် နှိုင်း​ယှဉ်​၍​မ​ရ။ ထို​နေ့​ရက်​သည်​ယာ​ကုပ်​အ​မျိုး​ဆင်း​ရဲ​ဒုက္ခ ရောက်​ရ​ကြ​မည့်​နေ့​ရက်​ဖြစ်​၏။ သို့​ရာ​တွင်​သူ​တို့​သည်​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

37 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ယာ​ကုပ်​သည်​အ​လွန်​ကြောက်​ရွံ့​၍ စိတ်​ပူ​ပန်​သ​ဖြင့် သူ​နှင့်​အ​တူ​ရှိ​သော​သူ​တို့ ကို​လည်း​ကောင်း၊ သိုး၊ ဆိတ်၊ နွား​နှင့်​ကု​လား​အုတ် တို့​ကို​လည်း​ကောင်း​နှစ်​စု​ခွဲ​၍​ထား​လိုက်​၏။-

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ဣ​သ​ရေ​လ​လူ​မျိုး​အား ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​ပါ။

သူ​တော်​ကောင်း​သည်​ဆင်း​ရဲ​ဒုက္ခ​များ​စွာ ရောက်​ရ​တတ်​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား ယင်း​ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​၏။

ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ဖိ​လိတ္တိ​ကမ်း​ခြေ​တွင်​နေ​ထိုင်​ကြ​သူ​တို့​သည်``ငါ တို့​အား​အာ​ရှု​ရိ​ဘု​ရင်​၏​ဘေး​မှ​ကာ​ကွယ်​စောင့် ရှောက်​ရန် ငါ​တို့​မှီ​ခို​အား​ကိုး​ခဲ့​သည့်​လူ​တို့​၏ ဖြစ်​အင်​ကို​ကြည့်​ကြ​လော့။ ငါ​တို့​သည်​အ​ဘယ် သို့​လျှင်​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နိုင်​ကြ​ပါ မည်​နည်း'' ဟု​ဆို​ကြ​လိမ့်​မည်။

ကိုယ်​တော်​ရှင်​သာ​လျှင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏ မျှော်​လင့်​ရာ​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​ဒုက္ခ​ရောက်​သော​အ​ခါ ကူ​မ​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​ပြည်​တွင်​ဧည့်​သည်​ကဲ့​သို့၊ တစ်​ညဥ့်​မျှ​သာ​တည်း​ခို​သည့်​ခ​ရီး​သည်​ကဲ့​သို့ ပြု​တော်​မူ​ပါ​သ​နည်း။

သစ်​ပင်​အား`အ​ရှင်​သည်​အ​ကျွန်ုပ်​အ​ဖ​ဖြစ်​ပါ သည်' ဟူ​၍​လည်း​ကောင်း၊ ကျောက်​တုံး​အား`အ​ရှင် သည်​အ​ကျွန်ုပ်​အ​မိ​ဖြစ်​ပါ​သည်' ဟူ​၍​လည်း ကောင်း​သင်​တို့​ပြော​ဆို​ကြ​၏။ သင်​တို့​သည်​ငါ ၏​ဘက်​သို့​မ​လှည့်၊ ငါ့​အား​ကျော​ခိုင်း​၍​သွား ကြ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ဘေး​အန္တ​ရာယ် တွေ့​သော​အ​ခါ​၌​မူ​ကား၊ ငါ့​အား​ကြွ​လာ တော်​မူ​၍​သင်​တို့​ကို​ကူ​မ​တော်​မူ​ရန်​လျှောက် ထား​ကြ​၏။

``မိ​မိ​တို့​အ​တွက်​သင်​တို့​ပြု​လုပ်​ထား​သည့် ဘု​ရား​များ​ကား​အ​ဘယ်​မှာ​နည်း။ သင်​တို့​ဒုက္ခ ရောက်​ချိန်​ထို​ဘု​ရား​များ​ကယ်​နိုင်​လျှင်​ကယ် စေ​ကြ​လော့။ အို ယု​ဒ​ပြည်၊ သင်​၏​မြို့​တို့​သည် များ​ပြား​သ​ကဲ့​သို့ သင်​ပြု​လုပ်​သော​ဘု​ရား တို့​သည်​လည်း​များ​ပြား​လှ​ပါ​သည်​တ​ကား။-

``ငါ​၏​ကျွန်​ယာ​ကုပ်၊မ​ကြောက်​ကြ​နှင့်။ ဣ​သ​ရေ​လ​ပြည်​သား​တို့​ထိတ်​လန့်​တုန်​လှုပ်​မှု မ​ဖြစ်​ကြ​နှင့်။ သုံ့​ပန်း​များ​အ​ဖြစ်​နှင့်​သင်​တို့​နေ​ရ​ကြ​သော ပြည်၊ ထို​ဝေး​လံ​သော​ပြည်​မှ​သင်​တို့​အား ငါ​ကယ်​ဆယ်​မည်။ သင်​တို့​သည်​ပြန်​လာ​၍​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် ရ​ကြ​လိမ့်​မည်။ သင်​တို့​သည်​ဘေး​မဲ့​လုံ​ခြုံ​မှု​ကို​ရ​ရှိ​ကြ လိမ့်​မည်။ အ​ဘယ်​သူ​မျှ​သူ​တို့​အား​ချောက်​လှန့် ရ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စကား ဖြစ်​၏။

သူ​သည်​အ​နီး​အ​နား​မှ​ဖြတ်​သန်း​သွား​လာ​သူ အ​ပေါင်း​တို့​အား​အော်​ပြော​သည်​မှာ ``ငါ့​ကို​ကြည့်​ကြ​ပါ။ ငါ​ခံ​ရ​သော​ဝေ​ဒ​နာ မျိုး​ကို အ​ဘယ်​သူ​မျှ​မ​ခံ​ရ​ဘူး​ပါ။ ဤ​ကဲ့​သို့​သော​ဝေ​ဒ​နာ​မျိုး​ရှိ​ဖူး​ပါ​သ​လော။ ထို​ဝေ​ဒ​နာ​သည်​ထာ​ဝ​ရ​ဘု​ရား အ​မျက်​တော်​ထွက်​၍​ငါ့​အား​ခံ​စား​စေ​သည့် ဝေ​ဒ​နာ​ဖြစ်​ပါ​၏။''

အို ယေ​ရု​ရှ​လင်​မြို့၊ ငါ​ချစ်​မြတ်​နိုး​သော​မြို့၊ အ​ဘယ်​သို့​ပြော​ဆို​ရ​ပါ​မည်​နည်း။ အ​ဘယ်​သို့​နှစ်​သိမ့်​မှု​ကို​ပေး​ရ​ပါ​မည်​နည်း။ အ​ဘယ်​သူ​မျှ​ဤ​ကဲ့​သို့​ဒုက္ခ​မ​ရောက်​ခဲ့​ဘူး​ပါ။ သင်​၏​ဘေး​အန္တ​ရာယ်​သည်​သ​မုဒ္ဒ​ရာ​သ​ဖွယ် အ​တိုင်း​မ​သိ​ကျယ်​ဝန်း​ပါ​၏။ မျှော်​လင့်​စ​ရာ​မ​ရှိ​နိုင်​ပါ။

ငါ​၏​လူ​မျိုး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လက် တော်​ဖြင့် ရုတ်​တ​ရက်​ပြို​လဲ​ပျက်​စီး​ရ​သည့် သော​ဒုံ​မြို့​ထက်​အ​ပြစ်​ဒဏ်​ပို​၍​ခံ​ရ ပါ​၏။

ပိတ်​ချော​အ​င်္ကျီ​ကို​ဝတ်​ဆင်​ထား​သော ကောင်း​ကင်​တ​မန်​က``ထို​ကာ​လ​၌​ကြီး မြတ်​သော​ကောင်း​ကင်​တ​မန်​မိက္ခေ​လ​သည် ပေါ်​လာ​လိမ့်​မည်။ သူ​သည်​သင်​၏​အ​မျိုး​သား များ​ကို​စောင့်​ထိန်း​သော​သူ​ဖြစ်​၏။ ထို​နောက် လူ​မျိုး​အ​ပေါင်း​တို့​ဖြစ်​ပေါ်​လာ​ချိန်​မှ​အ​စ ပြု​၍ အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြုံ​ဘူး​သော ဆင်း​ရဲ​ဒုက္ခ​များ​ဆိုက်​ရောက်​ရာ​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ​၌​ဘု​ရား​သ​ခင်​၏​စာ​စောင်​တော်​တွင်​စာ​ရင်း​ဝင် သူ သင်​၏​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လွတ်​မြောက်​ကြ​လိမ့်​မည်။-

ကိုယ်​တော်​သည်​မိ​မိ​မိန့်​တော်​မူ​ခဲ့​သည် အ​တိုင်း အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​သူ​တို့​အား အ​ပြစ်​ဒဏ်​ပေး​တော် မူ​ပါ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​အား​ကမ္ဘာ​ပေါ် ရှိ​အ​ခြား​မြို့​များ​ထက်​ပို​၍ ပြင်း​ထန်​စွာ အ​ပြစ်​ပေး​တော်​မူ​ပါ​၏။-

ယု​ဒ​ပြည်​သား​တို့​နှင့်​ဣ​သ​ရေ​လ​ပြည် သား​တို့​သည်​ပြန်​လည်​ပေါင်း​စည်း​ကြ​လိမ့် မည်။ သူ​တို့​သည်​သူ​တို့​အ​တွက်​ခေါင်း​ဆောင် တစ်​ဦး​ကို​ရွေး​ကောက်​တင်​မြှောက်​ကြ​လိမ့် မည်။ သူ​တို့​သည်​မိ​မိ​တို့​နိုင်​ငံ​တွင်​ကြီး​ပွား တိုး​တက်​လာ​ကြ​လိမ့်​မည်။ ယေ​ဇ​ရေ​လ​နေ့ သည်​နေ့​ကြီး​ရက်​ကြီး​ဖြစ်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ​သည်​နီး​ကပ်​လာ​လေ​ပြီ။ ထို​ကာ​လ​တွင်​အ​နန္တ​တန်​ခိုး​ရှင်​သည် ဘေး​အန္တ​ရာယ်​ဆိုး​ကို​သက်​ရောက်​စေ​တော်​မူ​လိမ့်​မည်။ ထို​နေ့​ရက်​သည်​အ​ဘယ်​မျှ​ကြောက်​မက်​ဖွယ်​ကောင်း​လိမ့်​မည်​နည်း။

အ​ချင်း​အ​သက်​ကြီး​သူ​တို့​ငါ​ပြော​သည်​ကို​အာ​ရုံ​စိုက်​ကြ​လော့။ ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​နား​ထောင်​ကြ​လော့။ သင်​တို့​ခေတ်​၌​သော်​လည်း​ကောင်း​သင်​တို့​ဘိုး​ဘေး​များ​၏​ခေတ်​၌​သော်​လည်းကောင်း၊ ဤ​အ​မှု​အ​ရာ​မျိုး​ဖြစ်​ပျက်​ဖူး​သ​လော။

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​တပ်​မ​တော်​ကို မိုး​ကြိုး​သံ​နှင့် တူ​သည့်​အ​သံ​ဖြင့်​အ​မိန့်​ပေး​တော်​မူ​၏။ ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​နာ​ယူ​ကြ​သူ စစ်​သည်​တပ်​သား​များ​သည်၊ အ​ရေ​အ​တွက်​အား​ဖြင့်​များ​၏။ တန်​ခိုး ကြီး​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​ကာ​လ​သည် အ​ဘယ်​မျှ​ကြောက်​မက်​ဖွယ်​ကောင်း​ပါ​သ​နည်း။ ထို​နေ့​ရက်​ကာ​လ​ကို​အ​ဘယ်​သူ လွန်​မြောက်​နိုင်​ပါ​မည်​နည်း။

ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​နေ့​ကြီး မ​ကျ​မ​ရောက်​မီ၊ နေ​သည်​မှောင်​မိုက်​၍​သွား​လိမ့်​မည်။ လ​သည် လည်း သွေး​ကဲ့​သို့​နီ​မြန်း​၍​လာ​လိမ့်​မည်။

သင်​သည်​အ​ဘယ်​ကြောင့်​ကျယ်​လောင်​စွာ အော်​ဟစ်​ရ​ပါ​သ​နည်း။ မီး​ဖွား​သော​မိန်း​မ ကဲ့​သို့​အ​ဘယ်​ကြောင့်​ဝေ​ဒ​နာ​ခံ​နေ​ရ ပါ​သ​နည်း။ သင်​၌​အုပ်​စိုး​မည့်​ရှင်​ဘု​ရင် မ​ရှိ​သော​ကြောင့်​လော၊ သင်​၏​အ​တိုင်​ပင် ခံ​များ​အ​နိစ္စ​ရောက်​ကုန်​ကြ​သော​ကြောင့် လော။-

မှောင်​မိုက်​လည်း​ရှိ​တော့​မည်​မ​ဟုတ်၊ ထူး​ခြား သော​နေ့​ဖြစ်​မည်။ ညဥ့်​အ​ချိန်​၌​ပင်​လျှင် အ​စဉ်​အ​မြဲ​နေ​ရောင်​လင်း​၍​နေ​လိမ့်​မည်။ အ​ဘယ်​အ​ခါ​၌​ဤ​သို့​ဖြစ်​ပျက်​လာ​မည် ကို​မူ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ လျှင်​သိ​တော်​မူ​၏။

အ​နန္တ​တန်​ခိုး​နှင့်​ထာ​ဝရ​ဘု​ရား​က``မာန် မာ​န​ထောင်​လွှား​သူ​နှင့်​ယုတ်​မာ​သူ​အ​ပေါင်း တို့​သည် ကောက်​ရိုး​သ​ဖွယ်​မီး​ကျွမ်း​လောင် ကြ​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။ ထို​နေ့​ရက်​ကာ​လ​၌​သူ​တို့​သည်​မီး ကျွမ်း​လောင်​၍​သွား​ကာ အ​မြစ်​အ​ကိုင်း အ​စ​အ​န​မျှ​ပင်​ကျန်​ရှိ​ကြ​လိမ့်​မည် မ​ဟုတ်။-

လော​က​ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​ချိန် မှ​စ​၍ အ​ဘယ်​ကာ​လ​၌​မျှ​ဤ​ဆင်း​ရဲ​ဒုက္ခ​မျိုး​ကို လူ​တို့​မ​ကြုံ​စ​ဖူး။ နောင်​ကာ​လ​၌​လည်း​တွေ့​ကြုံ ရ​ကြ​လိမ့်​မည်​မ​ဟုတ်။-

ထာ​ဝ​ရ​ဘု​ရား​၏​နေ့​ထူး​နေ့​မြတ်​ကြီး​မ​ကျ ရောက်​မီ နေ​သည်​မှောင်​အ​တိ​ဖြစ်​လိမ့်​မည်။ လ​သည်​လည်း​သွေး​ကဲ့​သို့​နီ​လိမ့်​မည်။

ထို​နောက်​ဘု​ရား​သ​ခင်​သည်​ဣသ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​ကို​ကယ်​တင်​တော် မူ​လိမ့်​မည်။ ကျမ်း​စာ​တော်​တွင်၊ ``ကယ်​တင်​ရှင်​သည်​ဇိ​အုန်​တောင်​မှ​ကြွ​လာ​ပြီး လျှင်၊ ယာ​ကုပ်​၏​သား​မြေး​များ​ထံ​မှ၊ဆိုး​ညစ်​မှု အ​ပေါင်း​ကို ပယ်​ရှား​တော်​မူ​လိမ့်​မည်။

ထို​အရှင်​တို့​၏​အ​မျက်​တော်​သင့်​မည့်​နေ့​ရက် ကာ​လ​ကျ​ရောက်​လာ​လေ​ပြီ။ ထို​အ​မျက်​တော် ကို​အ​ဘယ်​သူ​သည်​ရပ်​ခံ​နိုင်​ပါ​မည်​နည်း'' ဟု ဆို​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ