Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 30:18

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​သည်​ယာ​ကုပ်​အ​မျိုး​၏​တဲ​ကို​ပြန်​လည် ကြွယ်​ဝ​စေ​မည်။ ပြန်​လည်​ပို့​ဆောင်​မည်။ သူ​တို့​၏​အိမ်​ထောင်​စု​မှန်​သ​မျှ​ကို​က​ရု​ဏာ ထား​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​ထူ​ထောင်​၍ နန်း​တော်​ကို​လည်း​ပြန်​လည်​တည်​ဆောက် ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

38 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​မင်း​သည်​လူ​ထု​တစ်​ရပ်​လုံး​အား``ငါ့ သား​ရှော​လ​မုန်​သည်​ဘု​ရား​သ​ခင်​ရွေး​ချယ် တော်​မူ​သော​သူ​ဖြစ်​၏။ သို့​သော်​လည်း​အ​သက် အ​ရွယ်​ငယ်​၍​အ​တွေ့​အ​ကြုံ​မ​ရှိ​သေး​သူ ဖြစ်​၏။ သူ​ပြု​ရ​မည့်​အ​မှု​ကား​အ​လွန်​ကြီး မား​လှ​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော် ယ​ခု​တည်​ဆောက်​ရ​မည်​မှာ​လူ​တို့​အ​တွက် နန်း​တော်​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​ဖြစ်​သော ကြောင့်​တည်း။-

ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သ​မျှ​တို့​ကို စိတ်​ရော​ကိုယ်​ပါ​လိုက်​နာ​လို​သော​ဆန္ဒ​ကို လည်း​ကောင်း၊ ဗိ​မာန်​တော်​ကို​အ​ပြီး​တိုင် စိတ်​ပါ​လက်​ပါ​တည်​ဆောက်​လို​သော​ဆန္ဒ ကို​လည်း​ကောင်း ကျွန်​တော်​မျိုး​၏​သား ရှော​လ​မုန်​အား​ပေး​တော်​မူ​ပါ။ ထို​ဗိ​မာန် တော်​အ​တွက်​ကျွန်​တော်​မျိုး​သည်​ဤ​ပြင် ဆင်​မှု​များ​ကို​ပြု​လုပ်​၍​ထား​ပါ​ပြီ'' ဟု လျှောက်​ထား​၏။

ယေ​ရု​ရှ​လင်​မြို့​သည်​ကျယ်​ဝန်း​သော်​လည်း​နေ​ထိုင်​သူ​လူ​ဦး​ရေ​နည်း​ပါး​၍ အိမ်​အ​မြောက်​အ​မြား​ကို​လည်း​မ​တည်​မ​ဆောက်​ရ​ကြ​သေး​ပေ။-

ကိုယ်​တော်​ရှင်​သည်​ထ​တော်​မူ​၍​ဇိ​အုန်​မြို့​ကို သ​နား​တော်​မူ​လိမ့်​မည်။ ထို​မြို့​ကို​သ​နား​တော်​မူ​ရန်​အ​ချိန်​သည် ကျ​ရောက်​လာ​ပါ​ပြီ။ ယ​ခု​အ​ချိန်​သည်​သင့်​တော်​သည့်​အ​ချိန်​ပင် ဖြစ်​ပါ​၏။

ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​တို့​သည်​ဇိ​အုန်​မြို့ ပျက်​စီး​သွား​ပြီ​ဖြစ်​သော်​လည်း ထို​မြို့​ကို​နှစ်​သက်​မြတ်​နိုး​လျက်​ပင် ရှိ​နေ​ကြ​ပါ​သေး​၏။ ဇိ​အုန်​မြို့​ယို​ယွင်း​လျက်​နေ​သော်​လည်း ထို​မြို့​ကို​သ​နား​ကြ​ပါ​သေး​၏။

ထို​မြို့​၏​တံ​တိုင်း​များ​ကို​မှတ်​သား​၍​ခံ​တပ် များ​ကို စစ်​ဆေး​ကြည့်​ရှု​ကြ​လော့။ ထို​အ​ခါ​သင်​တို့​သည်``ဤ​ဘု​ရား​ကား ကမ္ဘာ​အ​ဆက်​ဆက်​ငါ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​ငါ​တို့​အား လမ်း​ပြ​ပို့​ဆောင်​တော်​မူ​လိမ့်​မည်'' ဟု နောင်​လာ​နောက်​သား​တို့​အား ပြော​ကြား​နိုင်​ကြ​လိမ့်​မည်။

ထို​မြို့​တော်​၏​ခံ​တပ်​များ​အ​တွင်း​အ​ထံ တော်​တွင် ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​ကြောင်း​ကို​ဘု​ရား​သ​ခင် ပြ​သ​တော်​မူ​ပြီ။

ထို​တောင်​တော်​ပေါ်​တွင်​ကောင်း​ကင်​ဘုံ​ရှိ​အိမ်​တော်​နှင့် တူ​သော​ဗိ​မာန်​တော်​ကို​တည်​ဆောက်​တော်​မူ​၏။ ထို​ဗိ​မာန်​တော်​ကို​ကမ္ဘာ​မြေ​ကြီး​ကဲ့​သို့ ကာ​လ​ခပ်​သိမ်း​တည်​တံ့​ခိုင်​မြဲ​စေ​တော်​မူ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​ပြည်​တော်​ကို သ​နား​တော်​မူ​ပါ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​တစ်​ဖန် ပြန်​လည်​ချမ်း​သာ​ကြွယ်​ဝ​စေ​တော်​မူ​ပါ​ပြီ။

သို့​ရာ​တွင်​ကြို​တင်​ဟော​ကြား​မှု​တစ်​စုံ​တစ်​ရာ​ကို ငါ​၏​အ​စေ​ခံ​ပြု​သော​အ​ခါ​၌​လည်း​ကောင်း၊ ငါ​၏​အ​ကြံ​အ​စည်​တော်​များ​ကို​ဖော်​ပြ​ရန် တ​မန်​တော်​တစ်​ဦး​ဦး​ကို​ငါ​စေ​လွှတ် သော​အ​ခါ​၌​လည်း​ကောင်း၊ ငါ​သည်​ထို​အ​ကြံ​အ​စည်​များ​နှင့် ကြို​တင်​ဟော​ကြား​မှု​တို့​ကို​အ​ကောင်​အ​ထည် ပေါ်​စေ​ပါ​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​လူ​တို့​တစ်​ဖန်​ပြန်​၍ နေ​ထိုင်​ကြ​လိမ့်​မည်။ ယု​ဒ​မြို့​များ​ကို​ပြန်​လည်​ထူ​ထောင်​ကြ​လိမ့် မည်​ဟူ​၍ ထို​မြို့​အ​သီး​သီး​တို့​အား​ငါ​ပြော​ကြား​ပါ​၏။ ထို​မြို့​တို့​သည်​ပြို​ပျက်​ရာ​မှ​ပြန်​လည်​စည်​ကား တိုး​တက်​၍​လာ​လိမ့်​မည်။

ကု​ရု​ဘု​ရင်​အား​လည်း`သင်​သည်​ငါ​၏​ကိုယ် စား အုပ်​စိုး​ရ​မည့်​သူ​ဖြစ်​၏။ သင်​သည်​ငါ​အ​လို​ရှိ​သည့်​အ​မှု​တို့​ကို​ပြု​ရ​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​တည်​ထောင်​ရန်​နှင့် ဗိ​မာန်​တော်​အုတ်​မြစ်​များ​ကို​ချ​ရန် အ​မိန့်​ပေး​ရ​မည်​ဟု​ငါ​ဆို​၏' '' ဟူ​၍ မိန့်​တော်​မူ​၏။

``ငါ​သည်​ငါ​၏​လူ​မျိုး​တော်​အား​ကွဲ​လွင့်​စေ ခဲ့​သည့်​တိုင်း​ပြည်​များ​မှ​သိမ်း​၍ သူ​တို့​၏ ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ သူ​တို့​သည် သား​သ​မီး​များ​စွာ​ထွန်း​ကား​လျက်​လူ ဦး​ရေ​တိုး​ကြ​လိမ့်​မည်။-

သင်​တို့​အ​တွက်​ငါ​ပြု​လုပ်​ထား​သည့်​အ​ကြံ အ​စည်​များ​ကို​ငါ​သာ​လျှင်​သိ​၏။ ထို​အ​ကြံ အ​စည်​တို့​သည်​သင်​တို့​ကောင်း​စား​မှု၊ သင်​တို့ စောင့်​မျှော်​နေ​သည့်​အ​နာ​ဂတ်​ကို​ထုတ်​ဖော်​ပေး မှု​နှင့်​ဆိုင်​သော​အ​ကြံ​အ​စည်​များ​ဖြစ်​ပေ သည်။ သင်​တို့​အား​ဘေး​အန္တ​ရာယ်​ရောက်​စေ မည့်​အ​ကြံ​အ​စည်​များ​မ​ဟုတ်။-

သင်​တို့​သည်​အ​မှန်​ပင်​ငါ့​ကို​တွေ့​ရှိ​ကြ​လိမ့် မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​သည်​လည်း​သင်​တို့ အား​မိ​မိ​တို့​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​ပေး မည်​ဟူ​၍​လည်း​ကောင်း​ငါ​ဆို​၏။ ငါ​သည်​သင် တို့​အား​မိ​မိ​ကွဲ​လွင့်​စေ​ခဲ့​သည့်​နိုင်​ငံ​တ​ကာ အ​ရပ်​တ​ကာ​တို့​မှ​ပြန်​လည်​စု​သိမ်း​မည်။ ထို နောက်​သင်​တို့​အား​သုံ့​ပန်း​အ​ဖြစ်​ငါ​အ​ဖမ်း ခံ​စေ​ခဲ့​ရ​သည့်​ပြည်​သို့​ပြန်​လည်​ပို့​ဆောင် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏' ဟူ​၍​လည်း​မိန့်​တော် မူ​၏။

အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​ယု​ဒ​အ​မျိုး သား​များ​အား ငါ​ပြန်​လည်​ထူ​ထောင်​ပေး​မည့် အ​ချိန်​ကျ​ရောက်​လာ​တော့​မည်​ဖြစ်​သော​ကြောင့် တည်း။ ငါ​သည်​သူ​တို့​ကို​မိ​မိ​တို့​ဘိုး​ဘေး​များ အား ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​သို့​ပြန်​လည်​ခေါ် ဆောင်​ခဲ့​မည်​ဖြစ်​၍ သူ​တို့​သည်​ထို​ပြည်​ကို​တစ် ဖန်​ပြန်​၍​ပိုင်​ဆိုင်​ရ​ကြ​ပေ​တော့​အံ့။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဤ​လူ​တို့​အား​မိ​မိ တို့​ပြည်​သို့​ငါ​ပြန်​လည်​ပို့​ဆောင်​သော​အ​ခါ၊ `ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ကျိန်း​ဝပ်​တော်​မူ သည့် သန့်​ရှင်း​ရာ​ဌာ​န​တော်​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​တောင်​တော်​ကို​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သ​တည်း' ဟု သူ​တို့​သည်​ယု​ဒ​ပြည်​မြို့​ရွာ​များ​၌​တစ်​ဖန် ပြန်​လည် မြွက်​ဆို​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က``မြို့​တော်​တစ်​ခု​လုံး​ကို ဟာ​န​နေ​လ​ရဲ​တိုက်​မှ မြို့​ထောင့်​တံ​ခါး​တိုင် အောင်​ပြန်​လည်​တည်​ဆောက်​ရ​မည့်​အ​ချိန် ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။-

သင်​တို့​အား​တစ်​ဖန်​ငါ​ပြန်​လည်​ထူ​ထောင်​ပေး မည်။ သင်​တို့​သည်​ပတ်​သာ​များ​ကို​တစ်​ဖန်​တီး မှုတ်​၍ ပျော်​ရွှင်​စွာ​က​ခုန်​ရ​ကြ​လိမ့်​မည်။-

လူ​သေ​အ​လောင်း​များ​နှင့်​အ​မှိုက်​များ​စွန့်​ပစ် ရာ​ချိုင့်​ဝှမ်း​တစ်​ခု​လုံး​သည်​လည်း​ကောင်း၊ အ​ရှေ့ ဘက်​မြင်း​တံ​ခါး​တိုင်​အောင်​ကေ​ဒြုန်​ချောင်း အ​ထက်​ရှိ​လယ်​ပြင်​အ​ပေါင်း​သည်​လည်း​ကောင်း ငါ့​အ​ဖို့​မြင့်​မြတ်​သန့်​ရှင်း​ရာ​ဖြစ်​လိမ့်​မည်။ ဤ​မြို့​တော်​ကို​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ​ဖြို​ချ​ဖျက်​ဆီး​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု မိန့်​တော်​မူ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ဤ​ပြည် တွင်​အိမ်​များ​လယ်​ယာ​များ​နှင့်​စ​ပျစ်​ဥ​ယျာဉ် များ​ကို​နောက်​တစ်​ဖန်​အ​ရောင်း​အ​ဝယ်​ပြု လုပ်​ကြ​လိမ့်​ဦး​မည်​ဟု​မိန့်​တော်​မူ​လေ​ပြီ'' ဟု​မှာ​ကြား​၏။

လူ​တို့​သည်​လယ်​ယာ​များ​ကို​ဝယ်​ယူ​ကာ စာ ချုပ်​များ​ကို​အ​သိ​သက်​သေ​တို့​ရှေ့​တွင်​လက် မှတ်​ရေး​ထိုး​၍​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​ကြ​လိမ့် မည်။ သူ​တို့​သည်​ဤ​အမှု​တို့​ကို​ဗင်္ယာ​မိန်​နယ် နှင့်​ယေ​ရု​ရှ​လင်​မြို့​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ ကျေး​ရွာ​များ​၌​လည်း​ကောင်း၊ ယု​ဒ​မြို့​ရွာ များ၊ တောင်​ပေါ်​ဒေ​သ၊ တောင်​ခြေ​ဒေ​သ​နှင့် တောင်​ဘက်​ယု​ဒ​ပြည်​၌​လည်း​ကောင်း​ပြု ကြ​လိမ့်​မည်။ ငါ​သည်​လူ​တို့​အား​မိ​မိ​တို့ ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​မိန့်​မြွက်​တော် မူ​၏။

ဝမ်း​မြောက်​ရွှင်​မြူး​သံ​များ​နှင့်​မင်္ဂ​လာ​ဆောင် သ​တို့​သား​သ​တို့​သ​မီး​တို့​၏​အ​သံ​များ ကို နောက်​တစ်​ဖန်​သင်​တို့​ကြား​ရ​ကြ​လိမ့်​မည်။ လူ​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရန်​ပူ​ဇော် သကာ​များ​ကို ငါ​၏​ဗိ​မာန်​တော်​သို့​ယူ​ဆောင် ကာ​သီ​ချင်း​အေး​ကူး​ကြ​သည့်​အ​သံ​များ ကို​သင်​တို့​ကြား​ရ​ကြ​လိမ့်​မည်။ သူ​တို့​က၊ `အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကောင်း​မြတ်​တော်​မူ​၍၊ မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​သော​ကြောင့် ဖြစ်​၏' ဟု​မြွက်​ဆို​ကြ​လိမ့်​မည်။ ငါ​သည်​ဤ​ပြည်​ကို​ရှေး​က​နည်း​တူ​ပြန်​လည် ကောင်း​စား​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ငါ​သည်​ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​ကို ကောင်း​စား​စေ​မည်။ ထို​ပြည်​တို့​ကို​ရှေး​နည်း တူ​ပြန်​လည်​တည်​ဆောက်​၍​ပေး​မည်။-

``ငါ​၏​လူ​မျိုး​တော်​တို့၊မ​ကြောက်​ကြ​နှင့်။ ဣ​သ​ရေ​လ ပြည်​သား​တို့၊ထိတ်​လန့်​တုန်​လှုပ်​မှု​မ​ဖြစ် ကြ​နှင့်။ သုံ့​ပန်း​များ​အ​ဖြစ်​နှင့်​သင်​တို့​သေ​ရ​ကြ သော​ပြည်၊ ထို​ဝေး​လံ​သော​ပြည်​မှ​သင်​တို့​အား​ငါ​ကယ် ဆယ်​မည်။ သင်​တို့​သည်​ပြန်​လာ​၍​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် ရ​ကြ​လိမ့်​မည်။ ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​သင်​တို့​အား​ကြောက်​လန့် စေ​လိမ့်​မည်​မ​ဟုတ်။

သို့​ရာ​တွင်​နောင်​အ​ခါ​၌​ဧ​လံ​ပြည်​သား​တို့ အား​တစ်​ဖန်​ပြန်​၍​ကောင်း​စား​စေ​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

``သို့​ရာ​တွင်​နောင်​အ​ခါ​၌​ငါ​သည်​အမ္မုန် ပြည်​သား​တို့​အား​တစ်​ဖန်​ပြန်​၍​ကောင်း စား​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။'' ဟု​မိန့်​တော် မူ​၏။

ငါ​သည်​လူ​တိ​ရစ္ဆာန်​တို့​ကို​တိုး​ပွား​များ ပြား​စေ​မည်။ ယ​ခင်​အ​ခါ​များ​ထက်​သင် တို့​ဦး​ရေ​ကို​များ​စေ​မည်။ သင်​တို့​သား​သ​မီး များ​စွာ​ထွန်း​ကား​လိမ့်​မည်။ ယ​ခင်​က​ကဲ့​သို့ နေ​ထိုင်​ခွင့်​ပေး​မည်။ ယ​ခင်​အ​ခါ​များ​ထက် ပို​၍​ကြီး​ပွား​ချမ်း​သာ​စေ​မည်။ ထို​အ​ခါ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-

ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​နေ​ရင်း ပြည်​သို့ ပြန်​လည်​ဆောင်​ယူ​လာ​မည်။ သူ​တို့​သည်​ပြို​လဲ​နေ​သော​မြို့​များ​ကို ပြန်​လည်​တည်​ဆောက်​ကြ​၍ ထို​မြို့​များ​၌​ပြန်​လည်​နေ​ထိုင်​ခွင့်​ရ​ကြ လိမ့်​မည်။ စ​ပျစ်​ခြံ​များ​ကို​စိုက်​ပျိုး​၍​စ​ပျစ်​ရည် သောက်​ခွင့်​ရ​ကြ​လိမ့်​မည်။ ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​ကြ​၍ ကိုယ်​တိုင်​စိုက်​သော​သီး​နှံ​တို့​ကို​ကိုယ်​တိုင် စား​ရ​သော​အ​ခွင့်​ရ​ကြ​လိမ့်​မည်။

ထို​နောက်​ကောင်း​ကင်​တ​မန်​က``အို အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ မြို့​တို့​အား​ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော် မူ​သည်​မှာ ယ​ခု​အ​နှစ်​ခု​နစ်​ဆယ်​ရှိ​ပါ​ပြီ။ ထို​မြို့​အား​က​ရု​ဏာ​မ​ပြ​ဘဲ​အ​ဘယ်​မျှ ကြာ​နေ​တော်​မူ​ပါ​ဦး​မည်​နည်း'' ဟု​လျှောက်​၏။

ယေ​ရု​ရှ​လင်​မြို့​ကို​က​ရု​ဏာ​ပြ​ရန်​ပြန် လာ​ခဲ့​ပေ​သည်။ ငါ​၏​ဗိ​မာန်​တော်​ကို​ပြန် လည်​ထူ​ထောင်​ကာ​ယေ​ရု​ရှ​လင်​မြို့​တော် ကို​လည်း​ပြန်​လည်​တည်​ဆောက်​ရ​ကြ​လိမ့် မည်'' ဟု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

``ထို​အ​ခါ​ငါ​သည်​ယု​ဒ​နွယ်​သား​စု​များ ကို​တော​မီး​ကဲ့​သို့​လည်း​ကောင်း၊ စ​ပါး​မှည့် လျက်​နေ​သည့်​လယ်​ကွက်​တွင်​လောင်​သော​မီး ကဲ့​သို့​သော်​လည်း​ကောင်း​ဖြစ်​စေ​မည်။ သူ​တို့ သည်​မိ​မိ​တို့​အ​နီး​အ​နား​ရှိ​လူ​မျိုး​အ​ပေါင်း တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ကြ​လိမ့်​မည်။ ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​မူ​ကား မိ​မိ​တို့​မြို့ တွင်း​၌​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ကြ​လိမ့်​မည်။

``ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​တပ်​မ​တော် ကို​ဦး​စွာ​ပ​ထ​မ​အောင်​ပွဲ​ခံ​စေ​မည်။ ဤ​နည်း အား​ဖြင့်​ဒါ​ဝိဒ်​၏​သား​စဉ်​မြေး​ဆက်​များ နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​ခံ​ယူ​ရ ရှိ​မည့်​ဂုဏ်​အ​သ​ရေ​သည် အ​ခြား​ယု​ဒ အ​မျိုး​သား​တို့​၏​ဂုဏ်​အ​သ​ရေ​ထက် ကြီး​မြတ်​လိမ့်​မည်​မ​ဟုတ်။-

မြောက်​ဘက်​ရှိ​ဂေ​ဘ​မြို့​မှ​သည် တောင်​ဘက်​ရှိ ရိမ္မုန်​မြို့​တိုင်​အောင်​ယေ​ရု​ရှ​လင်​မြို့​ပတ်​ဝန်း ကျင်​မှ မြေ​များ​ကို​ညီ​ညာ​အောင်​ညှိ​ရ​ကြ လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း​ပတ် ဝန်း​ကျင်​မြေ​များ​၏​အ​ထက်​တွင်​မိုး​၍​နေ လိမ့်​မည်။ ဤ​မြို့​သည်​ဗင်္ယာ​မိန်​တံ​ခါး​မှ​သည် တံ​ခါး​ဟောင်း​ရှိ​ခဲ့​ဖူး​သည့်​မြို့​ထောင့်​တံ​ခါး တိုင်​အောင်​လည်း​ကောင်း၊ ဟာန​နေ​လ​ရဲ​တိုက် မှ​သည်​နန်း​တော်​စ​ပျစ်​သီး​နယ်​ရာ​ကျင်း များ​တိုင်​အောင်​လည်း​ကောင်း​တည်​ရှိ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ