ယေရမိ 30:13Common Language Bibleသင်တို့အားကာကွယ်စောင့်ရှောက်မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။ သင်တို့အနာများအတွက်လည်းဆေး တစ်စုံတစ်ရာမျှမရှိသဖြင့် သင်တို့သည်မိမိတို့အနာရောဂါပျောက် ကင်းမှုအတွက် မျှော်လင့်ရာမဲ့ချေပြီ။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``သင်တို့သည်ငါ၏ စကားကိုတစ်သဝေမတိမ်းနာခံ၍ငါ နှစ်သက်သောအကျင့်ကိုကျင့်ပြီး ပညတ် သမျှတို့ကိုလိုက်နာလျှင်၊ ငါသည်အီဂျစ် အမျိုးသားတို့အပေါ်တွင်ကျရောက်စေ သောရောဂါမျိုးများကို သင်တို့အပေါ်တွင် မည်သည့်အခါမျှကျရောက်စေမည်မဟုတ်။ ငါသည်သင်တို့၏ရောဂါကိုပျောက်ကင်း စေသောထာဝရဘုရားဖြစ်တော်မူ၏'' ဟုမိန့်တော်မူ၏။
အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ယုဒ ပြည်ကို အပြီးအပိုင်ပစ်ပယ်တော်မူပါပြီလော။ ဇိအုန်မြို့သားတို့အားမုန်းတီးရွံရှာတော် မူပါသလော။ ကျွန်တော်မျိုးတို့၏အနာကိုကုသ၍ မရနိုင်သည့်တိုင်အောင် အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အား၊ဤမျှပြင်းထန်စွာ ထိခိုက်ဒဏ်ရာရစေတော်မူပါသနည်း။ ကျွန်တော်မျိုးတို့သည်ငြိမ်းချမ်းသာယာမှုကို စောင့်မျှော်ကြသော်လည်းအချည်းနှီးသာ ဖြစ်ပါ၏။ အနာပျောက်လိမ့်မည်ဟုမျှော်လင့်ကြသော်လည်း ထိတ်လန့်၍သာလာရကြပါ၏။
အို ထာဝရဘုရား၊ကိုယ်တော်ရှင်ကုသတော်မူ ပါမှ ကျွန်တော်မျိုး၏အနာရောဂါသည်လုံးဝ ပျောက်ကင်းပါလိမ့်မည်။ ကိုယ်တော်ရှင်ကယ်ဆယ်တော်မူပါလျှင် ကျွန်တော်မျိုးသည်လုံခြုံမှုအပြည့်အဝ ရရှိပါလိမ့်မည်။ ကိုယ်တော်ရှင်ကားကျွန်တော်မျိုးထောမနာပြုသည့် အရှင်ပင်ဖြစ်တော်မူပါ၏။
သင်၏အနာများအတွက်ဆေးမရှိ။ သင် ၏ဒဏ်ရာများကိုလည်းပျောက်ကင်းအောင် ကုသ၍မရနိုင်။ သင်ဆုံးပါးပျက်စီး သည့်သတင်းကိုကြားသိကြသူအပေါင်း တို့သည်ဝမ်းမြောက်ဝမ်းသာလက်ခုပ်တီး ကြ၏။ အဘယ်သူမျှသင်၏အတိုင်းမသိ ရက်စက်ကြမ်းကြုတ်မှုနှင့်ကင်းလွတ်ခဲ့သည် ဟူ၍မရှိ။ ပရောဖက်နာဟုံစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
ငါတို့သည်အပြစ်ဒုစရိုက်ကိုအမြစ်ဖြတ် ၍ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်နိုင် ကြစေရန် ကိုယ်တော်တိုင်ပင်လျှင်ငါတို့၏ အပြစ်များကိုကိုယ်ခန္ဓာတော်ပေါ်တွင်ယူ ဆောင်ကာလက်ဝါးကပ်တိုင်၌ဒုက္ခဝေဒနာ ခံတော်မူ၏။ ငါတို့သည်ကိုယ်တော်၏ဒဏ်ရာ ဒဏ်ချက်များအားဖြင့်အနာပျောက်လျက် ရှိကြ၏။-