ယေရမိ 3:5Common Language Bibleကိုယ်တော်ရှင်သည်အစဉ်အမြဲအမျက် ထွက်၍နေတော်မူမည်မဟုတ်ပါ။ ကျွန်တော် မျိုးအားထာဝစဉ်အမျက်တော်ရှ၍နေ တော်မူမည်မဟုတ်ပါဟုဆို၏။ အို ဣသ ရေလ၊ သင်သည်ဤသို့ပြောဆိုပြီးနောက် မိမိပြုနိုင်သမျှမကောင်းမှုတို့ကိုပြု၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်စေ့စေ့နားထောင်သော်လည်းသင်တို့ သည်သစ္စာစကားကိုမပြောကြ။ သင်တို့တွင် အဘယ်သူမျှမိမိတို့ယုတ်မာမှုများအတွက် ဝမ်းမနည်းကြ။ `ငါသည်အဘယ်မကောင်းမှု ကိုပြုမိပါသနည်း' ဟုအဘယ်သူမျှမမေး ကြ။ တိုက်ပွဲသို့အပြင်းပြေးသည့်မြင်းကဲ့ သို့လူတိုင်းမိမိတို့ပြုလိုရာကို ပြုလျက် နေကြ၏။-