ယေရမိ 3:1Common Language Bibleထာဝရဘုရားက``အကယ်၍တစ်စုံတစ် ယောက်သည် မိမိ၏ဇနီးကိုကွာရှင်းလိုက် သောအခါ ထိုအမျိုးသမီးသည်သူ၏ထံ မှထွက်ခွာ၍အခြားအမျိုးသားတစ်ဦး နှင့်အိမ်ထောင်ပြု၏။ ထိုအခါပထမခင်ပွန်း သည်မိမိ၏ဇနီးဟောင်းကိုတစ်ဖန်ပြန်၍ မသိမ်းမယူအပ်။ ပြန်၍သိမ်းယူခဲ့သော်ထို တိုင်းပြည်သည်လုံးဝညစ်ညမ်း၍သွားပေ မည်။ သို့ရာတွင်အချင်းဣသရေလ၊ သင်သည် ချစ်သူအမြောက်အမြားထားပြီးမှ ယခု ငါ့ထံသို့ပြန်၍လာလိုသည်တကား။- အခန်းကိုကြည့်ပါ။ |
အို ဣသရေလ၊သင်သည်ရှေးအခါကပင်ငါ၏ ထမ်းပိုးကိုချိုး၍ငါ၏နှောင်ကြိုးများကိုဖြတ် ခဲ့၏။ သင်သည်ငါ၏စကားကိုနားမထောင်ငါ့အား ဝတ်မပြုမကိုးကွယ်။ တောင်မြင့်ရှိသမျှအပေါ်၌လည်းကောင်း၊စိမ်း လန်းသည့် သစ်ပင်ရှိသမျှအောက်၌လည်းကောင်း၊ သင်သည်ပြည့်တန်ဆာကဲ့သို့ပြုမူခဲ့လေသည်။
သင်တို့သည်ဗာလဘုရားကိုအဘယ်အခါကမျှ ဝတ်မပြုရှိမခိုးခဲ့ပါ၊ မိမိတို့ကိုယ်ကိုမညစ်ညမ်းစေခဲ့ပါဟူ၍ အဘယ်သို့လျှင်ဆိုနိုင်မည်နည်း။ ချိုင့်ဝှမ်းထဲတွင်သင်တို့အဘယ်သို့ အပြစ် ကူးလွန်ခဲ့သည်ကိုကြည့်လော့။ သင်ပြုခဲ့သည့်အမှုကိုသိမှတ်လော့။ သင်သည်မုန်ယိုလျက်နေသည့်ကုလားအုတ် ပျိုကဲ့သို့၊ အချုပ်အချယ်မရှိဟိုမှသည်သို့ပြေး လျက်နေ၏။
သူသည်တစ်ညဥ့်လုံးငိုကြွေးလျက်နေ၏။ မျက်ရည်များသည်သူ၏ပါးပြင်ပေါ်သို့ စီးဆင်းလာ၏။ သူ၏ယခင်ကမိတ်ဆွေအပေါင်းတို့တွင်သူ့အား နှစ်သိမ့်မှုပေးမည့်သူတစ်စုံတစ်ယောက်မျှ မရှိတော့ပေ။ သူ၏မဟာမိတ်တို့သည်သူ့အားသစ္စာဖောက် ကြလေပြီ။ ယခုအခါသူတို့ကပင်သူ့ကိုရန်ဘက်ပြု၍ နေကြ၏။
ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ ငါမိန့်တော်မူသည်ကားအပြစ်ကူး လွန်သူတစ်စုံတစ်ယောက်သေသည်ကိုမ မြင်လို ထိုသူအပြစ်ကူးလွန်မှုကိုရပ်စဲ ၍အသက်ရှင်သည်ကိုသာလျှင်တွေ့မြင် လိုသည်။ အချင်းဣသရေလအမျိုးသား တို့၊ သင်တို့ပြုလျက်ရှိသည့်အပြစ်ဒု စရိုက်ကိုရပ်စဲကြလော့။ ရပ်စဲသောသင် တို့သည်အဘယ်ကြောင့်သေချင်ကြ သနည်း။
ထာဝရဘုရားသည်ဟောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားဦးစွာ မိန့်တော်မူသည်မှာ``သင်သည်သွား၍အမျိုး သမီးတစ်ဦးနှင့်အိမ်ထောင်ပြုလော့။ သင် ၏ဇနီးသည်သစ္စာမဲ့သူဖြစ်လိမ့်မည်။ သင်၏ သားသမီးများသည်လည်းသင်၏ဇနီးကဲ့ သို့သစ္စာမဲ့သူများဖြစ်လိမ့်မည်။ ငါ၏ လူစုသည်လည်းထိုနည်းတူစွာငါ့ကို စွန့်၍သစ္စာဖောက်ကြပြီ'' ဟုမိန့်တော် မူ၏။-
မြို့အကြီးအကဲတို့ကဖခင်၏အိမ်ရှေ့ သို့ခေါ်ဆောင်သွားပြီးနောက် မြို့သားတို့က သူ့ကိုကျောက်ခဲနှင့်ပစ်သတ်ရမည်။ ထိုမိန်းမ သည်လက်မထပ်မီဖခင်၏အိမ်၌ရှိနေစဉ် ကပင် ကာမစပ်ယှက်မှုကိုပြုခဲ့သဖြင့် ဣသရေလလူမျိုးတွင်ရှက်ဖွယ်သောအမှု ကိုကူးလွန်ခဲ့လေပြီ။ ဤနည်းအားဖြင့် သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။