ယေရမိ 29:2Common Language Bibleငါသည်ယေခေါနိမင်း၊ ထိုမင်း၏မယ်တော်၊ နန်းတွင်းအရာရှိများ၊ ယုဒပြည်နှင့်ယေရု ရှလင်မြို့မှခေါင်းဆောင်များ၊ အတတ်ပညာ သည်များနှင့်လုပ်ရည်ကိုင်ရည်ရှိသူအလုပ် သမားများသိမ်းသွားခြင်းကိုခံရသည့် နောက် ထိုစာကိုရေးသားလေသည်။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် ဗိမာန်တော်ရှေ့တွင်ချ ထားသည့်သင်္ဘောသဖန်းသီးတောင်းနှစ်လုံး ကိုငါ့အားပြတော်မူ၏။ (ဤအချိန်အခါ မှာဗာဗုလုန်ဘုရင်၊ နေဗုခဒ်နေဇာသည် ယောယကိမ်၏သား ယုဒဘုရင်ယေခေါနိ အားယုဒခေါင်းဆောင်များ၊ လက်မှုပညာသည် များနှင့်ကျွမ်းကျင်သူအလုပ်သမားများ နှင့်အတူဗာဗုလုန်မြို့သို့ဖမ်းဆီးခေါ် ဆောင်သွားပြီးသောအခါဖြစ်၏။-)
ငါသည်ယောယကိမ်၏သားယုဒဘုရင် ယေခေါနိကိုလည်း ယုဒပြည်မှဗာဗုလုန် မြို့သို့လိုက်ပါသွားရကြသည့်သုံ့ပန်းများ နှင့်အတူပြန်လည်ခေါ်ဆောင်ခဲ့မည်။ ဗာဗု လုန်မင်း၏အာဏာတန်ခိုးကိုအမှန်ပင် ငါချိုးနှိမ်တော်မူမည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု မိန့်တော်မူကြောင်းပြောကြားလေ၏။