Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 28:13

Common Language Bible

ဟာ​န​နိ​ထံ​သို့​သွား​၍``သင်​သည်​သစ်​သား​ထမ်း ပိုး​ကို​ချိုး​ပစ်​နိုင်​စွမ်း​ရှိ​သော်​လည်း ကိုယ်​တော် သည်​သံ​ထမ်း​ပိုး​ဖြင့်​အ​စား​ထိုး​တော်​မူ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ငါ့​ခ​မည်း​တော်​သည်​သင်​တို့​အ​ပေါ်​လေး​လံ သော​ထမ်း​ပိုး​ကို​တင်​၏။ ငါ​မူ​ကား​ထို​ထက်​ပင် ပို​၍​လေး​လံ​သော​ထမ်း​ပိုး​ကို​တင်​အံ့။ သူ​သည် သင်​တို့​အား​ကြိမ်​လုံး​နှင့်​ရိုက်​၏။ ငါ​မူ​ကား ကြာ​ပွတ်​နှင့်​ရိုက်​အံ့' ဟု​ပြန်​ပြော​သင့်​ပါ​သည်'' ဟု​လျှောက်​ကြ​၏။

ကိုယ်​တော်​သည်​ကြေး​တံ​ခါး​များ​ကို​ချိုး​၍ သံ​ကန့်​လန့်​များ​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​၏။

``ငါ​ကိုယ်​တိုင်​ပင်​တောင်​ကြီး​တောင်​ငယ်​တို့ ကို​ဖြို​၍၊ သင်​၏​အ​တွက်​ခ​ရီး​လမ်း​ကို​ပြင်​ဆင်​မည်။ ငါ​သည်​ကြေး​ဝါ​မြို့​တံ​ခါး​တို့​ကို​ဖျက်​၍ ယင်း​တို့​မှ သံ​ကန့်​လန့်​တန်း​များ​ကို​အ​ပိုင်း​ပိုင်း​ချိုး ပစ်​မည်။

ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​က​ထို​သူ​တို့ အား မိ​မိ​စေ​လွှတ်​တော်​မ​မူ​ကြောင်း​မိန့်​တော် မူ​ပါ​ပြီ။ သူ​တို့​သည်​ကိုယ်​တော်​၏​နာ​မ​တော် ကို​အ​မှီ​ပြု​၍ လိမ်​လည်​ဟော​ပြော​လျက်​နေ ကြ​ပါ​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင့်​အား​နှင်​ထုတ်​တော်​မူ​ပါ​လိမ့်​မည်။ အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​အား​လိမ်​လည် ဟော​ပြော​ကြ​သည့်​ပ​ရော​ဖက်​များ​သည် သေ​ကြေ​ပျက်​စီး​ရ​ကြ​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​၏။

``သား​ရေ​ကြိုး​များ၊ ကန့်​လန့်​ဖြတ်​သစ်​သား တန်း​များ​ဖြင့်​နွား​ထမ်း​ပိုး​ပြု​လုပ်​၍​သင် ၏​လည်​ကုပ်​တွင်​တင်​လော့။-

``ကိုယ်​တော်​သည်​ငါ​၏​အ​ပြစ်​မှန်​သ​မျှ​ကို မှတ်​သား​ထား​တော်​မူ​ပါ​၏။ ယင်း​တို့​ကို​စု​စည်း​ပြီး​လျှင်​ငါ​၏​လည်​တွင် ဆွဲ​ထား​တော်​မူ​သည်​ဖြစ်​၍ ငါ​သည်​အ​ပြစ်​ဝန်​ထုပ်​လေး​လံ​မှု​ဖြင့် အား​အင်​ချည့်​နဲ့​ရ​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ရန်​သူ​များ လက်​သို့​အပ်​တော်​မူ​ပါ​၏။ ငါ့​မှာ​လည်း​သူ​တို့​အား​ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ပါ။''

သင်​၏​ပ​ရော​ဖက်​များ​သည်​မု​သား​စ​ကား​မှ တစ်​ပါး သင့်​အား​အ​ခြား​မည်​သည့်​စ​ကား​ကို​မျှ မ​ပြော​တတ်​ကြ​ပါ။ သူ​တို့​ဟော​ပြော​သ​မျှ​သည်​သင့်​ကို လှည့်​စား​ခြင်း​သာ​ဖြစ်​၏။ သင်​၏​အ​ပြစ်​ကို​အ​ဘယ်​ခါ​မျှ​မ​ဖော်​ပြ​သ​ဖြင့် သင်​သည်​နောင်​တ​ရ​စ​ရာ​မ​လို​ဟု​ထင်​မှတ်​စေ​ခဲ့ သည်။

အီ​ဂျစ်​ပြည်​၏​တန်​ခိုး​အာ​ဏာ​တည်း​ဟူ သော​ထမ်း​ပိုး​ကို ငါ​ချိုး​နှိမ်​သော​အ​ခါ​သူ တို့​ဂုဏ်​ယူ​ဝါ​ကြွား​သည့်​စွမ်း​ရည်​သတ္တိ ကို​ပ​ပျောက်​စေ​မည်။ တာ​ပ​နက်​မြို့​သည် မှောင်​မိုက်​၍​နေ​လိမ့်​မည်။ အီ​ဂျစ်​ပြည်​တွင် မိုး​တိမ်​များ​အုပ်​ဆိုင်း​လျက်​မြို့​အား​လုံး မှ​လူ​တို့​သည်​သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး သိမ်း​ယူ​သွား​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။-

သို့​ဖြစ်​၍​သင်​တို့​ကို​တိုက်​ခိုက်​ရန် ထာ​ဝ​ရ ဘု​ရား​စေ​လွှတ်​သော​ရန်​သူ​၏​အ​မှု​ကို​သင် တို့​ထမ်း​ရ​လိမ့်​မည်။ သင်​တို့​သည်​စား​ရေး၊ သောက်​ရေး၊ ဝတ်​ရေး​မှ​စ​၍​အ​ရာ​ရာ​၌​ချို့ တဲ့​လျက်​ရှိ​ကြ​လိမ့်​မည်။ သင်​တို့​သေ​ကြေ ပျက်​စီး​သည့်​တိုင်​အောင် ရန်​သူ​များ​သည် သင်​တို့​အား​ညှင်း​ဆဲ​နှိပ်​စက်​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ