Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 28:11

Common Language Bible

လူ​အ​ပေါင်း​တို့​၏​ရှေ့​၌​ငါ့​အား``လူ​မျိုး​တ​ကာ တို့​အ​ပေါ်​သို့​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​တင်​သော ထမ်း​ပိုး​ကို ဤ​နည်း​အ​တိုင်း​ပင်​ချိုး​ပစ်​တော် မူ​မည်။ နှစ်​နှစ်​အ​တွင်း​ဤ​အ​မှု​ကို​ဖြစ်​ပွား စေ​တော်​မူ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​ပါ​၏'' ဟု​ပြော​၏။ ထို​အ​ခါ​ငါ​သည် ထွက်​ခွာ​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ဗေ​သ​လ​မြို့​သား​ပ​ရော​ဖက်​အို​ကြီး က``ငါ​သည်​လည်း​သင်​ကဲ့​သို့​ပင်​ပ​ရော​ဖက်​ဖြစ် ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ကောင်း​ကင်​တမန်​တစ်​ပါး​က​သင့်​ကို​အိမ်​သို့ ဖိတ်​ခေါ်​၍​ဧည့်​ဝတ်​ပြု​ရန် ငါ့​အား​မှာ​ကြား ထား​ပါ​သည်'' ဟု​ဆို​၏။ ယင်း​သို့​ထို​ပ​ရော​ဖက် ကြီး​က​မု​သား​သုံး​၍​ပြော​ဆို​သ​ဖြင့်၊

သို့​ဖြစ်​၍​အာ​ဟပ်​သည်​လေး​ရာ​ခန့်​ရှိ​သော ပ​ရော​ဖက်​တို့​ကို​ခေါ်​တော်​မူ​၍``ငါ​သည် ရာ​မုတ်​မြို့​ကို​ချီ​တက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ပြော​ကြား​လော့'' ဟု​မေး​တော်​မူ​၏။ ပ​ရော​ဖက်​တို့​က``တိုက်​ခိုက်​တော်​မူ​ပါ။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။

ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သူ၊ ခေ​နာ​နာ​၏​သား ဇေ​ဒ​ကိ​သည်​သံ​ဦး​ချို​များ​ကို​ပြု​လုပ်​ပြီး လျှင်​အာ​ဟပ်​အား``ထာ​ဝရ​ဘု​ရား​က`သင်​သည် ဤ​ဦး​ချို​များ​ဖြင့်​ရှု​ရိ​တပ်​အား​ချေ​မှုန်း လိမ့်​မည်' ဟု​မိန့်​တော်​မူ​ပါ​သည်'' ဟု​လျှောက်​၏။-

မိုက်သောသူနှင့်တွေ့၍ သူ၏နှုတ်၌ ပညာ အတတ်မရှိသည်ကို သိမြင်လျှင်၊ ထိုသူကို ရှောင်သွား လော့။

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ပ​ရော​ဖက်​တို့ သည် ငါ​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လိမ်​လည် ပြော​ဆို​နေ​ကြ​ခြင်း​ဖြစ်​သည်။ ငါ​သည်​သူ​တို့ ကို​မ​စေ​လွှတ်​ခဲ့။ သူ​တို့​အား​အ​ဘယ်​သို့​မျှ လည်း​မ​မှာ​ကြား။ အ​ဘယ်​ဗျာ​ဒိတ်​ကို​မျှ လည်း​ငါ​မ​ပေး​ခဲ့။ သူ​တို့​ဖော်​ပြ​သည့်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​တို့​သည်​ငါ​ပြ​သည့်​ရူ​ပါ​ရုံ​များ မ​ဟုတ်။ သူ​တို့​ကြို​တင်​ဟော​ပြော​မှု​များ သည်​အ​ချည်း​နှီး​ဟော​ပြော​မှု​များ​သာ လျှင်​ဖြစ်​၏။-

သူ​တို့​သည်​ငါ​၏​စကား​ကို​နား​ထောင်​ရန်​ငြင်း ဆန်​သူ​တို့​အား`သင်​တို့​အ​ဖို့​အ​စ​စ​အ​ရာ​ရာ အ​ဆင်​ပြေ​လိမ့်​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် ဆို​သည်' ဟု​အ​ဖန်​တစ်​လဲ​လဲ​ဟော​ပြော​ကြ​၏။ ခေါင်း​မာ​သူ​အ​ပေါင်း​တို့​အား​လည်း`သင်​တို့ အ​ပေါ်​သို့​အ​ဘယ်​အ​ခါ​၌​မျှ​ဘေး​အန္တ​ရာယ် ဆိုး​သက်​ရောက်​လိမ့်​မည်​မ​ဟုတ်' ဟု​ဆို​ကြ​၏'' ဟူ​၍​မိန့်​တော်​မူ​၏။

ထို​နောက်​ငါ​သည်​ဟာ​န​နိ​အား``ဟာ​န​နိ၊ နား​ထောင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့် အား​စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ သင်​သည် ဤ​ပြည်​သူ​တို့​အား​မု​သား​စ​ကား​ကို ယုံ​ကြည်​အောင်​ပြု​လျက်​နေ​သည်​ဖြစ်​၍၊-

သူ​တို့​သည်​ငါ​၏​နာ​မ​ကို​အ​မှီ​ပြု​၍​မု​သား စ​ကား​ကို​ပြော​ဆို​နေ​ကြ​၏။ သူ​တို့​အား​ငါ မ​စေ​လွှတ်​ခဲ့။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏' ဟု​မိန့်​တော်​မူ​၏။

သူ​တို့​အား​ဤ​သို့​ဆင့်​ဆို​လော့။ သင်​တို့​၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​သည်​အ​တု​ဖြစ်​၍ သင် တို့​ကြို​တင်​ဟော​ကြား​ချက်​များ​သည်​လည်း မု​သား​စ​ကား​များ​ဖြစ်​၏။ သင်​တို့​က​ထို စ​ကား​များ​သည် ငါ​၏​ဗျာ​ဒိတ်​တော်​ဖြစ် သည်​ဟု​ဆို​သော်​လည်း ငါ​သည်​ထို​ဗျာ​ဒိတ် ကို​သင်​တို့​အား​မ​ပေး​ခဲ့'' ဟု​မိန့်​တော် မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ