ယေရမိ 27:9Common Language Bibleအိပ်မက်အနက်ဖွင့်သူများ၊ လူသေဝိညာဉ် များကိုခေါ်ယူ၍ မှော်အတတ်အားဖြင့် အနာဂတ်ကိုဟောနိုင်သည်ဟုဆိုသူများ၊ သို့မဟုတ်သင်တို့၏ပရောဖက်များ၏ စကားကိုနားမထောင်ကြနှင့်။ သူတို့ အားလုံးပင်လျှင်သင်တို့အားဗာဗုလုန် ဘုရင်၏အစေကိုမခံရန်ပြောကြား ကြ၏။- အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ထာဝရဘုရားက``ပရောဖက်တို့ သည် ငါ၏နာမတော်ကိုအမှီပြု၍ လိမ်လည် ပြောဆိုနေကြခြင်းဖြစ်သည်။ ငါသည်သူတို့ ကိုမစေလွှတ်ခဲ့။ သူတို့အားအဘယ်သို့မျှ လည်းမမှာကြား။ အဘယ်ဗျာဒိတ်ကိုမျှ လည်းငါမပေးခဲ့။ သူတို့ဖော်ပြသည့်ဗျာဒိတ် ရူပါရုံတို့သည်ငါပြသည့်ရူပါရုံများ မဟုတ်။ သူတို့ကြိုတင်ဟောပြောမှုများ သည်အချည်းနှီးဟောပြောမှုများသာ လျှင်ဖြစ်၏။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက ယေရု ရှလင်မြို့သူမြို့သားတို့အား``ပရောဖက်များ သည်သင်တို့အားအချည်းနှီးမျှော်လင့်လျက် နေစေကြသည်ဖြစ်၍ သူတို့ဟောပြောသည့် စကားကိုနားမထောင်ကြနှင့်။ သူတို့သည် မိမိတို့စိတ်ထဲထင်မြင်သည့်အရာများကို ဟောပြောကြ၏။ ငါ၏ဗျာဒိတ်တော်ကိုဟော ပြောကြသည်မဟုတ်။-
ငါထာဝရဘုရားမိန့်တော်မူသည့်စကား ကိုနားထောင်ကြလော့။ မုသားအပြည့်ပါသည့် မိမိတို့၏အိပ်မက်များအကြောင်းကိုဟော ပြောကြသောပရောဖက်တို့ကိုငါဆန့်ကျင် ဘက်ပြုမည်။ သူတို့သည်ထိုအိပ်မက်များကို လိမ်လည်ကြွားဝါဟောပြောခြင်းအားဖြင့် ငါ ၏လူမျိုးတော်အားလမ်းလွဲစေကြ၏။ ငါ သည်သူတို့အားမစေလွှတ်ခဲ့။ သွားရန်လည်း အမိန့်မပေးခဲ့။ သို့ဖြစ်၍သူတို့သည်လူတို့ အတွက်အဘယ်သို့မျှအကျိုးမပြုကြ။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
သင်တို့မြင်ရသောဗျာဒိတ်ရူပါရုံများသည် အတုဖြစ်၍ သင်တို့အားကြိုတင်ဟောပြော ချက်များသည်လည်းလိမ်လည်ဟောပြောမှု များသာဖြစ်၏။ သင်တို့အပြီးသတ်အပြစ် ဒဏ်ခံရမည့်နေ့ရက်သည်နီးကပ်လာလေ ပြီ။ ဋ္ဌားတော်သည်ယုတ်မာဆိုးညစ်သူတို့ ၏ဇက်ပေါ်သို့သတ်ဖြတ်ရန်ကျရောက်အံ့။
လူတို့သည်နတ်ရုပ်များ၊ ရုပ်တုများ၊ ဗေဒင် ဆရာများကိုမေးမြန်းစုံစမ်းကြ၏။ သို့ ရာတွင်သူတို့ရရှိသည့်အဖြေများမှာ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သည့်မုသားစကား များဖြစ်၏။ အချို့သောသူတို့သည်အိပ်မက် များကိုအနက်ဖွင့်ကြ၏။ သို့ရာတွင်သူတို့ သည်သင်တို့အားလမ်းမှားသို့သာလျှင် ပို့ဆောင်ပေးတတ်၏။ သူတို့အထဲမှရရှိ သည့်နှစ်သိမ့်မှုမှာလည်းအချည်းနှီးသာ လျှင်ဖြစ်ပေသည်။ ထို့ကြောင့်လူတို့သည် လမ်းလွဲသည့်သိုးများကဲ့သို့လှည့်လည် သွားလာလျက်နေရကြ၏။ ဦးစီးခေါင်း ဆောင်မရှိသဖြင့် ဒုက္ခရောက်လျက်ရှိ ကြ၏။
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။
သင်သည်အဘယ်အခါ၌မျှဆီမီး၏အလင်း ရောင်ကိုမြင်ရလိမ့်မည်မဟုတ်။ မင်္ဂလာဆောင်သတို့ သားနှင့်သတို့သမီး၏အသံကိုလည်းအဘယ် အခါ၌မျှကြားရလိမ့်မည်မဟုတ်။ သင်၏ကုန် သည်ကြီးများကားကမ္ဘာတစ်ဝန်းလုံးတွင်သြဇာ အာဏာကြီးမားသူများဖြစ်ကြ၏။ သင်သည် လူမျိုးတကာတို့ကိုစုန်းအတတ်ဖြင့်ပြုစား ကာမှောက်မှားလမ်းလွဲစေလေပြီ'' ဟုဆိုလေ၏။