Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 27:21

Common Language Bible

``ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​နှင့်​ဘု​ရင်​နန်း တော်​တွင်​ချန်​ထား​ခဲ့​သည့်​ဘဏ္ဍာ​များ​နှင့်​ပတ် သက်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​စ​ကား​ကို​နား​ထောင်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဗိ​မာန်​တော်​ရှိ​အ​သုံး အ​ဆောင်၊ ဗိ​မာန်​တော်​ဘဏ္ဍာ၊ မင်း​ကြီး​နှင့်​မှူး မတ်​တို့​၏​ဘဏ္ဍာ​ရှိ​သ​မျှ​ကို​သိမ်း​သွား​လေ သည်။-

ရှေ​ရှ​ဗာ​ဇာ​သည်​ပြည်​နှင်​ဒဏ်​သင့်​သူ​များ​နှင့်​အ​တူ ဗာ​ဗု​လုန်​ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​သော​အ​ခါ ရွှေ​ဖ​လား၊ ငွေ​ဖ​လား​နှင့်​အ​ခြား​ပစ္စည်း​အ​သုံး​အ​ဆောင်​အ​ရေ​အ​တွက် စု​စု​ပေါင်း​ငါး​ထောင့်​လေး​ရာ​တို့​ကို​ယူ​ဆောင်​ခဲ့​၏။

သူ​တို့​အား​ကု​ရု​မင်း​သည် ယေ​ရု​ရှ​လင်​မြို့​မှ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သိမ်း​ယူ​၍ မိ​မိ​၏​ဘု​ရား​တို့​ဗိ​မာန်​တွင်​ထား​ရှိ​ခဲ့​သည့်​ဖ​လား​များ​ကို​ပေး​အပ်​တော်​မူ​၏။-

အ​ရှင့်​နန်း​တော်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့ ကို​လည်း​ကောင်း၊ ယ​နေ့​တိုင်​အောင်​အ​ရှင့်​ဘိုး ဘေး​တို့​စု​ဆောင်း​ထား​ရှိ​ခဲ့​သည့်​ပစ္စည်း​ဥစ္စာ မှန်​သ​မျှ​ကို​လည်း​ကောင်း ဗာ​ဗု​လုန်​ပြည်​သို့ ဆောင်​ယူ​သွား​ရာ​နေ့​ရက်​ကာ​လ​ရောက်​ရှိ လာ​လိမ့်​မည်။ အ​ဘယ်​အ​ရာ​တစ်​စုံ​တစ်​ခု မျှ​ကျန်​ရစ်​လိမ့်​မည်​မ​ဟုတ်။-

ငါ​သည်​ရန်​သူ​တို့​အား​ဤ​မြို့​၏​စည်း​စိမ်​ချမ်း သာ​မှန်​သ​မျှ​ကို​တိုက်​ခိုက်​လု​ယူ​စေ​မည်။ ဤ မြို့​၏​လက်​ရှိ​ဥစ္စာ​များ​နှင့်​ပစ္စည်း​ပစ္စ​ယ​မှန် သ​မျှ​နှင့် ယု​ဒ​ဘု​ရင်​များ​၏​ဘဏ္ဍာ​တော်​တို့ ကို​ဗာ​ဗု​လုန်​ပြည်​သို့​သိမ်း​ယူ​သွား​စေ​မည်။-

ထို​ဘဏ္ဍာ​တို့​သည်​ဗာ​ဗု​လုန်​မြို့​သို့​ယူ​ဆောင် သွား​ပြီး​လျှင် ယင်း​တို့​အား​ငါ​တစ်​ဖန်​ဂ​ရု စိုက်​သည့်​အ​ချိန်​တိုင်​အောင်​ထို​မြို့​တွင်​ရှိ​နေ လိမ့်​မည်။ ထို​နောက်​ငါ​သည်​ထို​ဘဏ္ဍာ​များ​ကို ဤ​ဌာ​န​တော်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​ပြော​ကြား​လေ​သည်။

ရန်​သူ​များ​သည်​သူ​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သ​မျှ​ကို တိုက်​ခိုက်​လု​ယူ​ကြ​၏။ သူ​သည်​လူ​မျိုး​ခြား​တို့​အား​ထာ​ဝ​ရ​ဘု​ရား ပိတ်​ပင်​တား​မြစ်​ထား​ရာ​ဖြစ်​သည့် ဗိ​မာန်​တော်​သို့​ပင်​လျှင် ထို​သူ​တို့​ဝင်​ရောက်​ကြ​သည်​ကို​တွေ့​မြင်​ရ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ