Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 27:11

Common Language Bible

သို့​သော်​အ​ကြင်​လူ​မျိုး​သည်​ဗာ​ဗု​လုန်​ဘု​ရင် ၏​ထမ်း​ပိုး​အောက်​တွင် အ​ညံ့​ခံ​၍​သူ​၏​အ​စေ ကို​ခံ​၏။ ထို​လူ​မျိုး​အား​ငါ​သည်​မိ​မိ​တို့​တိုင်း ပြည်​တွင် ထွန်​ယက်​လုပ်​ကိုင်​နေ​ထိုင်​ခွင့်​ကို​ပေး တော်​မူ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဤ​မြို့​တွင်​ရှိ​နေ​သူ​မှန်​သ​မျှ​သည်​စစ်​ပွဲ တွင်​ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။ သို့​မ​ဟုတ် အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဖြင့် သော်​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​ဘေး​ဖြင့် သော်​လည်း​ကောင်း​သေ​ရ​ကြ​လိမ့်​မည်။ သို့ ရာ​တွင်​မြို့​ပြင်​သို့​ထွက်​၍​ယ​ခု​ဝိုင်း​ရံ​တိုက် ခိုက်​လျက်​နေ​သော​ဗာ​ဗု​လုန်​ပြည်​သား​တို့ အား လက်​နက်​ချ​သူ​တို့​မူ​ကား​သေ​ရ​ကြ လိမ့်​မည်​မ​ဟုတ်။ ယုတ်​စွ​အ​ဆုံး​အ​သက် ဘေး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည်။-

ငါ​သည်​ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​အား​လည်း အ​ထက်​ပါ​အ​တိုင်း​လျှောက်​၏။ ငါ​က``အ​ရှင် သည်​ဗာ​ဗု​လုန်​ဘု​ရင်​၏​ထမ်း​ပိုး​အောက်​တွင် အ​ညံ့​ခံ​ပါ​လော့။ ထို​ဘု​ရင်​နှင့်​သူ​၏​အ​မျိုး သား​များ​၏​အ​စေ​ကို​ခံ​ပါ​မူ​အ​သက်​ချမ်း သာ​ရာ​ရ​ပါ​လိမ့်​မည်။-

``သား​ရေ​ကြိုး​များ၊ ကန့်​လန့်​ဖြတ်​သစ်​သား တန်း​များ​ဖြင့်​နွား​ထမ်း​ပိုး​ပြု​လုပ်​၍​သင် ၏​လည်​ကုပ်​တွင်​တင်​လော့။-

သို့​ရာ​တွင်​ဘယ်​လူ​မျိုး​သို့​မ​ဟုတ်​ဘယ် နိုင်​ငံ​သည် ထို​မင်း​၏​အုပ်​စိုး​မှု​ကို​မ​ခံ​ဘဲ နေ​လျှင် ထို​လူ​မျိုး​အား​နေ​ဗု​ခဒ်​နေ​ဇာ မ​ဖျက်​ဆီး​မီ​တိုင်​အောင်​စစ်​မက်​အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​အ​နာ ရော​ဂါ​ဘေး​တို့​ဖြင့်​ငါ​သည်​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​မည်။-

ငါ​သည်​လူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​ပြော​ကြား​သည်​မှာ``ဤ​မြို့​တွင်​ဆက် လက်​နေ​ထိုင်​သူ​တို့​သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း ပါး​ခြင်း​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့​နှင့်​သေ​ရ ကြ​လိမ့်​မည်။ ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ထံ​သွား ၍​လက်​နက်​ချ​သူ​တို့​သည်​သေ​ရ​ကြ​လိမ့်​မည် မ​ဟုတ်။ သူ​တို့​သည်​ယုတ်​စွ​အ​ဆုံး​အ​သက် ဘေး​မှ​ချမ်း​သာ​ရာ​ရ​လျက်​ကျန်​ရှိ​ကြ​လိမ့် မည်။-

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ကွဲ​လွင့်​လျက် နေ​ရာ​နိုင်​ငံ​များ​မှ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​တစ်​ဖန်​ပြန်​၍​ငါ​စု​သိမ်း​မည်။ ငါ သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ကြောင်း​လူ မျိုး​တ​ကာ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ကိုယ် ပိုင်​ပြည်၊ ငါ​၏​အ​စေ​ခံ​ယာ​ကုပ်​အား​ငါ ပေး​အပ်​သည့်​ပြည်​၌​နေ​ရ​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ