Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 26:24

Common Language Bible

သို့​ရာ​တွင်​ငါ​သည်​ရှာ​ဖန်​၏​သား အ​ဟိ​ကံ ၏​ထောက်​ခံ​မှု​ကို​ရ​ရှိ​သ​ဖြင့် လူ​တို့​လက် သို့​အပ်​၍​အ​သတ်​မ​ခံ​ရ​ခြင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘုရား​၏​ပ​ရော​ဖက်​များ​ကို​ယေ​ဇ​ဗေ​လ သတ်​ဖြတ်​နေ​ချိန်​၌ ပ​ရော​ဖက်​တစ်​ရာ​ကို​ငါး ဆယ်​စီ​နှစ်​စု​ခွဲ​၍​ဂူ​များ​တွင်​ဝှက်​ထား​ပြီး​လျှင် အ​စာ​ရေ​စာ​ကျွေး​မွေး​ခဲ့​၏။-)

ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ရှာ​ဖန် ၏​မြေး၊ အ​ဟိ​ကံ​၏​သား၊ ဂေ​ဒ​လိ​အား​ယု​ဒ ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​ထား​ပြီး​လျှင် ဗာ​ဗု​လုန် ပြည်​သို့​ဖမ်း​သွား​ခြင်း​မ​ခံ​ရ​ကြ​သူ​တို့ အား​အုပ်​ချုပ်​စေ​၏။-

သူ​သည်​ဟိ​လ​ခိ၊ ရှာ​ဖန်​၏​သား​အ​ဟိ​ကံ၊ မိက္ခာ ၏​သား​အာ​ဗ​ဒုန်၊ စာ​ရေး​တော်​ရှာ​ဖန်​နှင့်​သက်​တော်​စောင့် အာ​သာ​ယ​တို့​ကို​ခေါ်​၍၊-

ငါ​သည်​စာ​ကို​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​က နေ​ဗု​ခဒ်​နေ​ဇာ​ထံ​စေ​လွှတ်​သော ရှာ​ဖန်​၏​သား ဧ​လာ​သာ​နှင့်​ဟိ​လ​ခိ​၏​သား​ဂေ​မ​ရိ​တို့ အား​ဖြင့်​ပေး​ပို့​လိုက်​၏။ စာ​တွင်၊

ထို​အ​ခါ​ဗာ​ရုတ်​သည်​စာ​လိပ်​ပါ​ငါ​နှုတ် တိုက်​ချ​ပေး​သ​မျှ​သော​စ​ကား​တို့​ကို ဗိ​မာန် တော်​တွင်း​ရှိ​လူ​တို့​ကြား​နိုင်​လောက်​သော​အ​ရပ် မှ​ဖတ်​ပြ​လေ​သည်။ သူ​သည်​ဂေ​မ​ရိ​၏​သား ဘု​ရင်​၏​အ​တိုင်​ပင်​ခံ​အ​မတ်​ရှာဖန်​၏​အ​ခန်း မှ​နေ​၍​ထို​စာ​လိပ်​ကို​ဖတ်​သ​တည်း။ ထို​အ​ခန်း သည်​ဗိ​မာန်​တော်​အ​ဝင်​ဝ​တံ​ခါး​သစ်​အ​နီး အ​ထက်​တံ​တိုင်း​အ​တွင်း​၌​တည်​ရှိ​လေ​သည်။

ဂေ​မ​ရိ​၏​သား​ရှာ​ဖန်​၏​မြေး၊ မိက္ခာ​ယ​သည် ထို​စာ​လိပ်​တွင်​ပါ​ရှိ​သည့်​ထာ​ဝ​ရ​ဘု​ရား ၏​စ​ကား​တော်​တို့​ကို​ကြား​လျှင်၊-

နန်း​တော်​အ​တွင်း​မှူး​မတ်​များ​စည်း​ဝေး​လျက် ရှိ​ရာ​ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​မတ်​၏​အ​ခန်း​သို့ သွား​လေ​သည်။ ထို​အ​ရပ်​တွင်​ဘု​ရင့်​အတိုင်​ပင်​ခံ အ​မတ်​ဧ​လိ​ရှ​မာ၊ ရှေ​မာ​ယ​၏​သား​ဒေ​လာ​သ၊ အာ​ခ​ဗော်​၏​သား​ဧ​လ​နာ​သန်၊ ရှာ​ဖန်​၏​သား ဂေ​မ​ရိ၊ ဟာ​န​နိ​၏​သား​ဇေ​ဒ​ကိ​နှင့်​အ​ခြား မှူး​မတ်​အ​ပေါင်း​တို့​ရှိ​ကြ​၏။-

ထို​အ​ခါ​မှူး​မတ်​များ​က``သင်​နှင့်​ယေ​ရ​မိ သည်​ထွက်​ပြေး​ပုန်း​ရှောင်​နေ​ရ​ကြ​ပေ​မည်။ သင်​တို့​ရှိ​ရာ​ကို​အ​ဘယ်​သူ​မျှ​မ​သိ​စေ နှင့်'' ဟု​ဗာ​ရုတ်​အား​ပြော​ကြား​ကြ​၏။

ထို​နောက်​သူ​သည်​အာ​ဇ​ရေ​လ​၏​သား၊ စ​ရာ​ယ၊ အာ​ဗ​ဒေ​လ​၏​သား​ရှေ​လ​မိ​တို့​နှင့်​အ​တူ သား​တော်​ယေ​ရ​မေ​လ​အား ငါ​နှင့်​ငါ​၏​စာ ရေး​ဗာ​ရုတ်​ကို​ဖမ်း​ဆီး​ရန်​အ​မိန့်​ပေး​လေ သည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ တို့​နှစ်​ယောက်​အား​ဝှက်​ထား​တော်​မူ​၏။

ငါ့​အား​နန်း​တော်​ဝင်း​အ​တွင်း​မှ​ခေါ်​ယူ​ကြ​၏။ ထို​နောက်​သူ​တို့​သည်​ငါ့​အား​ဘေး​မဲ့​လုံ​ခြုံ စွာ​အိမ်​သို့​ပြန်​လည်​ပို့​ဆောင်​စေ​ရန်​ရှာ​ဖန် ၏​မြေး၊ အ​ဟိ​တံ​၏​သား​ဂေ​ဒ​လိ​၏​လက်​သို့ ပေး​အပ်​ကြ​၏။ သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​၏ အ​မျိုး​သား​များ​နှင့်​အ​တူ​တစ်​ဖန်​နေ​ထိုင် ရ​လေ​သည်။

ထို​အ​ရပ်​တွင်​ရှာ​ဖန်​၏​သား​ယာ​ဇ​ညာ​အ​ပါ​အ​ဝင် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ်​ဆယ်​ရှိ​၏။ သူ​တို့​သည်​ကိုယ်​စီ​ကိုယ်​ငှ​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​လင်​ပန်း​တစ်​ချပ်​စီ​ကိုင်​ထား​ကြ​၏။ နံ့​သာ​ပေါင်း​မှ​မီး​ခိုး​တို့​သည်​လည်း​အ​ထက်​သို့​တက်​၍​နေ​၏။-

ငြင်း​ခုံ​မှု​သည်​အ​လွန်​ပြင်း​ထန်​၍​လာ​သ​ဖြင့် ပေါ​လု​ကို​အ​ပိုင်း​ပိုင်း​ဆုတ်​ဖြတ်​မည်​ကို​တပ်​မှူး သည်​စိုး​ရိမ်​သ​ဖြင့် စစ်​သား​များ​အား​ဆင်း​သွား ၍​ပေါ​လု​အား​ထို​သူ​တို့​ထံ​မှ​ထိန်း​သိမ်း​ပြီး လျှင်​ရဲ​တိုက်​ထဲ​သို့​ခေါ်​ဆောင်​သွား​ရန်​အ​မိန့် ပေး​၏။

သို့​သော်​တပ်​မှူး​သည်​ပေါ​လု​ကို​ကယ်​ဆယ်​လို သ​ဖြင့် စစ်​သား​များ​၏​အ​ကြံ​အ​စည်​အ​တိုင်း မ​ပြု​လုပ်​ရန်​တား​မြစ်​ပြီး​လျှင် ဦး​စွာ​ပ​ထ​မ ရေ​ကူး​တတ်​သူ​တို့​အား​သင်္ဘော​ပေါ်​မှ​ခုန်​ချ စေ​ပြီး​နောက်​ကုန်း​သို့​ကူး​စေ​၏။-

သို့​ရာ​တွင်​မြေ​ကြီး​သည်​မိ​မိ​၏​ခံ​တွင်း​ကို ဖွင့်​၍ န​ဂါး​မှုတ်​ထုတ်​လိုက်​သော​မြစ်​ရေ​ကို မျို​ချ​ကာ​အ​မျိုး​သ​မီး​အား​ကယ်​ဆယ် လိုက်​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ