ယေရမိ 25:28Common Language Bibleအကယ်၍သူတို့သည်သင်၏လက်မှခွက် ဖလားကိုယူ၍သောက်ရန်ငြင်းဆန်နေကြ ပါမူ အနန္တတန်ခိုးရှင်ထာဝရဘုရားက သူတို့အားအသောက်ခိုင်းတော်မူကြောင်း ပြောကြားလော့။- အခန်းကိုကြည့်ပါ။ |
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်ရှေ့ တော်၌ အမှုမထားလောက်သကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကမ္ဘာမြေပေါ်ရှိလူတို့ကိုလည်းကောင်း စိုးမိုးအုပ်ချုပ်တော်မူပါ၏။ အဘယ်သူမျှကိုယ်တော်၏အလိုတော်ကို မဆန့်ကျင်နိုင်ပါ။ ကိုယ်တော်အဘယ်သို့ပြုတော်မူသည်ကို လည်း မစစ်ဆေးမမေးမြန်းနိုင်ပါ။
ငါ့လူမျိုးတော်သည်ငါ၏သန့်ရှင်းမြင့် မြတ်သော တောင်တော်ပေါ်တွင်၊ ငါ၏ဆိုးရွားသောအမျက်တော်စပျစ် ရည်ကို သောက်ရကြလေပြီ။ အနီးအနားဝန်းကျင်ရှိလူမျိုးတကာတို့ သည်လည်း ထိုထက်ပင်ပိုမိုဆိုးရွားသည့်အမျက်တော် စပျစ်ရည်ကိုသောက်ရကြလိမ့်မည်။ သူတို့သည်ယင်းကိုအကုန်အစင်သောက် ပြီးနောက်၊ ကွယ်ပျောက်၍သွားကြလိမ့်မည်။
ခပ်သိမ်းသောအရာတို့သည်ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီကိုယ်တော်စီရင် ဆုံးဖြတ်တော်မူသည်အတိုင်းဖြစ်ပျက်ကြ ရ၏။ ဘုရားသခင်သည်မိမိအလိုတော် အရရှေးမဆွက ပြုတော်မူသည့်စီရင် ဆုံးဖြတ်ချက်ကိုအခြေခံ၍ ငါတို့အား ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေ လျက် မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေး ချယ်တော်မူပေသည်။-