Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 25:19

Common Language Bible

စ​ပျစ်​ရည်​ခွက်​ဖ​လား​မှ​အ​မျက်​တော်​ရည် ကို​သောက်​ရ​ကြ​သည့်​အ​ခြား​သူ​များ​၏ စာ​ရင်း​မှာ၊ အီ​ဂျစ်​ဘု​ရင်​မှူး​မတ်​များ​နှင့်​ခေါင်း​ဆောင်​များ၊ အီ​ဂျစ်​အ​မျိုး​သား​များ​နှင့်​အီ​ဂျစ်​ပြည်​ရှိ လူ​မျိုး​ခြား​ရှိ​သ​မျှ၊ ဥ​ဇ​ပြည်​မင်း​အ​ပေါင်း၊ ဖိ​လိတ္တိ​ပြည်​ရှိ​အာ​ရှ​ကေ​လုန်​မြို့၊​ဂါ​ဇ​မြို့၊ ဧ​ကြုန်​မြို့​တို့​မှ​ဘု​ရင်​အ​ပေါင်း​နှင့်​အာ​ဇုတ် မြို့​သား အ​ကြွင်း​အ​ကျန်​ရှိ​သ​မျှ၊ ဧ​ဒုံ​ပြည်၊မော​ဘ​ပြည်​နှင့်​အမ္မုန်​ပြည်​သား အ​ပေါင်း၊ တု​ရု​နှင့်​ဇိ​ဒုန်​ဘု​ရင်​အ​ပေါင်း၊ ပင်​လယ်​ရပ်​ခြား​မြေ​ထဲ​ပင်​လယ်​ဒေ​သ​တွင် အုပ်​စိုး​သည့်​ဘု​ရင်​အ​ပေါင်း၊ ဒေ​ဒန်​မြို့၊တေ​မ​မြို့​နှင့်​ဗု​ဇ​မြို့​တို့​မှ မြို့​သူ​မြို့​သား​အ​ပေါင်း၊ န​ဖူး​ပေါ်​မှ​ဆံ​ပင်​တို​ညှပ်​သူ​မှန်​သ​မျှ၊ အာ​ရပ်​ဘု​ရင်​အ​ပေါင်း၊ သဲ​ကန္တာ​ရ​တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား​တို့​အား အ​စိုး​ရ​သည့်​ဘု​ရင်​အ​ပေါင်း၊ ဇိ​မ​ရိ​ပြည်၊ဧ​လံ​ပြည်​နှင့်​မေ​ဒိ​ပြည်​ဘု​ရင် အ​ပေါင်း​နှင့် မြောက်​ဘက်​ရှိ​ရပ်​နီး​ရပ်​ဝေး​မှ​ဘု​ရင် အ​ပေါင်း​တို့ ဖြစ်​ကြ​၏။ ကမ္ဘာ​ပေါ်​တွင်​ရှိ​သ​မျှ​သော​လူ​မျိုး​တို့​သည် ထို​အ​မျက်​တော်​ရည်​ကို​သောက်​ရ​ကြ​၏။ နောက်​ဆုံး​သောက်​ရ​မည့်​သူ​မှာ​ဗာ​ဗု​လုန် ဘု​ရင်​ဖြစ်​ပေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​အီ​ဂျစ်​ဘု​ရား​ဝတ်​ကျောင်း​များ​ကို မီး​ရှို့​မည်။ ဗာ​ဗု​လုန်​ဘု​ရင်​အား​ထို​ဝတ်​ကျောင်း များ​မှ​ဘု​ရား​တို့​ကို​မီး​ရှို့​စေ​မည်။ သို့​မ​ဟုတ် လျှင်​လည်း​သိမ်း​ယူ​သွား​စေ​မည်။ သိုး​ထိန်း​သည် မိ​မိ​၏​အ​ဝတ်​မှ​သန်း​များ​ကို​ကုန်​စင်​အောင် ရှာ​သ​ကဲ့​သို့ ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဤ​ပြည် မှ​ပစ္စည်း​ဥစ္စာ​များ​ကို​အ​ကုန်​အ​စင်​ရှာ​၍ ယူ​ပြီး​လျှင်​အောင်​မြင်​စွာ​ထွက်​ခွာ​သွား လိမ့်​မည်။-

သူ​သည်​အီ​ဂျစ်​ပြည်​ရှိ​နေ​မင်း​မြို့​တော်​အ ထိမ်း​အ​မှတ်​ကျောက်​တိုင်​များ​ကို​ချိုး​ဖျက် ၍​အီ​ဂျစ်​ဘု​ရား​ဝတ်​ကျောင်း​များ​ကို​မီး​ရှို့ လိမ့်​မည်' ဟု​မိန့်​တော်​မူ​ကြောင်း​ဆင့်​ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။

အီ​ဂျစ်​ပြည်​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ကိုယ် တော်​မိန့်​တော်​မူ​သည်​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှိ​၏​သား ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ​စ​တုတ္ထ​နှစ် ၌ ဥ​ဖ​ရတ်​မြစ်​အ​နီး​ကာ​ခေ​မိတ်​အ​ရပ်​တွင် ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​နှိမ်​နင်း​လိုက် သည့်​အီ​ဂျစ်​ဘု​ရင်​ဖာ​ရော​နေ​ခေါ်​၏​တပ်​မ တော်​ကို​ရည်​မှတ်​၍​ဗျာ​ဒိတ်​ပေး​တော်​မူ ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ