ယေရမိ 24:3Common Language Bibleထိုနောက်ထာဝရဘုရားကငါ့အား``ယေရမိ၊ သင်အဘယ်အရာကိုမြင်သနည်း'' ဟုမေး တော်မူ၏။ ငါကလည်း``သင်္ဘောသဖန်းသီးများကိုမြင် ပါသည်။ ကောင်းသောသင်္ဘောသဖန်းသီးများ သည် အလွန်ကောင်း၍ပုပ်သောသင်္ဘောသဖန်း သီးများမှာစား၍မရနိုင်လောက်အောင်ပုပ် ၍နေပါသည်'' ဟုပြန်လည်လျှောက်ထား၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က``အာမုတ်၊ အဘယ်အရာကို မြင်သနည်း'' ဟုငါ့အားမေးသဖြင့်၊ ငါကလည်း``ချိန်ကြိုးတစ်ချောင်းကို မြင်ရပါသည်ဘုရား'' ဟုလျှောက်ဆို၏။ ကိုယ်တော်ရှင်ကလည်း၊``ငါ၏လူမျိုးသည် ရွေ့စောင်းနေသောနံရံသဖွယ်ဖြစ်နေသည် ကို ဤချိန်ကြိုးဖြင့်ပြဆိုရပြီ။ သူတို့ကို ဒဏ်ခတ်ရန်နောက်တစ်ဖန်စိတ်ပြောင်းတော့ မည်မဟုတ်။-
ထာဝရဘုရားကငါ့အား``အာမုတ် အဘယ်အရာကိုမြင်သနည်း'' ဟု မေး တော်မူသဖြင့်၊ ငါကလည်း``အသီးမှည့်များထည့်ထားသော ခြင်းတောင်းတစ်ခုကိုမြင်ရပါသည်'' ဟု လျှောက်လေသည်။ ထာဝရဘုရားကငါ ၏လူမျိုးတော်ဣသရေလတို့သည်မှည့် ရော်၍ ကြွေပျက်တော့မည့်နောက်ဆုံးသော ကာလသို့ရောက်လာပြီ။ ငါသည်သူတို့ ၏ပြစ်မှုများကိုသည်းမခံတော့ဘဲ အပြစ်ပေးရတော့မည်။-
ရှောလုကလည်း``ကောင်းပြီ။ ငါတို့သွားကြစို့'' ဟုဆို၏။ သို့ဖြစ်၍သူတို့သည်သူတော်စင်နေ ထိုင်ရာမြို့သို့သွားကြ၏။ မြို့တည်ရာတောင်ကုန်း ကိုတက်၍သွားကြစဉ် သူတို့သည်လမ်းတွင်ရေ ခပ်ရန်လာသောအမျိုးသမီးကလေးအချို့နှင့် တွေ့သဖြင့်``ထိုမြို့ထဲ၌ရှေ့ဖြစ်ကိုဟောနိုင်သူ ရှိပါ၏လော'' ဟုမေးမြန်းစုံစမ်းကြ၏။ (ထိုခေတ်အခါကပရောဖက်အားရှေးဖြစ်ကို ဟောနိုင်သူဟုခေါ်ဝေါ်ကြ၏။ သို့ဖြစ်၍လူ တစ်ဦးတစ်ယောက်သည်ထာဝရဘုရားထံ လျှောက်ထားမေးမြန်းလိုသောအခါ``ရှေ့ဖြစ် ကိုဟောနိုင်သူထံသို့ငါတို့သွားကြကုန် အံ့'' ဟုဆိုလေ့ရှိသတည်း။)