ယေရမိ 23:35Common Language Bibleသူသည်ထိုသို့ပြောဆိုမည့်အစား မိမိ၏ အသိမိတ်ဆွေများနှင့်ဆွေမျိုးညာတိတို့ အား`ထာဝရဘုရားအဘယ်သို့ဖြေကြား တော်မူပါသနည်း။ ကိုယ်တော်အဘယ်သို့ မိန့်တော်မူပါသနည်း' ဟူ၍မေးမြန်းရာ၏။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကိုသိရန်အဘယ်သူမျှ မိမိတို့မြို့သူမြို့သားအချင်းချင်းကို လည်းကောင်း၊ ပြည်သူအချင်းချင်းကိုလည်း ကောင်းသွန်သင်ပေးရန်လိုလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်အငယ်ဆုံးသူမှ အကြီးမြတ်ဆုံးသူအထိငါ့ကိုသိ ကြလိမ့်မည်။ ငါသည်သူတို့၏အပြစ်များ ကိုဖြေလွှတ်မည်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုလည်းအမှတ်ရတော့မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
အဘယ်သူမျှမိမိ၏အမျိုးသားချင်း ကိုသော်လည်းကောင်း၊ မိမိ၏ညီအစ်ကိုအချင်းချင်းကိုသော်လည်း ကောင်း ထာဝရဘုရားအားသိလော့ဟုသွန်သင်ပေးရန် လိုမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူအပေါင်းတို့သည် အငယ်ဆုံးမှအကြီးဆုံးတိုင်အောင်ငါ့ကို သိကြလိမ့်မည်ဖြစ်သောကြောင့်တည်း။