Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 23:31

Common Language Bible

မိ​မိ​တို့​၏​စ​ကား​ကို​ငါ့​စ​ကား​ကဲ့​သို့​ပြော ဆို​သည့် ပ​ရော​ဖက်​တို့​ကို​လည်း​ဆန့်​ကျင်​ဘက် ပြု​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သူ၊ ခေ​နာ​နာ​၏​သား ဇေ​ဒ​ကိ​သည်​သံ​ဦး​ချို​များ​ကို​ပြု​လုပ်​ပြီး လျှင်​အာ​ဟပ်​အား``ထာ​ဝ​ရ​ဘု​ရား​က`ကိုယ်​တော် သည်​ဤ​ဦး​ချို​များ​ဖြင့်​ရှု​ရိ​အ​မျိုး​သား​တို့ အား​ချေ​မှုန်း​လိမ့်​မည်' ဟု​မိန့်​တော်​မူ​ပါ​သည်'' ဟု​လျှောက်​၏။-

သို့​ဖြစ်​၍​အာ​ဟပ်​သည်​လေး​ရာ​ခန့်​ရှိ​သော ပ​ရော​ဖက်​တို့​ကို​ခေါ်​တော်​မူ​၍``ငါ​သည် ရာ​မုတ်​မြို့​ကို​သွား​ရောက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ပြော​ကြား​ကြ​လော့'' ဟု​မိန့်​တော်​မူ၏။ ပ​ရော​ဖက်​တို့​က``တိုက်​ခိုက်​တော်​မူ​ပါ။ ဘု​ရား​သ​ခင်​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော် မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။

ပ​ရော​ဖက်​များ​ကို​လည်း​ဆိတ်​ဆိတ်​နေ​ရန် ပြော​ဆို​ကြ​၏။ သူ​တို့​က``ငါ​တို့​အား​အ​မှန် တ​ရား​ကို​မ​ပြော​ကြ​နှင့်။ ငါ​တို့​ကြား​လို သော​စကား​ကို​ပြော​ကြ​လော့။ ငါ​တို့​အား မိ​မိ​တို့​၏​လွဲ​မှား​သော​အ​ထင်​အ​မြင် အ​ယူ​အ​ဆ​များ​နှင့်​ပင်​ရှိ​နေ​စေ​ကြ လော့။-

သူ​တို့​သည်​ငါ​၏​စကား​ကို​နား​ထောင်​ရန်​ငြင်း ဆန်​သူ​တို့​အား`သင်​တို့​အ​ဖို့​အ​စ​စ​အ​ရာ​ရာ အ​ဆင်​ပြေ​လိမ့်​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် ဆို​သည်' ဟု​အ​ဖန်​တစ်​လဲ​လဲ​ဟော​ပြော​ကြ​၏။ ခေါင်း​မာ​သူ​အ​ပေါင်း​တို့​အား​လည်း`သင်​တို့ အ​ပေါ်​သို့​အ​ဘယ်​အ​ခါ​၌​မျှ​ဘေး​အန္တ​ရာယ် ဆိုး​သက်​ရောက်​လိမ့်​မည်​မ​ဟုတ်' ဟု​ဆို​ကြ​၏'' ဟူ​၍​မိန့်​တော်​မူ​၏။

မိ​မိ​တို့​အ​ချင်း​ချင်း​ပြော​ဆို​ကြ​သည့်​စ​ကား များ​ကို ငါ​၏​ဗျာ​ဒိတ်​တော်​ကဲ့​သို့​ပြန်​ကြား​ပြော ဆို​သည့်​ပ​ရော​ဖက်​တို့​ကို​ငါ​ဆန့်​ကျင်​ဘက်​ပြု မည်။-

ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​စ​ကား ကို​နား​ထောင်​ကြ​လော့။ မု​သား​အ​ပြည့်​ပါ​သည့် မိ​မိ​တို့​၏​အိပ်​မက်​များ​အ​ကြောင်း​ကို​ဟော ပြော​ကြ​သော​ပ​ရော​ဖက်​တို့​ကို​ငါ​ဆန့်​ကျင် ဘက်​ပြု​မည်။ သူ​တို့​သည်​ထို​အိပ်​မက်​များ​ကို လိမ်​လည်​ကြွား​ဝါ​ဟော​ပြော​ခြင်း​အား​ဖြင့် ငါ ၏​လူ​မျိုး​တော်​အား​လမ်း​လွဲ​စေ​ကြ​၏။ ငါ သည်​သူ​တို့​အား​မ​စေ​လွှတ်​ခဲ့။ သွား​ရန်​လည်း အ​မိန့်​မ​ပေး​ခဲ့။ သို့​ဖြစ်​၍​သူ​တို့​သည်​လူ​တို့ အ​တွက်​အ​ဘယ်​သို့​မျှ​အ​ကျိုး​မ​ပြု​ကြ။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ထို​နောက်​ငါ​သည်​ဟာ​န​နိ​အား``ဟာ​န​နိ၊ နား​ထောင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့် အား​စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ သင်​သည် ဤ​ပြည်​သူ​တို့​အား​မု​သား​စ​ကား​ကို ယုံ​ကြည်​အောင်​ပြု​လျက်​နေ​သည်​ဖြစ်​၍၊-

ပ​ရော​ဖက်​ဟာ​န​နိ​သည်​ထို​နှစ်​သတ္တမ​လ ၌​ပင်​သေ​ဆုံး​သွား​လေ​သည်။

``သင်​တို့​တွင်​စ​ပျစ်​ရည်​နှင့် အ​ရက်​လှိုင်​လှိုင် ပေါ​များ​လိမ့်​မည်​ဟု​ငါ​ဟော​၏' ဟူ​၍​လိမ် လည်​လှည့်​ဖြား​ပြော​ဆို​တတ်​သော​ပ​ရော​ဖက် မျိုး​ကို​ဤ​သူ​တို့​နှစ်​သက်​ကြ​၏။

ငါ​၏​အ​ခွင့်​အာ​ဏာ​မ​ရ​ဘဲ​နှင့် လူ​တို့​အား ဆင့်​ဆို​သော​ပ​ရော​ဖက်​သည်​လည်း​ကောင်း၊ အ​ခြား​သော​ဘု​ရား​များ​၏​အ​ခွင့်​အာ​ဏာ ဖြင့် ဆင့်​ဆို​သော​ပ​ရော​ဖက်​သည်​လည်း​ကောင်း သေ​ဒဏ်​ခံ​စေ​ရ​မည်' ဟု​မိန့်​တော်​မူ​၏။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ