Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 23:13

Common Language Bible

ရှ​မာ​ရိ​မြို့​မှ​ပ​ရော​ဖက်​များ​၏​ရွံ​ရှာ​ဖွယ် အ​ဖြစ်​ကို ငါ​တွေ့​မြင်​ရ​လေ​ပြီ။ သူ​တို့​သည်​ဗာ​လ​ဘု​ရား​၏​နာ​မ​ကို​အ​မှီ ပြု​၍ ဟော​ပြော​ကာ​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အား လမ်း​လွဲ​စေ​ကြ​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ယ​က``ဗာ​လ​ပ​ရော​ဖက်​တို့​ကို​ဖမ်း​ဆီး​ကြ လော့။ တစ်​ယောက်​မျှ​ထွက်​မ​ပြေး​စေ​ကြ​နှင့်'' ဟု အ​မိန့်​ပေး​၏။ လူ​တို့​သည်​ပ​ရော​ဖက်​အား​လုံး​ကို ဖမ်း​ဆီး​၍​ပေး​သ​ဖြင့် ဧ​လိ​ယ​သည်​သူ​တို့​အား ကိ​ရှုန်​ချောင်း​သို့​ထုတ်​သွား​ပြီး​လျှင်​ကွပ်​မျက် လေ​၏။

မ​နာ​ရှေ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ချီ​တက်​စဉ်​က ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော် မူ​လိုက်​သည့်​လူ​မျိုး​တို့​ထက်​ပို​၍​ပြစ်​မှား စေ​ရန် ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ရှေ့ ဆောင်​လမ်း​ပြ​၏။

ဤ​လူ​တို့​အား​ရှေ့​ဆောင်​လမ်း​ပြ​သူ​တို့​သည် လမ်း​မှား​ကို​ပြ​၍​စိတ်​ရှုပ်​ထွေး​စေ​တတ်​ကြ​၏။-

ယဇ်​ပု​ရော​ဟိတ်​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​ပါ​သ​နည်း' ဟု​မ​မေး​ကြ။ ငါ​၏​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ငါ့​ကို​မ​သိ။ အုပ်​ချုပ်​သူ​တို့​သည်​ငါ့​ကို​ပုန်ကန်​ကြ​၏။ ပ​ရော​ဖက်​တို့​က​ဗာ​လ​ဘု​ရား​၏​အ​မည်​နာ​မ​ကို တိုင်​တည်​ပြော​ဆို​ကာ အ​သုံး​မ​ဝင်​သည့်​ရုပ်​တု​များ​ကို​ဝတ်​ပြု ရှိ​ခိုး​ကြ​၏။

ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​စ​ကား ကို​နား​ထောင်​ကြ​လော့။ မု​သား​အ​ပြည့်​ပါ​သည့် မိ​မိ​တို့​၏​အိပ်​မက်​များ​အ​ကြောင်း​ကို​ဟော ပြော​ကြ​သော​ပ​ရော​ဖက်​တို့​ကို​ငါ​ဆန့်​ကျင် ဘက်​ပြု​မည်။ သူ​တို့​သည်​ထို​အိပ်​မက်​များ​ကို လိမ်​လည်​ကြွား​ဝါ​ဟော​ပြော​ခြင်း​အား​ဖြင့် ငါ ၏​လူ​မျိုး​တော်​အား​လမ်း​လွဲ​စေ​ကြ​၏။ ငါ သည်​သူ​တို့​အား​မ​စေ​လွှတ်​ခဲ့။ သွား​ရန်​လည်း အ​မိန့်​မ​ပေး​ခဲ့။ သို့​ဖြစ်​၍​သူ​တို့​သည်​လူ​တို့ အ​တွက်​အ​ဘယ်​သို့​မျှ​အ​ကျိုး​မ​ပြု​ကြ။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

``သင်​သည်​စာ​လိပ်​တစ်​ခု​ကို​ယူ​၍​ဣသ​ရေ​လ ပြည်၊ ယု​ဒ​ပြည်​နှင့်​နိုင်​ငံ​တ​ကာ​တို့​ကို​ရည်​မှတ် ၍ ငါ​မိန့်​မှာ​တော်​မူ​ခဲ့​သ​မျှ​သော​စ​ကား​တို့ ကို​ရေး​မှတ်​လော့။ ယော​ရှိ​မင်း​လက်​ထက်​၌​ငါ ၏​ဗျာ​ဒိတ်​တော်​ကို​စ​တင်​ခံ​ယူ​ရ​ချိန်​မှ အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင်​သင့်​အား​ငါ​မိန့် ကြား​ခဲ့​သ​မျှ​သော​စ​ကား​တို့​ကို​ရေး​မှတ် လော့။-

ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​စု​သည်​စ​ပျစ် ရည်​သစ်၊ စ​ပျစ်​ရည်​ဟောင်း​တို့​ကို​သောက်​စား ယစ်​မူး​သ​ဖြင့်​အ​သိ​ဉာဏ်​ကင်း​မဲ့​လျက် ရှိ​၏။-

သူ​တို့​သည်​သစ်​သား​နတ်​ဘု​ရား​ထံ​ဗေ​ဒင် မေး​ကြ​သည်။ တုတ်​ချောင်း​က​လူ​တို့​သိ​လို သ​မျှ​ကို​ပြော​ပြ​သည်။ သူ​တို့​သည်​ငါ့​ကို စွန့်​သွား​ကြ​ပြီ။ ပြည့်​တန်​ဆာ​မ​ဘ​ဝ​သို့ ရောက်​သော​မိန်း​မ​ကဲ့​သို့​သူ​တို့​သည်​အ​ခြား သော​ဘု​ရား​များ​ထံ​၌​ဆည်း​ကပ်​ကြ​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ် ကူး​လွန်​၍​ဘု​ရား​သ​ခင်​အား​ပုန်​ကန်​ကြ သော​ကြောင့် ဤ​အ​ဖြစ်​မျိုး​နှင့်​တွေ့​ကြုံ​ရ ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ပုန်​ကန်​မှု​အ​တွက် မည်​သူ့​ကို​အ​ပြစ်​တင် ရ​ပါ​မည်​နည်း။ ရှ​မာ​ရိ​မြို့​တော်​မ​ဟုတ် လော။ ယု​ဒ​လူ​မျိုး​များ​ကိုး​ကွယ်​နေ​သည့် မြင့်​ရာ​အ​ရပ်​ကား​အ​ဘယ်​မှာ​နည်း။ ယေ​ရု​ရှ​လင်​မြို့​တော်​၌​မ​ဟုတ်​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ